Print

မှတ်ညဏ်စွမ်းအားကောင်းမွန်စေရန် အပိုင်း(၂)

  28-Jul-2017
Preview Image


နံပါတ် (၁)

 အာရုံစူးစိုက်မှုနည်းပါးခြင်း၊ အာရုံပျံ့လွင့်နေခြင်းAttention ကို Samual Johnson ဆိုသူက " The true art of memory is the art of attention " လို့တောင်ဆိုခဲ့ပါတယ်။ ဒီအဆင့်ကောင်းမှ ကျန်တဲ့အဆင့်တွေ ဆက်သွားလို့ရမှာပါ။ အာရုံစူးစိုက်မှုကောင်းဖို့ အဓိကကတော့ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနက အနှောင့်အယှက်မျိုးစုံကနေ ကင်းဝေးနေရပါမယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကနေ ကင်းနေရမှာဖြစ်သလို ပြင်ပပတ်ဝန်းကျင်အနေနဲ့လည်း လေ့လာသင်ယူနေတဲ့အခါ တိတ်ဆိတ်ငြိမ်သက်နေဖို့လိုပါတယ်။ Study in a quiet environment လို့ ဆိုကြပါတယ်။ နောက်တစ်ခု အာရုံစူးစိုက်မှုအတွက် အရေးကြီးတာက တစ်နေ့တာလုံးမှာ ကိုယ်နိုးနိုးကြားကြား လန်းလန်းဆန်းဆန်းရှိတဲ့ အချိန်မှာ လေ့လာသင်ယူတာက အာရုံစူးစိုက်မှုကောင်းစေပါတယ်။ ကိုယ့်အချိန်ကိုယ် သိဖို့လိုပါတယ်။ 


နံပါတ် (၂)

Encoding လုပ်တဲ့အခါမှာလည်း အပေါ်ကဖော်ပြခဲ့တဲ့ အချက်အလက်တွေအပြင် အပေါ်ယံစာလုံးတွေလောက်ပဲ Encoding လုပ်တဲ့အခါမှာလည်း အပေါ်က ဖော်ပြခဲ့တဲ့ အချက်အလက်တွေအပြင် အပေါ်ယံစာလုံးတွေလောက်ပဲ Encode လုပ်ရင် ခဏပဲမှတ်မိပြီး စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်အောင် ကြိုးစားပြီး Encode လုပ်မှသာ အဲ့ဒီမှတ်ဉာဏ်ဟာ ရေရှည်ခံပါတယ်။ ဒါကြောင့် အဲ့ဒီအဆင့်မှာ " Why " ဆိုတဲ့ မေးခွန်းတွေကို မေးကြည့်၊ ဖြေကြည့်ပြီး Encode လုပ်ရပါမယ်။


နံပါတ် (၃) 

Retriveval သို့မဟုတ် Recall လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အချက်အလက်တွေကို အုပ်စုလေးတွေခွဲပြီး မှတ်သားခြင်း၊ အစဖော်ခြင်း၊ အချိတ်အဆက်ပြုလုပ်ခြင်း စတဲ့ Organization ကောင်းကောင်းလုပ်ရပါမယ်။ နောက် အသုံးဝင်တဲ့ နည်းတစ်ခုက အချက်အလက်တွေကို Memories တွေနဲ့ မှတ်သားခြင်း၊ အစဖော်ခြင်းပဲ ဖြစ်ပါတယ်။ ပိုမှတ်မိစေပါတယ်။ Retrieval သို့မဟုတ် Recall ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့်လည်း မှတ်ဉာဏ်အား ပိုမိုကောင်းမွန်စေပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲမှာ ပြန်ဖတ်ခြင်းဆိုတဲ့ Read ရယ်၊ ကိုယ်မှတ်မိသမျှ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောခြင်း၊ အခြားသူများပြန်ပြောခြင်းဆိုတဲ့ Recite ရယ်၊ မမှတ်မိတော့တဲ့ ဒါမှမဟုတ် ထပ်ဖတ်ဖို့လိုတဲ့ အကြောင်းအရာတွေကို ပြန်လည်ရှာဖွေဖတ်ရှုခြင်းဆိုတဲ့ Review ရယ်၊ အဲ့ဒီ " R " သုံးလုံးကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရပါမယ်။ 


ကိုးကား - ဒေါက်တာဟိန်းရာဇာအောင်(ကထိက/အထွေထွေရောဂါ အထူးကုသမားတော်) Arogyam



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18