လေဖြတ်ခြင်း/လေဖြန်းခြင်းနဲ့ Heart Attack တို့ရဲ့ မတူညီတဲ့လက္ခဏာရပ်များ
12-Jun-2020
လေဖြတ်/လေဖြန်းခြင်း
(Stoke) နဲ့ Heart Attack တို့ဟာ မတူညီဘူးလို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ ရှေ့ပြေးန
မိတ်တွေ ပြတဲ့အခါမှာ
တစ်ချို့ကိစ္စရပ်တွေဟာ တူသယောင်ရှိပေမယ့် ဆေးပညာအမြင်အရတော့ လုံးဝကွဲပြားပါတယ်။ အဆိုပါ
အခြေအနေနှစ်ခုလုံးဟာ လူ့အသက်အန္တရာယ်ကို အချိန်မရွေး ဒုက္ခပေးနိုင်တာမို့ Shwemom ပရိသတ်ကြီးအနေနဲ့
မိမိကိုယ်ကိုယ် ကြိုတင်သတိထားဖို့ လိုပါတယ်။ မသိသေးသူတွေ သိရဖို့အတွက်လည်း Share လုပ်ခြင်းဖြင့်
ကုသိုပြုသွားကြပါဦး။
(၁) ရင်ဘတ်အောင့်ခြင်း၊
ရင်ဘက်မခံရပ်အောင် နာကျင်ခြင်း
(၂) လက်မောင်း
နာကျင်ခြင်း၊ လည်ပင်း၊ မေးရိုး၊ နောက်ကျော၊ အစာအိမ်စတဲ့နေရာတွေမှာ မခံရပ်နိုင်အောင်
ထိုးအောင့် နာကျင်ခြင်း၊
(၃) ချွေးစေးများ
ထွက်ခြင်း၊
(၄) ရုတ်တရက်
မူးဝေခြင်း၊
(၅) အသက်ရှုမဝခြင်း၊
(၆) မအီမလည်ဖြစ်ခြင်း၊
ပျို့အန်ခြင်း-တို့ ဖြစ်ပါတယ်။
လေဖြန်းခြင်း/လေဖြတ်ခြင်း
(Stroke) ဆိုသည်မှာ
ပဲ လေးလာခြင်း၊
ခန္ဓာကိုယ်ရဲ့ ဘယ်ခြမ်း၊ သို့မဟုတ် ညာခြမ်းမှာ ရုတ်တရက် အားနည်းသလိုလို၊ လှုပ်ရှားမှုမရတော့သလိုလို
ဖြစ်သွားခြင်းစတဲ့ လက္ခဏာတွေ ပြလေ့ရှိပါတယ်။Stroke ကို နှစ်မျိုးသတ်မှတ်ထားပြီး ဦးနှောက်ထဲ
သွေးစီးဆင်းမှုပြတ်တောက်ခြင်း Ischaemic Stroke နဲ့ ဦးနှောက်ထဲသွေးကြောပေါက်ကာ သွေးယိုစိမ့်မှုဖြစ်ခြင်း
Haemorrhagic Stroke ဆိုပြီး ခွဲခြားထားပါတယ်။
(၂) လက်မောင်းများ
ပျော့တွဲသွားခြင်း၊ မသန်တော့ခြင်း၊
(၃) စကားပြောရမှာ
သာမန်အချိန်ထက် လေသံသွက်လက်မှုမရှိခြင်း၊ သွက်လက်မှုမရှိတော့ခြင်း၊ ဗလုံးဗထွေးဖြစ်ခြင်း၊
နားလည်ရန် ခက်ခဲခြင်း၊
(၄) ခန္ဓာကိုယ်တစ်ခြမ်း
ရုတ်တရက်လှုပ်မရခြင်း၊
(၅) အမြင်မကြင်လင်ခြင်း၊
အမြင်အာရုံ ရုတ်တရက်ကွယ်ခြင်း (တစ်ခါတလေ မျက်လုံးတစ်တည်း ကွက်ဖြစ်တတ်သည်)
(၆) ရုတ်တရက်
ခေါင်းအပြင်းအထန် ကိုက်ခြင်းတို့ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ကြိုတင်သိရှိပြီး
Shwemom ပရိသတ်ကြီးအနေနဲ့ မိမိတို့ မိဘတွေ၊ သက်ကြီးရွယ်အို ဘိုးဘွားတွေကို မိနစ်ပိုင်းအတွင်းကနေ
နာရီဝက်အတွင်းမှာ အသက်အန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ပါတယ်။
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
