နွေအပူရဲ့ အကူပန်ကာလေ သတိထားစို့
07-Apr-2020အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက
ညင်သာစွာ လှုပ်သိပ်စေသလိုဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးများက လူတစ်ယောက်၏
ကျန်းမာရေးကို ထိခိုက်စေသည်။ အိပ်စက်သူ၏ အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို
ဖြစ်ပေါ်စေသည်။ အချို့က လက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊
အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်း
စသည်ဖြင့် အမျိုးမျိုးကွဲပြားတတ်သည်။
ထို့အပြင်-
(၁)အသံ
ပန်ကာမှ ထွက်သောအသံကြောင့် အိပ်ချိန်တွင်
နှောင်ယှက်မှု အသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအသေးများက နှောင့်ယှက်မှုနည်းသော်လည်း၊
မျက်နှာကျက် ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက် ပို၍ ဖြစ်စေသည်။
(၂)ရုတ်တရက် ကလေးများ သေဆုံးမှုများ
ကျန်းမာရေးစောင့်ရှောက်
မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ်ခန်းတွင် ပန်ကာနှင့် အိပ်စက်ခြင်းဖြင့် ကလေးများ ၇၀% ခန့် ကျန်းမာရေးထိခိုက်စေခြင်း၊ သေဆုံးခြင်းတို့ကို
ဖြစ်စေသည်ဟုသိရသည်။
(၃) ခြောက်သွေ့သောလေ
ပန်ကာမှလေကို ခြောက်သွေ့စေသဖြင့်
အိပ်စက်သူများသည် ယင်းလေကြောင့် ပါးစပ်နှင့် လေပြွန်ကိုခြောက်သွေ့စေပြီး ရေဆာစေသဖြင့်
အပြည့်အဝ အိပ်စက်နိုင်ခြင်းမရှိချေ။
(၄)
ဦးခေါင်းခွံအတွင်းရှိ လေလမ်းကြောင်း
နေ့အချိန်ပန်ကာတွင်
ဖုန်များကပ်ညှိလေ့ရှိသည်။ သို့ဖြစ်၍ပန်ကာကို ဖွင့်လိုက်သောအခါ ဖုန်ကပ်နေသော ပန်ကာမှလေများက
အိပ်စက်သူ၏ ဦးခေါင်းခွံတွင်း နှာခေါင်းပေါက် နှင့် ဆက်သွယ်ထားသော ဦးခေါင်းအတွင်း
လေလမ်းကြောင်းကို ပိတ်စေသည်။ သို့ဖြစ်၍ ပန်ကာများကို ပုံမှန်ဆေးကြောပေးသင့်သည်။
Credit : Health Updates Journal
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။