Print

မျက်စိကြောင် အိပ်မပျော်နိုင်ခြင်း

  29-May-2017
Preview Image


မျက်စိကြောင်အိပ်မပျော်ခြင်း (Insomnia) ဆိုင်ရာ သတိပေးလက္ခဏာများ


• အိပ်ပျော်ဖို့ခက်ခဲခြင်း ။

• တောက်လျှောက်အိပ်ပျော်ဖို့ရာ ခက်ခဲခြင်း။

• အိပ်ချိန်ရဲ့ အဆုံးပိုင်းမှာ အစောကြီးနိုးနေခြင်း။

• တစ်ရေးနိုးပြီးနောက် ပြန်အိပ်ဖို့ရာ ခက်ခဲခြင်း။

• အိပ်ရာဝင်ချိန်မှာ ဒါမှမဟုတ် အိပ်ရာပေါ်မှာ လှဲလျောင်းရင်း အိပ်ပျော်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ပူပင်သောကရောက်မှု၊ စိတ်ဆိုးမှု၊ စိတ်အနှောင့်အယှက်ဖြစ်မှု၊ စိတ်ရိမ်ပူပန်မှု၊ စိတ်ဆိုးမှု၊ စိတ်အနှောင့်အယှက်ဖြစ်မှု၊ စိုးရိမ်ပူပန်မှု ဒါမှမဟုတ် ဒေါသဖြစ်မှုတွေကို ခံစားရခြင်း။

• အိပ်ပျော်ဖို့ ကြိုးစားနေချိန်မှာ ဒါမှမဟုတ် ညဘက်တစ်ရေးနိုးလာတဲ့အချိန်မှာ အတွေးတွေတစ်သီတစ်တန်းကြီး ဝင်လာခြင်း။

• နေ့ခင်းဘက်မှာ စိတ်ရောကိုယ်ပါ မောပန်းနွမ်းနယ်မှုကို ခံစားရခြင်း။

• အနည်းဆုံးတစ်လအတွင်း တစ်ပတ်မှာ ၃ ရက်နှင့်အထက် ကောင်းကောင်းအိပ်မပျော်ခြင်း။

• ကောင်းကောင်းအိပ်မပျော်ခြင်းကြောင့် မိမိအတွက် ထူးထူးခြားခြား တစ်ဦးချင်းဆိုင်ရာ စိတ်သောကရောက်မှုဖြစ်စေခြင်း ဒါမှမဟုတ် မိမိရဲ့လူမှုရေးဘဝကို အနှောင့်အယှက်ဖြစ်စေခြင်း ဒါမှမဟုတ် မိမိရဲ့အလုပ်လု်နိုင်စွမ်းကို ထိခိုက်စေခြင်း။

• အိပ်ရေးမဝခြင်း (သင့်တင့်တဲ့အိပ်ချိန်ရပေမယ့် နိုးလာတဲ့အခါ လန်းလန်းဆန်းဆန်းမဖြစ်ခြင်း။

• အိပ်ရေးပျက်တာနဲ့ပတ်သက်လို့ (အချိန်အများပိုင်းမှာ) ရော အိပ်ရေးပျက်လို့ ရလာတဲ့အကျိုးဆက်တွေနဲ့ ပတ်သက်လို့ရော မိမိက အဓိကဖြစ်နေခြင်း။

• အိပ်ချိန်ကို အလွန်အကျွံပိုပေးနေရခြင်းနှင့် မကြာခဏ နိုးနေလို့အိပ်ရေးပျက်နေရခြင်း။

• ညနေခင်းတိုင်းမှာ စောစောစီးစီးအိပ်ပျော် (ည ၉ နာရီမထိုးမီ) သွားပြီးအစောကြီး နိုးလာကာ ပြန်အိပ်မရတော့ခြင်း။


အထက်ဖော်ပြပါလက္ခဏာအချို့နဲ့ ကိုက်ညီမရှိနေခြင်း ကောင်းကောင်းအိပ်မပျော်ခြင်းကြောင့် မိမိရဲ့ဘဝကို ထိခိုက်မှုရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါပြီ။


Credit:

အောင်အေး (ရန်ကုန်တက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18