Print

Hay Fever (ဓာတ်မတည့်မှုကြောင့်ဖြစ်သော နှာစေးခြင်း)

  07-Jul-2017
Preview Image


အကျဉ်းချုပ် 

Hay Fever သည် ဓာတ်မတည့် မှုကြောင့် ဖြစ်စေသော နှာစေးခြင်း အမျိုးအစား တစ်မျိုးဖြစ်သည်။ သို့သော် ရာသီပေါ် ကူးစက်ချောင်းဆိုး နှာစေးခြင်းနှင့် မတူသည့် အချက်မှာ ဗိုင်းရပ်စ်ရောဂါ ပိုးကြောင့် ဖြစ်ပွားခြင်းမဟုတ်ပေ။ Hay Fever သည် ဓာတ်မတည့်မှုကြောင့်ဖြစ်စေသော ပစ္စည်းများ ဥပမာ ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ တိရစ္ဆာန်တို့၏ အမွေးအမျှင်များကြောင့် ဖြစ်နိုင်သည်။


ရောဂါလက္ခဏာများ

• နှာရည်ယိုခြင်း၊ နှာစေး (အရည်) များထွက်ခြင်း

• မျက်ရည်ကျခြင်း၊ မျက်စိနီရဲခြင်း၊ မျက်လုံးယားယံခြင်း

• နှာချည်ခြင်း၊ ချောင်းဆိုးခြင်း

• နှာခေါင်းအတွင်းဘက်၊ အာခေါင်အတွင်းဘက် ယားယံခြင်း

• မောပန်းလွယ်ခြင်း

• Allergens (သို့) ဓာတ်မတည့်မှုဖြစ်စေသော ပစ္စည်းများ ပေါ်ပေါက်လာချိန်တွင် ပိုမိုဖြစ်ပွားသည်။ သို့သော် ဖုန်မှုန့်ိ၊တိရိစ္ဆာန်တို့၏ အမွေးအမျှင်များကြောင့် ဖြစ်လျှင် တစ်နှစ်ပတ်လုံး အချိန်မရွေးဖြစ်ပွားနိုင်သည်။


ဖြစ်ပွားရသော အကြောင်းအရင်း

ကိုယ်ခနွာအတွင်းရှိ ကိုယ်ခံအားစနစ်မှ လေထဲရှိ ဓာတ်မတည့်မှုဖြစ်စေသော အရာဝတ္ထုများကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွားသည်။ ထိုတိုက်ခိုက်ခြင်းကြောင့် သွေးထဲ တွင် Artibodies (ပဋိုဇီဝပစ္စည်း) များ၊ histamine (ဟစ်စတာမင်း) များ၊ ထွက်လာကာ Allergic reaction ကို ဖြစ်ပေါ်စေသည်။


ဖြစ်နိုင်ချေရှိသူများ

• ငယ်ရွယ်စဉ်က ဓာတ်မတည့်မှုဖြစ်ဖူးသူ

• အရေပြားတွင် ဓာတ်မတည့်မှုဖြစ်ဖူးသူ

• မိမိဆွေမျိုးရင်းချာ တစ်ယောက်တွင် ဓာတ်မတည့်မှုဖြစ်သောရောဂါ ရာဇဝင်ရှိခြင်း

• ကိုယ်ဝန်ဆောင်နေစဉ် ဆေးလိပ်သောက်သော (သို့) မွေးဖွားပြီး ဆေးလိပ်သောက်သော မိခင်များမှ မွေးဖွားလာသော ကလေးငယ်များတွင် ပိုမိုဖြစ်ပွားနိုင်သည်။


နောက်ဆက်တွဲဆိုးကျိုးများ

• အလုပ်ပျက်အကိုင်ပျက်၊ ကျောင်းပျက်ဖြစ်စေနိုင်ခြင်း

• အိပ်ရေးဝ၀ မအိပ်ရခြင်း

• ပန်းနာရင်ကျပ်ရှိသူများတွင် ရောဂါပိုးဆိုးနိုင်ခြင်း

• ထိပ်ကပ်နာဖြစ်ပွားခြင်း

• နားအတွင်းပိုးဝင်ခြင်းတို့ဖြစ်နိုင်သည်။


စမ်းသပ်စစ်ဆေးခြင်း

• အရေပြားတွင် ဓာတ်မတည့်မှုရှိ၊ မရှိစမ်းသပ်ခြင်း

• သွေးဖောက်စစ်ဆေးခြင်း


ကုသခြင်း

• နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းအတွင်းသား ရောင်ရမ်းခြင်းများအတွင်း နှာခေါင်းအတွင်း ဖျန်းရသော ဆေးဝါးများဖြင့်ကုသခြင်း။

• ပဋိဇီဝဆေးဝါးများဖြင့် ကုသခြင်း

• ပိုးသတ်ထားသော သန့်စင်သောရေဖြင့် နှာခေါင်းလမ်းကြောင်းကို သန့်ရှင်းရေးပြုလုပ်ခြင်း

• ဓာတ်မတည့်မှုကို ယဉ်ပါးလာအောင် ပြုလုပ်ကုသခြင်း (Immunotherapy)


ကာကွယ်ခြင်း

• ဓာတ်မတည့်ခြင်းကိုဖြစ်စေသော ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။

• အိမ်အတွင်း ဖုန်မှုန့်များ ကင်းရှင်းစေရန် သန့်ရှင်းရေး မှန်မှန်ပြုလုပ်ပါ။

• ထိုသို့သန့်ရှင်းရေးပြုလုပ်နေစဉ် နှာခေါင်းစည်း (Face mask) တပ်ထားပါစေ။

• ဓာတ်မတည့်မှု ဖြစ်ပွားပါ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသမှုခံယူပေးပါ။


Credit:Dr Arkar

မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ Mpt မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18