Print

အသက် ၃၀ အရွယ် အမျိုးသမီးများအတွက် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရ...

  02-Jul-2017
Preview Image


(၁) အစားအသောက်ဂရုစိုက်ပါ။

 ဒီအရွယ်မှာ ကောင်းမွန်တဲ့စားသောက်မှုပုံစံ Healthy Diet က အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ကောက်နှံတစ်ခုလုံးစာ၊ အဆီနည်း နို့နဲ့ နို့ထွက်အစားအစာတွေ ပိုများများစားပေးဖို့လိုပါတယ်။ မရှိမဖြစ် ဗီတာမင်တွေအပြင် သံဓာတ်၊ ဖောလိတ်ဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ် စတာတွေကို မှီဝဲတာကလည်း အသက် ၃၀ အပြင် နောင်နှစ်ပေါင်းများစွာထိ ကျန်းမာနေစေမှာပါ။ ရှောင်ရှားသင့်တဲ့အစာတွေကတော့ ဆိုဒီယမ်များတဲ့အစာတွေ၊ အလွယ်တကူ အဆာပြေစားသုံးနိုင်သောအမြန်စာ (fast foods)နဲ့ အချို့ဓာတ်ကဲတဲ့ မုန့်တွေပဲဖြစ်ပါတယ်။ 


(၂) လေ့ကျင့်ခန်းလုပ်ရန် အချိန်ပေးပါ။

 အားလုံးသိတဲ့အတိုင်း နေ့စဉ်လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးတာဟာ များပြားလှတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ခံစားရစေပါတယ်။ ကြည့်ကောင်းလှပစေတယ်၊ စိတ်ခံစားချက်ကောင်းစေတယ်၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေ ကင်းဝေးတဲ့အပြင် အရိုးပွရောဂါမဖြစ်အောင်လည်း တားဆီးပေးနိုင်တာကြောင့် အချိန်အကြာကြီး မပေးရင်တောင် တစ်နေ့တစ်ဆယ့်ငါးမိနစ်လောက်တော့ သတ်မှတ်ပြီး ပြုလုပ်ပေးပါ။ အားရင် အားသလို ရေကူးတာ၊ ကခုန်တာ၊ ကြက်တောင်ရိုက်တာ၊ လမ်းတိုလျှောက်တာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ 


(၃) အိပ်ရေးဝအောင် အိပ်ပါ။

 အလုပ်များတဲ့ခေတ်မှာ အိပ်ရေးဝဝအိပ်ဖို့ အချိန်အတော ် လေးရှားလာပါပြီ။ ကျန်းမာတဲ့သူတစ်ယောက်က တစ်နေ့ကို အိပ်ချိန် ၆-၈ နာရီ ပုံမှန်ရှိသင့်တာကြောင့်အိပ်ရေးပျက်တာ ခဏခဏဖြစ်လာရင်တော့ မလိုလားအပ်တဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ နေ့ခင်းဘက်မှာဖြစ်ဖြစ် နာရီဝက်လောက် တစ်မှေးအိပ်ပေးပါ။


(၄) လိင်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ပါ။

 အသက် သုံးဆယ်အရွယ်ဆိုတာ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်နေပြီဖြစ်တာကြောင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သတိပြုဆောင်ရွက်ရမယ့် အချိန်ဆိုလည်း မမှားပါဘူး။ ဒီတော့ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီး လိင်ပိုင်းဆိုင်ရာရောဂါတွေ မခံစားရလေအောင် ကြိုတင်ကာကွယ်ဆောင်ရွက်ပါ။


(၅) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။

 ဒီအရွယ်အမျိုးသမီးအတော်များများဟာ အိမ်အလုပ်၊ ရုံးအလုပ်၊ မိသားစုအလုပ် စတာတွေကို မနားတမ်းတာဝန်ယူရတာကြောင့် စိတ်ပင်ပန်းမှုတွေ ခံစားရတာ မကြာခဏပါပဲ။ အတတ်နိုင်ဆုံးအကောင်းဆုံး ဆောင်ရွက်နေတဲ့ကြားက စိတ်ညစ်စရာတွေ၊ ပူပန်မှုတွေ ကြုံလာရင်တော့ ဝမ်းနည်းပြီး စိတ်ဓာတ်ကျတာတွေ ဖြစ်လာလေ့ရှိပါတယ်။ ဒီလိုမျိုးမကြာခဏဖြစ်လာရင်တော့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ရင်ဖွင့်ပြီး ၊ ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ အကူအညီတောင်းပါ။


Credit:

အိဖြူ (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18