သင်နေထိုင်ရာပတ်ဝန်းကျင်ကြောင့် ရရှိနိုင်သည့် ကျန်းမာရေးအခြေအနေ
28-May-2017စိတ်ကျဝေဒနာ
မြို့ပြမှာ နေထိုင်သူတွေက စိတ်ဖိစီးမှုဒဏ်ကို အများအပြားခံရတဲ့အတွက် စိတ်ကျဝေဒနာဖြစ်နိုင်ခြေ များပါတယ်။ ဂျာမနီ စိတ်ကျန်းမာရေးတက္ကသိုလ်မှ လေ့လာမှုအရ မြို့မှာနေထိုင်သူတွေက ကျေးလက်ဒေသမှာ နေထိုင်သူတွေထက် စိတ်ခံစားမှုနဲ့ ဆက်စပ်နေတဲ့ ဦးနှောက်အစိတ်အပိုင်းမှာ လုပ်ဆောင်မှုတွေ ပိုမိုမြင့်မားနေတာကို တွေ့ရှိရပါတယ်။
ဘာလုပ်သင့်သလဲ
• နေ့စဉ်နေ့တိုင်း အစိမ်းရောင်လေ့ကျင့်ခန်းလုပ်ပါ။ ပန်းခြံလိုမျိုး အစိမ်းရောင်ရှိတဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ် ငါးမိနစ်ခန့် အချိန်ဖြုန်းတာကြောင့် စိတ်ခံစားမှုတွေ ကောင်းမွန်စေနိုင်တယ်လို့ အမေရိကန်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ စိတ်ကျဝေဒနာသက်သာသွားတာကို တွေ့ရှိခဲ့ပါတယ်။
• နွယ်ချိုစားပါ။ နွယ်ချိုမှာ ပါဝင်တဲ့ ဂလိုင်ဟစ်ဇင်ဒြပ်ပေါင်းတွေက အဒရီနယ်အကျိတ်ကို ထောက်ပ့ံပေးပါတယ်။ အဒရီနယ်အကျိတ်မှ စိတ်ဖိစီးမှုဟော်မုန်း အထွက်နည်းအောင် ကူညီပေးပါတယ်။
• ကြွက်သားဖြေလျှော့မှု လေ့ကျင့်ခန်း ပြုလုပ်ပါ။ ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာမှာ မျက်စိမှိတ်ပြီး အသက်မှန်မှန်ရှူပါ။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို အာရုံစိုက်ပြီး ငါးမိနစ်ခန့် တင်းမာထားပြီးနောက် ၁၀ မိနစ်ခန့် ဖြေလျှော့ပေးပါ။ ခြေချောင်းမှတစ်ဆင့် တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း ပြုလုပ်သွားပါ။
Credit:
ဒေါက်တာခင်မိုးမိုး