Print

ရင်တုန်ခြင်းအကြောင်း သိကောင်းစရာ

  18-Jun-2017
Preview Image


- ရင်တုန်တယ်ဆိုတာက အမှန်တော့ နှလုံးခုန်မြန်တာကိုပြောတာပါ။ လူတစ်ယောက်မှာ နှလုံးခုန်နှုန်းက အကြိမ် ၁၀၀ ကျော်ရင် ရင်တုန်တတ်ပါတယ်။ 

- ရင်တုန်တာကို ၂ မျိုးခွဲပြီး ပြောလို့ရပါတယ်။


(၁) တစ်မျိုးကတော့ နှလုံးခုန်နှုန်း ၁၀၀ ထက်မြန်လာလို့ ရင်တုန်တာပါ။

(၂) နောက်တစ်မျိုးကတော့ Awareness of the heart beat လို့ ခေါ်ပါတယ်။သာမန်အချိန်တွင် ကိုယ့်နှလုံးခုန်သံကို ကိုယ်ကြားမနေရဘူး။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရပြီး ရင်ထဲမှာ လှပ်လှပ် လှပ်လှပ်နဲ့ ဖြစ်နေတယ်။ အဲဒါမျိုးကိုလည်း ရင်တုန်တယ်လို့ ခေါ်ကြပါတယ်။


- ရင်တုန်တာက အခြားရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်သလို အခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရောဂါကြောင့် မဟုတ်ပဲ အခြားအကြောင်းကြောင့် ရင်တုန်နေတာကို Sinus Tachycardia လို့ ခေါ်ပါတယ်။ ဥပမာ - ဖျားနေသည့် အချိန် ၊ လေ့ကျင့်ခန်းတွေလုပ်ပြီးတဲ့ အချိန် ၊ သွေးအားနည်းခြင်း ၊ ကိုယ်ဝန်ဆောင်ချိန် ၊ ရင်တုန်မှုကိုဖြစ်စေတဲ့ ဆေးတွေ ဥပမာ - ရင်ကျပ်ပန်နာဆေးတွေသောက်ခြင်း ၊ သွေးပေါင်ကျသည့်အချိန် ၊ စိုးရိမ်စိတ်လွန်ကဲပြီး ဖြစ်တာဆိုရင်လည်း ရောဂါမဟုတ်ပဲ ရင်တုန်တာလို့ သတ်မှတ်ပါတယ်။ Sinus Tachycardia မှာ သတိထားရမှာတော့ သိုင်းရွိုက်ဟော်မုန်းများသည့်ရောဂါ Thyrotoxicosis ကြောင့် ဖြစ်နေတတ်ပါတယ်။  အသက်ငယ်ငယ်နဲ့ ရင်တုန်ကြတဲ့သူတွေအများစုကတော့ စိုးရိမ်စိတ်တွေ လွန်ကဲပြီးတော့ နှလုံးခုန်နှုန်းတွေမြန်ပြီး ရင်တုန်တာတွေဖြစ်ကြတာများတယ်။ 


- အချို့ရင်တုန်တဲ့သူတွေရဲ့အီးစီဂျီမှာကြည့်လိုက်ရင် နှလုံးခုန်နှုန်းက မြန်လည်းမြန်နေတယ် ၊ မှန်လည်းမှန်နေတတ်ပါတယ်။ အချို့မှာတော့ မြန်တော့မြန်ပေမယ့် မမှန်ဘူး။ မြန်သွားလိုက် နည်းနည်းပြန်နှေးလာလိုက် ဖြစ်နေတတ်ပါတယ်။ ထို့ကြောင့် လေဖြတ်ခြင်း ၊ ရုတ်တရက် နှလုံးခုန်ရပ်သွားခြင်း ၊ နှလုံးအားနည်းပြီးမောတတ်ခြင်း ၊ သွေးပေါင်ထိုးကျခြင်းတို့ ဖြစ်တတ်ပါသည်။


*** ရင်တုန်တဲ့သူတိုင်း အီးစီဂျီရိုက်ပြီး စစ်ဆေးသင့်ပါတယ် ***


Credit: Dr.May Hnin Phyu (7887 Healthcare Call Center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18