Print

မှတ်ဉာဏ်ကောင်းမွန်စေဖို့ လုပ်ဆောင်သင့်တဲ့ အဓိကအချက်အလက်များ

  09-Jul-2017
Preview Image


အကြောင်းအရာအချက်အလက်တွေကို မှတ်မိနေစေဖို့ တစ်နည်းအားဖြင့် မှတ်ဉာဏ်ကောင်းစေနိုင်တဲ့ အခြေခံနည်းလမ်းတွေကို ပြောပြရမယ်ဆိုရင် -

(၁) မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပါ။

(၂) ဘာကိုဖတ်ပြီး ဘာကိုမှတ်မိရမှာလဲဆိုတာကို မှတ်မှတ်သားသား ရှိပါစေ။

(၃) ကိုယ်မှတ်မိရမယ်ဆိုတဲ့ အကြောင်းအရာပေါ်မှာပဲ အာရုံစူးစိုက်ထားပါ။

(၄) ကိုယ်တွင်း၊ ကိုယ်ပ နှစ်ဌာနမှ စိတ်ရှုပ်စရာများ၊ Stress တွေကို ခေတ္တမေ့ထားပါ။ တည်ငြိမ်တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ဖြစ်ပါစေ။

(၅) ကိုယ်ရဲ့လုပ်ဆောင်ရည်ကို အကောင်းဆုံးပြနိုင်မယ့် အဖြစ်၊ အာရုံစူးစိုက်မှု အကောင်းဆုံးဖြစ်မယ့် အချိန်ကို မိမိဘာသာ လေ့လာဆန်းစစ်ထားပြီး အဲဒီအချိန်မှာလေ့လာပါ။

(၆) မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ အာရုံတွေအကုန်လုံးကို နိုးကြားနေပါစေ။

(၇) လေ့လာမယ့် အကြောင်းအရာတွေကို စနစ်တကျ အုပ်စုခွဲခြင်း၊ ဆက်စပ်ခြင်း၊ အစ၊ အလယ်၊ အဆုံးသတ်မှတ်ခြင်း စတာတွေကို စနစ်တကျ စီမံဆောင်ရွက်ထားပါ။

(၈) ကိုယ်မေ့တတ်တဲ့ အရာတွေကို ရေးမှတ်ထားပြီး ပြန်စဉ်းစားပါ ပြန်လေ့လာပါ။

(၉) စိတ်ရောကိုယ်ပါ အနားယူခြင်း၊ လေ့လာခြင်းတို့ကို အချိန်ပိုင်းအလိုက် စနစ်တကျဆောင်ရွက်ပါ။ တစ်ညလုံးစာဖတ်နေခြင်းမျိုး မလုပ်ရပါ။

(၁၀) ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နေတတ်ပါစေ။

(၁၁) ယခင်လေ့လာခဲ့ပြီး မှတ်မိသိရှိခဲ့ဖူးသည်များကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ် အားပေးပါ။ ဂုဏ်ယူပါ။

(၁၂) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။

(၁၃) တစ်နေ့ကို ညဘက် ၆ နာရီမှ ၈ နာရီကြား အိပ်ရေးရအောင်အိပ်ပေး ပါ။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ သဘာဝအတိုင်း အိပ်ပျော်ပါစေ။

(၁၄) Vitamin နဲ့ သတ္တုဓာတ်များ ကြွယ်ဝတဲ့ အသီးအနှံများ (ဥပမာ - ငှက်ပျော်သီး၊ ပန်းသီး၊ စပျစ်သီး) မြေပဲ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မှန်မှန်စားသောက်ပေးပါ။

(၁၅) ဦးနှောက်က ဂလူးကို့စ်ဓာတ်ကို ပုံမှန်နှုန်းနဲ့ အမြဲလိုအပ်တဲ့အတွက် သွေးတွင်း ဂလူးကို့စ်ဓာတ် ရုတ်တရက် ဆောင့်တက်သွားစေတဲ့ အစားအသောက်တွေက စားပြီးအချိန် အနည်းငယ်ကြာတဲ့အခါ လူရဲ့အာရုံစူးစိုက်မှုစွမ်းရည်ကို ကျသွားစေတယ်။ အဲဒီတော့ ရှောင်ရမယ့်အထဲမှာ Donut လို မုန့်မျိုး၊ Soda အချိုရည်မျိုးစုံ ပါဝင်ပါတယ်။

(၁၆) ဦးနှောက်မှာ ရေဓာတ်ခန်းခြောက်ရင် စိတ်ဂနာမငြိမ်ဖြစ်တတ်တဲ့အတွက် ရေကို ဝဝလင်လင် သောက်ရပါမယ်။

(၁၇) ကျန်းမာရေးနှင့်ညီညွတ်သော ပုံမှန်စားသုံးတဲ့သူတွေက မှန်ဉာဏ်ပိုကောင်းလေ့ ရှိတာကြောင့် နံနက်စာကို မလွတ်စေဘဲ ပုံမှန်စားရပါမယ်။


Credit:

ဒေါက်တာဟိန်းရာဇာအောင်

ကထိက၊ အထွေထွေရောဂါကုသမားတော်


မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ Mpt မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18