Print

နှလုံးသွေးကြောကျဉ်း ရောဂါကုသမှု အတွက် ဆေးဝါးများ

  02-Sep-2020
Preview Image

နှလုံးသွေးကျဲဆေး

နှလုံးသွေးကျဲဆေးမှာ ယေဘုယျအားဖြင့် နှစ်မျိုးနှစ်စား ရှိပါသည်။ ပထမ အမျိုးအစားမှာ Aspirin ဖြစ်ပါသည်။ ၎င်း Aspirin သည် ဈေးပေါပြီး အသုံးဝင်သော
ဆေးများ ဖြစ်သည်။ သို့သော် ၎င်း၏ဆိုးကျိုးမှာ အစာအိမ်ရောဂါ ထစေတတ်ခြင်းနှင့် အစာအိမ်သွေးယိုခြင်းတို့ ဖြစ်စေပါသည်။ ဒုတိယဆေးမှာ Clopidogrel ခေါ် သွေး ကျဲဆေးတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် Aspirin ထက်ပို၍ အစွမ်းအာနိသင် ထက်မြက်ပြီး အစာအိမ်ကို ထိခိုက်မှု နည်းပါးသော ဆေး ဖြစ်ပါသည်။ သို့ရာတွင် ၎င်းဆေးသည်လည်း အစာအိမ်ကို အနည်းငယ် (သို့) အတော်အတန် ထိခိုက်စေ တတ်ပါသည်။

အခြားဆေးဝါးများ

အခြားဆေးဝါးများမှာ Beta Blocker ဆေးဝါးများ ဖြစ်ပါသည်။ Beta Blocker ဆေးဝါးများမှာ Metoprolol, Atenolol, Bisoprolol, Carvedilol, Nebivolol တို့ ဖြစ်ပါသည်။ ၎င်း Beta Blocker များသည် ရင်ကျပ်ပန်းနာရောဂါ ရှိသူများ၊ ဆေးလိပ်သောက်၍ အဆုတ်ပွသူများနှင့် လေပြွန်ရောင်သူများတွင် သုံးရန် မသင့်တော်ပါ။ နောက်ဆေးတစ်မျိုးမှာ Calcium Channel Blocker ဖြစ်ပါသည်။

၎င်းဆေးဝါးများသည် ရင်ကျပ်ပန်းနာရှိသူများနှင့် ဆေးလိပ်သောက် ၍ လေပြွန်ရောင်သူများ၊ အဆုတ်ပွသူများတွင် ပေးလေ့ရှိပါသည်။ ဥပမာ ပြရလျှင် Diltazem နှင့် Verapamil တို့ဖြစ်ပါသည်။ နောက်ဆေးတစ်မျိုးမှာ Nicorandil နှင့် Ivabradine တို့ဖြစ်ပါသည်။

နှလုံးသွေးကြောကျဉ်း ရောဂါသည်များကို အထက် ဖော်ပြပါ ဆေးဝါးများနှင့် ကုသရုံနှင့် မပြီးပါ။ နှလုံးသွေးကြောကျဉ်း ရောဂါ များတွင် ဖြစ်လေ့ရှိသော သွေး အဆီဓာတ်များခြင်းကို သွေး အဆီဓာတ်ကျစေသော ဆေးများနှင့်သော်လည်းကောင်း၊ သွေးတိုးရှိလျှင် သွေးပေါင်ကျ ဆေးများနှင့်သော်လည်းကောင်း၊ ဆီးချိုရောဂါလျှင် ဆီးချိုကျစေ
သော ဆေးများဖြင့်သော်လည်းကောင်း ကုသရပေမည်။

ဆေးလိပ်သောက်သော သူများသည်လည်း ဆေးလိပ်ဖြတ်ရန် အလွန် လိုအပ်ပါသည်။ ထို့ပြင် ရင်ဘတ်အောင့်ခြင်းကို သက်သာစေရန်အတွက် Nitrates များ ကို ပေးလေ့ရှိပါသည်။ Nitrates များသည် နှလုံးသွေးကြောများကို တိုက်ရိုက်ချဲ့ပြီး ရင်ဘတ်အောင့်ခြင်းကို ချက်ချင်း သက်သာစေသော ဆေးဝါးများ ဖြစ်ပါသည်။ ထို့အပြင် ၎င်းဆေးဝါးများသည် စသောက်သုံးစဉ် ကာလတွင် ခေါင်းကိုက်ခဲခြင်းကို ဖြစ်စေတတ်ပါသည်။

၎င်းဆေးဝါးများကို နမူနာပြရလျှင် Isosorbide, Monoitrate, Isosorbide dinitrate တို့ဖြစ်ပါသည်။ ရုတ်တရက် ရင်ဘတ်အောင့်လျှင် သုံးသော ဆေးဝါးများလည်း ရှိပါသည်။ ဥပမာ Angised ငုံဆေး၊ ဖျန်းသော စပရေးများလည်း ရှိပါသည်။ ဆေး ပလာစတာပြားဖြင့် ရင်ဘတ်ကိုကပ်၍ ကုသော ဆေးများလည်း ရှိပါသည်။ ၎င်းကို Nitroderm Patch ဟု ခေါ်ပါသည်။ ရင်ဘတ် ပို၍နာသောသူများကို ပေးရာတွင် အကြောဆေး အမျိုးအစားလည်း ရှိပါသည်။ တစ်ခု သတိချပ်သင့်သည်မှာ ၎င်း Nitrates ဆေးများကို ပန်းသေပန်းညိုးရောဂါကု ဆေးဝါးများ ဖြစ်သော Sildenafil နှင့် Tidanefil ဆေးဝါးများနှင့် တွဲ၍ မသောက်သုံးသင့် တွဲဖက်သောက်သုံးမိ ပါက သွေးပေါင်ချိန်ကျ၍ ဘေးထွက်ဆိုးကျိုးများကို ရရှိတတ်ပါသည်။

Credit : ပါမောက္ခဦးတင်လတ် (နှလုံးအထူးကုဆရာဝန်ကြီး)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18