Print

ကိုယ်ခန္ဓာမှပြုလုပ်ပေးသော ထူးဆန်းဖွယ် အလိုအလျောက် တုံ့ပြန်ကာကွယ်မှုမျာ...

  04-Jun-2017
Preview Image


(၁)မျက်တောင်ခတ်ခြငး်

သင်မျက်တောင်ခတ်ခြင်းသည် သင့်မျက်လုံးထဲသို့ ရေ၊ ဖုန်မှုန့်များ နှင့်အခြားမျက်စိနှင့်မမြင်နိုင်သော အရာများမျက်လုံးထဲသို့ဝင်ခြင်းကို မျက်ရည်များဖြင့် ကာကွယ်ပေးပါသည်။မျက်တောင်လုံလောက်စွာမခတ်လျှင် သင့်မျက်လုံးခြောက်သွေ့ခြင်း၊ နာကျင်ခြင်း၊ ခိုးလိုးခုလုဖြစ်ခြငး်နှင့် အမြင်ဝါးခြင်းကိုဖြစ်စေပါသည်။ကြာလျှင် သင့်မျက်လုံးကိုဒဏ်ဖြစ်စေနိုင်ပါသည်။ထို့ကြောင့် မျက်တောင်ခတ်ခြင်းသည်လည်း ခန္ဓာကိုယ်၏ အလိုအလျောက်ကာကွယ်တုံ့ပြန်သော စနစ်တစ်ခုဖြစ်သည်။


(၃)ကြက်သီးထခြင်း

ကြက်သီးထခြင်း သို့မဟုတ် ချမး်တုန်ခြင်းသည် သင့်အရေပြားမွေးညှင်းပေါက်များမှတဆင့် အပူဓါတ်ဆုံးရှုုံးခြင်းကို လျှော့ချပေးသည့် ခန္ဓာကိုယ်၏ အလိုအလျောက်တုံ့ပြန်သော စနစ်တစ်ခုဖြစ်သည်။ထိုအခါသင့်ကိုယ်ခန္ဓာသည် ရာသီဥတုအေးသည့်အခါတွင်တောင်မှ နွေးထွေးမှုကို ခံစားရမည်ဖြစ်သည်။စိတ်လှုပ်ရှားသည့်အချိန်မျိုးတွင်လည်းရတတ်သည်။ကြက်သီးထခြင်းသည် အရေပြားရှိကြွက်သားများကျုံ့ုခြင်းဆန့်ခြင်းမှ ဖြစ်ပေါ်လာသည်။ထိတ်လန့်စရာနှင့် ကြုံတွေ့သောအခါ ဦးနှောက်ကို လှုံ့ဆော်ပေးပြီး ဦးနှောက်မှတဆင့်အာရုံကြောများကို လှုံ့ဆော်ပေးရာမှ ကြက်သီးထခြင်းဖြစ်ပေါ်လာသည်။


(၈)သန်းဝေခြင်း

သန်းဝေခြင်းသည် မအိပ်ခင်နှင့် အိပ်ယာမှထသည့်အချိန်တွင် အများဆုံးဖြစ်တတ်သည်။ထို့အပြင် ပင်ပမ်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အိပ်ငိုက်ခြင်း၊ ပျင်းရိခြငး် နှင့် ဆာလောင်သည့် အခါမျိုးတွင်လည်းဖြစ်ပေါ်တတ်ပါသည်။သန်းဝေခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဦးနှောက်ကို သန့်စင်ပေးခြင်းပင်ဖြစ်သည်။သန်းသည့်အခါတွင် မေးရိုးရှိ ကြွက်သားများအလုပ်လုပ်ပြီး လည်ပင်း၊ မျက်နှာနှင့် ဦးခေါင်းသို့ သွေးရောက်ရှိမှုကို များစေသည်။ထိုအခါ ဦးနှောက်သို့သွေးရောက်ရှိမှုများလာပြီး အောက်ဆီဂျင်ရောက်ရှိမှု ပမာဏများပြားလာသည်။ဦးနှောက်မှတစ်ဆင့် အာရုံကြောများဆီသို့သွေးစီးဆင်းမှုလည်းများလာသည်။


(၉)ယောင်ယမ်းခြင်း

ယောင်ယမ်းခြင်းသည် ကိုယ်ခန္ဓာတွင်းသို့ရောဂါပိုးဝင်ရောက်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့အတွက် ခန္ဓာကိုယ်မှ အလိုအလျောက်တုံံ့ပြန်ပေးသော စနစ်တစ်ခုဖြစ်သည်။ဘက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ်ပိုးများဝင်ရောက်ခြငး်၊ ထိခိုက်ဒဏ်ရာရသည့် အခါများတွင် ကိုယ်ခန္ဓာရှိသွေးကြောအတွင်းရှိ သွေးဖြူဥများကြောင့်ယောင်ယမ်းသည့်ဖြစ်စဉ်ကို ဖြစ်စေသည်။ထိုသွေးဖြူဥများမှ ထုတ်ပေးသောပစ္စည်းများသည် ရောဂါပိုးမွှားများကို တတ်နိုင်သလောက်တိုက်ထုတ်ပေးသည်။


(၁၀)မှတ်ဉာဏ်ဆုံးရှုုံးခြင်း

သင်စိတ်ကို ဒဏ်ရာရစေသောအကြောင်းအရာများကို သတိမရအောင်ပြုလုပ်ပေးခြငး်သည်လည်း ကိုယ်ခန္ဓာ၏ အလိုအလျောက်တုံ့ပြန်ကာကွယ်သောစနစ်ပင်ဖြစ်သည်။ဥပမာ- ကာမပြုကျင့်ခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း၊ နှိပ်စက်ခံရခြင်း နှင့် သဘာဝဘေးအန္တရာယ်များ အစရှိသော စိတ်ထိခိုက်စရာကိစ္စများကို အတိအကျမမှတ်မိတာမျိုး ၊လုံးဝမေ့လျော့သွားခြင်းမျိုး ဖြစ်တတ်သည်မှာ ကိုယ်ခန္ဓာမှအဆိုပါမှတ်ဉာဏ်များကိုဆုံးရှုံးသွားအောင်ပြုလုပ်ပေးသောကြောင့်ဖြစ်သည်။ထိုအရာသည်လည်း ခန္ဓာကိုယ်၏အလိုအလျောက်တုံ့ပြန်ပေးသောစနစ်တစ်ခုပင်ဖြစ်သည်။


Ref :Top 10 Home remedies

7887 ကျန်းမာရေး Call Center / Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18