ရုတ်တရက် နားလေးတာဖြစ်ရတဲ့ အကြောင်းရင်း
01-May-2020
သီချင်းနားထောင်လို့
နားလေးသွားတာမျိုး
မဟုတ်ဘဲနဲ့
ဗိုင်းရပ်စ်ပိုးဝင်လို့
လေးသွားတာမျိုးဖြစ်တယ်။
နောက်ဖြစ်တတ်တဲ့
အကြောင်းအရင်း
တစ်ခုကတော့
Autoimmune Disease လို့ခေါ်တဲ့
ရောဂါပါ။
အတော်ရှားပါတယ်။
ခန္ဓာကိုယ်ထဲက
ပဋိပစ္စည်းတွေက
ကိုယ့်ရဲ့နားကို
ပြန်လည်တိုက်ခိုက်လိုက်တဲ့အတွက်
ရုတ်တရက်
နားလေးသွားတတ်ပါတယ်။
နောက်
ရုတ်တရက်
နားလေးရတဲ့
အကြောင်းရင်းကတော့
သွေးတိုးကြောင့်ဖြစ်တာပါ။
နားထဲမှာရှိတဲ့ အတွင်းသားကိုလာတဲ့
သွေးကြောလေးတွေက
ရုတ်တရက်
ပိတ်သွားတယ်။
ပိတ်သွားတော့
အတွင်းထဲ
သွေးမရတော့ဘဲ
အာရုံခံဆဲလ်တွေက
ပျက်စီးသွားပြီးတော့
ရုတ်တရက်
နားလေးသွားတတ်တယ်။
နောက်
နားလေးတတ်တဲ့
အကြောင်းတစ်ခုကတော့
အာရုံကြော
အကျိတ်တွေကြောင့်ပါ။
ဒါပေမယ့်
အာရုံကြော
အကျိတ်ကြောင့်
ရုတ်တရက်
နားလေးသွားတာမျိုးကတော့
အရမ်းရှားပါတယ်။
ရုတ်တရက် နားလေးသွားပြီဆိုရင်
ထိရောက်တဲ့
ကုသမှုနဲ့
သုံးရက်အတွင်း (၇၂ နာရီ အတွင်း) ကုသရင် သူတို့ ခံစားနေရတဲ့ ရောဂါအားလုံး ချက်ချင်းပျောက်ကင်းနိုင်
တယ်ဆိုတာ
အများစုက
မသိကြဘူး။
မသိကြတော့
အနားမှာပဲ
ဆေးဝယ်သောက်ပြီးနေ
မယ်ဆိုရင်
အရေးကြီးတဲ့
တန်ဖိုးရှိတဲ့
အချိန်တွေက
ကျော်သွားတတ်ပါတယ်။
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)