ဂျပန်ဦးနှောက်ရောင် အကြောင်း သိကောင်းစရာ
23-Jul-2020ဂျပန်ဦးနှောက်ရောင်ရောဂါက ခြင်ကိုက်တာကြောင့် အဲဒီကနေ
ဗိုင်းရပ်စ်ပိုးက
တစ်ဆင့် ဖြစ်ပွားရတာပါ။ အရှေ့တောင်အာရှမှာ အတော်လေးအဖြစ်များပါတယ်။
ဒီဗိုင်းရပ်စ်ပိုးက တိရိစ္ဆာန်တချို့မှာရှိပြီး ခြင်ကတစ်ဆင့်
သယ်ဆောင်ကာ လူကိုကိုက်ရင်
ဒီရောဂါဖြစ်ပွားရတာပါ။ ခြင်ကိုက်တတ်တဲ့နေရာက လယ်ကွင်းတွေ၊
ဒီဗိုင်းရပ်စ်မပိုးရှိတဲ့
တိရစ္ဆာန်တွေက ဝက်တို့၊ လည်တံရှည် ငှက်တို့၊ အဲဒီပိုးကို
သယ်ဆောင်တဲ့ကောင်က ခြင်၊ အားလုံးပေါင်းလိုက်ရင် လယ်ကွင်းတို့၊ လည်တံရှည်ငှက်၊ ဝက်တွေရှိတယ်၊
ခြင်ကိုက်ခံရ
တယ်ဆိုရင် ဒီရောဂါ ဖြစ်ပွားနိုင်ပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါက ဖြစ်ရင်နှစ်မျိုးပဲရှိပါတယ်။
တစ်မျိုးက အသေအပျောက်နဲ့ နောက်တစ်မျိုးက မစွမ်းမသန်ဖြစ်တာပဲ။ ပြန်ကောင်းတာ အနည်းစုပါပဲ။
ဒါကြောင့်ရောဂါကာကွယ်မှုကို ၉၈-၁၀၀ ရာခိုင်နှုန်းအထိ အပြည့်အဝ ကာကွယ်နိုင်တာကြောင့်
ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ လောလောဆယ်မှာတော့
ကံမကောင်းစွာဘဲ ကာကွယ်ဆေးက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းကြီးတွေမှာပဲ
ထိုးလို့
ရနိုင်သေးတယ်။ နိုင်ငံတော် အစိုးရရဲ့ တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုး
စီမံချက်ထဲတော့
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မပါသေးပါဘူး။
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို အသက်ကိုးလအရွယ်မှာ
စတင်ထိုးနှံနိုင်ပြီး ကာကွယ်မှု အနည်းဆုံး ၁၀ နှစ်ကျော်ကြာ ရရှိနိုင်ဖို့အတွက် နောက်ထပ်
ကာကွယ်ဆေးတစ်လုံးကို ပထမဆေးတစ်လုံး ထိုးအပြီး တစ်နှစ်မှနှစ်နှစ်
အကြာတွင် ထိုးနှံရမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကစပြီး လူကြီးတွေမှာတော့ တစ်လုံးသာ ထိုးနှံ့ဖို့
လိုအပ်ပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရပါက ကနဦး လက္ခဏာတွေ
အနေနဲ့
အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ မောပန်းပြီးနှံးတာ၊ အန်တာတွေကို
ခံစားရနိုင်ပါတယ်။
နောက်ပိုင်းလက္ခဏာတွေအနေနဲ့ လည်ပင်းတောင့်တင်းတာ၊ အချိန်နေရာ
မဝေခွဲနိုင်တာ၊ မူးဝေအိပ်ငိုက်တာ၊ လှုပ်ရှားမှု မူမမှန်တာ၊ တတ်တာနဲ့ အသက်ပါ ဆုံးရှုံးတဲ့အထိ
ဖြစ်နိုင်ပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးကိုထိုးသင့်ပါတယ်။
မြန်မာနိုင်ငံနှင့် ပတ်ပတ်လည်မှာ ရှိတဲ့ နိုင်ငံတွေမှာ ဒီကာကွယ်ဆေးကို ထိုးနေကြပါပြီ၊
အသက်အန္တရာယ်လည်း ဖြစ်နိုင်တာကြောင့်၊ မြန်မာနိုင်ငံမှာလည်း ဒီဆေးရနေပြီဖြစ်တာကြောင့်
ထိုးနှံထား
သင့်တယ်လို့ အကြံပြုချင်ပါတယ်။
ဒီရောဂါက ဖြစ်ရင် ကုသပျောက်ကင်းတဲ့ ရောဂါတစ်ခုမဟုတ်ပါဘူး။
ကံပေါ်မူတည်ပါတယ်။ နောက်ပြီး ဆေးရုံကို ဘယ်လောက်စောစောရောက်လဲဆိုတဲ့ အပေါ်မှာလည်းမူတည်ပါတယ်။
နောက်ပြီး ဆရာဝန်တွေအပိုင်းက ဘယ်လောက်လုပ်ပေးနိုင်သလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။
လူတာတက်ရင်၊ အသက်ရှူရပ်ရင် လုပ်ပေးနိုင်တာတွေ လုပ်ပေးရပါတယ်။ ဒီဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ပိုးကို
သတ်နိုင်တဲ့ ပိုးသတ်ဆေးဆိုတာမရှိပါဘူး။
ဖြစ်လာရင် သီးသန့်ကုသရတဲ့ဆေး မရှိပါဘူး။ ဥပမာပြောရရင်
သွေးလွန်တုပ်ကွေးဖြစ်ရင် အဲ့ဒါကိုကုသတဲ့ ဆေးမရှိပါဘူး။ ရှော့ဖြစ်ရင် Drip သွင်းမယ်၊
သွေးလိုရင် သွေးသွင်းပေး
မယ်။ ဒီလိုပဲ ကုသပေးလို့ရပါတယ်။
ဒီရောဂါကာကွယ်ဖို့ ပထမတစ်ပိုင်းအနေနဲ့ ခြင်းကိုက်လို့ဖြစ်တာကြောင့်
ခြင်မ
ကိုက်အောင် ဂရုစိုက်ဖို့လိုပါတယ်။ ခြင်မကိုက်အောင်ဆိုတာက
ပြောတော့သာလွယ်တာ တကယ်တမ်း ခြင်မကိုက်အောင် လုပ်ရတာလည်းခက်ပါတယ်။ ခြင်ကိုက်တာကြောင့်ဖြစ်တဲ့
ရောဂါတွေထဲမှာ သွေးလွန်တုပ်ကွေးရောဂါက အခုထက်ထိ ကာကွယ်ဆေးမပေါ်သေးပါဘူး။ ဂျပန်ဦးနှောက်ရောင်ရောဂါကတော့
ကာကွယ်ဆေးရှိပါတယ်။ မြန်မာနိုင်ငံနှင့် အိမ်နီး
ချင်းနိုင်ငံတွေမှာလည်း ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနေပြီ
ဖြစ်တာကြောင့် ထိုးနှံ့ထားသင့်ပါတယ်။
Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။