Print

အသက်ငါးဆယ်အရွယ်

  02-Jul-2017
Preview Image


ကမ္ဘာ့ကင်ဆာအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ အဆီဓာတ်များတဲ့ အစားအစာတွေက သွေးဆုံးချိန်ဖြစ်တတ်တဲ့ ရင်သားကင်ဆာရောဂါကို လှုံ့ဆော်ပေးနိုင်တယ်လို့ သိရပါတယ်။ ပြည့်ဝဆီတွေက ကယ်လိုရီများစွာပါဝင်ပြီး ကိုလက်စထရောလည်း မြင့်မားနေတတ်တာကြောင့် ဝမ်းဗိုက်နေရာမှာ အဆီပိုတွေဖြစ်စေတဲ့အပြင် နှလုံးကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီတော့ ပြည့်ဝဆီတွေကို တတ်နိုင်သလောက် ရှောင်ရှားပြီး မပြည့်ဝဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ထောပတ်သီးစတာတွေကို စားသုံးပေးပါ။ ဆားများများစားမယ့်အစား ကြက်သွန်ဖြူ၊ ငရုတ်သီးနဲ့ ငရုတ်ကောင်းစတာတွေကို ဟင်းချက်တဲ့အခါဖြစ်ဖြစ် အသုပ်လုပ်စားတဲ့အခါဖြစ်ဖြစ် အသုံးပြုပေးပါ။ 


နို့ထွက်ပစ္စည်းများကို မရှောင်ပါနှင့်

 ငါးဆယ်ကျော်အရွယ် သွေးဆုံးထားတဲ့ အမျိုးသမီးတွေက အရိုးပွရောဂါကို အများဆုံး ခံစားရလေ့ရှိတာကြောင့် ကယ်လ်စီယမ် ကြွယ်ဝတဲ့အစာတွေ စားပေးရပါမယ်။ အသက် တစ်ဆယ့်သုံးနှစ်နဲ့ အထက် လူကြီးတွေက တစ်နေ့ကို ကယ်လ်စီယမ် ၇၀၀ မီလီဂရမ်လိုအပ်တာကြောင့် အဆီထုတ်ထားတဲ့ နို့နှစ်ခွက် ပုံမှန်သောက်သုံးသင့်ပါတယ်။ 


ဝိုင်လျှော့သောက်ပါ

 အယ်လ်ကိုဟောပါတဲ့ အရာမှန်သမျှ ရင်သားကင်ဆာဖြစ်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဝိုင်တစ်ငုံလောက် သောက်တာပဲဖြစ်ဖြစ် အယ်လ်ကိုဟောပါဝင်နေတာကြောင့် မသောက်တာ အကောင်းဆုံးပါပဲ။


အဆီများ ငါးစားပါ

 မက်ကရယ်၊ ဆယ်လမွန်နဲ့ ဆာဒင်းငါးတို့က နှလုံး၊ မျက်လုံးနဲ့ ဦးနှောက်ကျန်းမာစေတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှု မြင့်မားတာကြောင့် မဖြစ်မနေ စားပေးပါ။ 


အချိုလျှော့ပါ။

 အချိုများများစားတာဟာ သွေးတွင်းသကြားဓာတ် မြင့်မားစေတဲ့အပြင် သွားကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေဖြစ်စေတာကြောင့် နဂိုစားနေကျ ပမာဏထက်တော့ ဒီအချိန်မှာ လျှော့စားဖို့ လိုပါတယ်။


Credit:

အိဖြူ (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18