ဆီးချိုရောဂါသည်များ၌ ဖြစ်တတ်သော သွေးတွင်းသကြား နည်းခြင်းအား အရေးပေါ်ကု...
04-Aug-2020သွေးတွင်းသကြားဓာတ် နည်းခြင်း၏ လက္ခဏာများမှာ
(၁) ချွေးထွက်ခြင်း
(၂) ခြေလက်တုန်ခြင်း
(၃) ဆာလာခြင်း
(၄) စိတ်ပူပန်ခြင်း
(၅) လမ်းလျှောက်ရခက်ခြင်း
(၆) အားနည်းခြင်း
(၇) အမြင်မကြည်လင်ခြင်း
(၈) စိတ်ဇဝေဇဝါဖြစ်ခြင်း
(၉) အပြုအမူပြောင်းလဲခြင်း
(၁၀) သတိမေ့ခြင်း
ကုသမှု
(၁) ချက်ချင်းအချိုစားပါ။ ဥပမာ သကြားလုံး ၆-၈ ခုလောက်ကို
သစ်သီးဖျော်ရည်မှာ ထည့်ဖျော်သောက်ပါ။
(၂) ယင်းထက် သက်သာပါက ချိုချဉ်သကြားလုံး စုပ်ပါ။
(၃) ပြီးလျှင် အစာ/ ထမင်းစားပါ။
(၄) ၁၅-မိနစ်ခန့် နားပြီးထပ်၍ အချိုစားပါ။ ပေါင်မုန့်၊
ဘီစကစ်၊ ဆင်းဒဝစ်ချ် (အသားညှပ်ပေါင်မုန့်)
(၅) အားလုံးကောင်းသွားပါက ဆရာဝန်နှင့်တိုင်ပင်ပါ။
(၆) မိမိဘာသာ မလုပ်တတ်က ဆရာဝန်ချက်ချင်းပြပါ။
Credit : ဒေါက်တာမောင်မောင်ညို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။