Print

Nuchal ache / Neck pain ( ဇာတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်း )

  07-Aug-2017
Preview Image

အကျဉ်းရှင်းလင်းချက်

- ဇတ်ကြောနာခြင်းသည် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်သည်။လည်ပင်းအနေအထားမမှန်ခြင်းကြောင့် ကြွက်သားများနာကျင်ခြင်းမှ ဖြစ်လေ့ရှိသည်။

Osteoarthritis ဟုခေါ်သည့် အရိုးအဆစ်များတိုက်စားပြီးယောင်ယမ်းခြင်းသည်လည်း ဇတ်ကြောနာခြင်းအတွက်အတွေ့များသော အကြောင်းရင်းတစ်ခုဖြစ်သည်။

- တစ်ခါတရံ ဇတ်ကြောနာခြင်းသည် ပိုမိုပြင်းထန်သောရောဂါများများ၏ လက္ခဏာလည်းဖြစ်နိုင်သည်။ 

ဇတ်ကြောနာခြင်းအပြင် ထုံကျင်ခြင်း၊ခြေလက်များလေးခြင်း၊ပုခုံးနှင့်လက်မောင်းများထိနာကျင်လာလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။


လက္ခဏာများ

- လည်ပင်းအနေအထားကို တစ်နေရာတည်းကြာကြာထားလျှင် နာလာခြင်း( ဥပမာ - ကားအကြာကြီးမောင်းခြင်း၊ကွန်ပြူတာရှေ့တွင် ကြာရှည်စွာထိုင်ခြင်း )

- ကြွက်သားတောင့်တင်းခြင်း ၊ အကြောတက်ခြင်း

- ခေါင်းကို လှုပ်ရှားနိုင်စွမ်းနည်းလာခြင်း

- ခေါင်းကိုက်ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

- Muscle strains ကြွက်သားနာကျင်ခြင်း ( ကြွက်သားကို ကြာရှည်စွာ အသုံးပြုခြင်း ဥပမာ- ကားအကြာကြီးမောင်းခြင်း၊ကွန်ပြူတာရှေ့တွင် ကြာရှည်စွာထိုင်ခြင်း၊အိပ်ယာထဲတွင်စာဖတ်ခြင်း၊သွားကျိတ်ခြင်း )

- Worn joints အဆစ်နာခြင်း(လည်ပင်းဆစ်သည် ခန္ဓာကိုယ်မှ အခြားအဆစ်များကဲ့သို့ အသက်ကြီးလာသည်နှင့်အမျှ ပွန်းပဲ့လာသည်။

Osteoarthritis ဟုခေါ်သည့် အရိုးအဆစ်များယောင်ယမ်းခြင်းသည် ကျောရိုးဆစ်(vertebra)တစ်ခုနှင့်တစ်ခုကြားရှိအရိုးနု(cartilage)ကို ပျက်စီးစေသည်။ထို့နောက်အတက်များထွက်ကာ အဆစ်လှုပ်ရှားရာတွင်နာကျင်စေသည်။

- Nerve conpression အာရုံကြောပိခြင်း (လည်ပင်းမှကြောရိုးဆစ်ကျွံခြင်း၊အရိုးအတက်ထွက်ခြင်းတို့သည် အာရုံကြောမကြီးမှထွက်သော အာရုံကြောများကို ဖိမိခြင်း)

- Injuries ထိခိုက်မိခြင်း( ဥပမာ - ကားမတော်တဆဖြစ်ခြင်းတွင် ဦးခေါင်းသည်နောက်မှရှေ့သို့လှုပ်ရမ်းရာမှ လည်ပင်းကို နာကျင်စေခြင်း)

- Diseases ရောဂါများ( ဥပမာ - Rheumatoid arthritis အရိုးအဆစ်ယောင်ခြင်း ,meningitis ဦးနှောက်အမြေးရောင်ခြင်း or cancer ကင်ဆာ စသဖြင့်ရောဂါများ )


ဖြစ်နိုင်ချေများသူများ

- အသက်ကြီးသူများ

- ခရီးသွားခြင်း သို့ ကွန်ပြူတာရှေ့တွင် အလုပ်လုပ်ခြင်းကဲ့သို့ ကြာရှည်စွာ ထိုင်ရခြင်းများ

- ခန္ဒာကိုယ်အနေအထားမမှန်ကန်သူများ

- ဆေးလိပ်သောက်သူများ


နောက်ဆက်တွဲ ပြဿနာများ

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- ဇတ်ကြောနာခြင်းအများစုမှာ အိမ်တွင်းကုသမှုများဖြင့် သက်သာလေ့ရှိသည်။မသက်သာပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

- ဇတ်ကြောနာခြင်းမှာ အောက်ပါအတိုင်းဖြစ်လာလျှင်လည်း ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

- အရမ်းနာကျင်လာလျှင်

- ရက်အတန်ကြာထိ မသက်သာဘဲ ပိုမိုဆိုးလာလျှင်

- လက်မောင်းနှင့် ခြေထောက်ထိ နာကျင်လာလျှင်

- ခေါင်းကိုက်ခြင်း၊ထုံကျင်ခြင်း၊အားနည်းခြင်း၊တစစ်စစ်ဖြစ်ခြင်း အစရှိသည်တို့ပါဖြစ်လာလျှင်

- ထိခိုက်မိရာမှ ဖြစ်ပေါ်လာသော ဇတ်ကြောနာခြင်းဖြစ်ပါက(ဥပမာ- ကားမတော်တဆမှုမှ ၊ရေကူးရာမှ ၊ပြုတ်ကျရာမှ) ဆရာဝန်နှင့် အရေးပေါ်ကုသသင့်သည်။


စစ်ဆေးမှုများ

- ဆရာဝန်သည် ဇာတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်း အတွက်အကြာင်းရင်းပိုမိုတိကျစွာသိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို လုပ်ရန်ညွှန်ကြားနိုင်ပါသည်။

(၁) X ray ဓာတ်မှန် - လည်ပင်းမှကြောရိုးဆစ်ကျွံခြင်း၊အရိုးအတက်ထွက်ခြင်းတို့မှ အာရုံကြောမကြီးမှထွက်သော အာရုံကြောများကို ဖိမိခြင်းတို့ကို သိနိုင်သည်။

(၂) CT scan ကွန်ပြူတာဓာတ်မှန် - X ray ဓာတ်မှန်ထက်ပို၍ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းများကို ဘက်ပေါင်းစုံမှ ပိုမိုတိကျစွာ သိနိုင်သည်။

(၃) MRI သံလိုက်ဓာတ်မှန် - ရေဒီယိုလှိုင်းနှင့် သံလိုက်ကွင်းများကို အသုံးပြု၍ အရိုးနှင့်ကြွက်သားများ အာရုံကြောများကိုပါ တိကျစွာ သိနိုင်သည်။

ရောဂါလက္ခဏာမပြဘဲနှင့်လည်း X ray သို့ MRI တို့မှ ရောဂါဖြစ်ပွားနေမှုကို သိရှိနိုင်သည်။


စက်ပစ္စည်းများဖြင့် စစ်ဆေးမှုသည် ဆရာဝန်နှင့် ရောဂါရာဇဝင်ကိုတိုင်ပင်ခြင်း၊ရောဂါကိုစမ်းသပ်ခြင်းများကို များစွာအထောက်အကူပြုသည်။

- အခြားစစ်ဆေးမှုများမှာ

- Electromyography (EMG) လျှပ်စစ်လှိုင်းဖြင့် စစ်ဆေးခြင်း - အာရုံကြောဖိမိသည်ဟု ထင်ပါလျှင် ဆရာဝန်၏ညွှန်ကြားချက်ဖြင့် စစ်ဆေးနိုင်သည်။

ကြွက်သားထဲသို့ အရေပြားမှတဆင့် အပ်ဖြင့်ထိုးကာ စစ်ဆေးခြင်းဖြစ်သည်။အာရုံကြောတွင် လျှပ်စီးနှုန်းအမြန်နှုန်းကို တိုင်းတာခြင်းဖြင့် မည်သည့်အာရုံကြောထိခိုက်နေသည်ကို သိရှိနိုင်သည်။

- Blood tests သွေးစစ်ခြင်း - ဇာတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းကို ဖြစ်စေသော ယောင်ယမ်းခြင်းရောဂါများ၊ကူးစက်ရောဂါများကို သွေးစစ်ခြင်းမှသိနိုင်သည်။


ကုသခြင်း

- မပြင်းထန်သော ဇာတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းများမှာ ၂ပတ်၃ပတ်အတွင်း အိမ်တွင်းကုသနည်းများဖြင့်ပင် ပျောက်ကင်းလေ့ရှိသည်။

အကယ်၍ဇာတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းသည် ကြာရှည်နေပါက ဆရာဝန်၏ညွှန်ကြားချက်ဖြင့် ကုသမှုခံယူနိုင်သည်။

- ကုသနည်းများမှာ

- Physical therapy ကုထုံးများဖြင့် ကုသခြင်း - ခန္ဒာကိုယ်အနေအထား၊တည့်မတ်မှု၊လည်ပင်းကြံ့ခိုင်ခြင်းများကို မှန်ကန်စေသည်။

အပူ၊အအေး၊လျှပ်စစ်နှင့်အခြားနည်းများဖြင့် နာကျင်မှုကိုသက်သာစေသည်။ပြန်လည်ဖြစ်ခြင်းကိုလည်းကာကွယ်ပေးသည်။

- Transcutaneous electrical nerve stimulation (TENS) - နာကျင်သောနေရာနားတစ်ဝိုက်ရှိအရေပြားပေါ်တွင် လျှပ်စစ်ဖု electrodesများအား ထားခြင်းဖြင့် လျှပ်စစ်ဓာတ်များကို ပို့လွှတ်ခြင်းဖြင့် နာကျင်ခြင်းကို သက်သာစေသည်။

- Traction အလေးဆွဲခြင်း - အလေး၊ဘီး တို့ကို အသုံးပြု၍ လည်ပင်းကို တဖြည်းဖြည်းဆွဲခြင်းဖြင့် တချို့အကြောင်းများကြောင့်ဖြစ်သော ဇာတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းများကို သက်သာစေသည်။

အထူးသဖြင့် Nerve irritation အာရုံကြောမူမမှန်လှုံ့ဆွခြင်းကြောင့်ဖြစ်သော ဇာတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းများကို ဆရာဝန်၏ညွှန်ကြားချက်ဖြင့် ပြုလုပ်နိုင်သည်။

- Short-term immobilization လည်ပင်းကို ယာယီမလှုပ်ဘဲထားခြင်း - လည်ပင်းပတ်လည်တွင် soft collor ကော်လံကို တပ်ဆင်ခြင်းဖြင့် လည်ပင်းရှိအစိတ်အပိုင်းများဖိနေခြင်းမှ ကာကွယ်ပေးကာ နာကျင်မှုကိုပါ ကာကွယ်ပေးသည်။သို့သော် ၁ပတ်၂ပတ်ထပ် ပို၍ (သို့ )တစ်ကြိမ်လျှင် ၃နာရီထပ်ပို၍သုံးလျှင် ကောင်းခြင်းထပ် ဆိုးခြင်းကို ပိုမိုဖြစ်စေနိုင်သည်။

- ခွဲစိတ်ကုသခြင်းနှင့် အခြားနည်းလမ်းများမှာ 

- Steroid injections ဆေးထိုးခြင်း - ဆရာဝန်နှင့် ကုသ၍ လည်ပင်းဆစ်ရိုးထဲသိုု့( သို့ )လည်ပင်းကြွက်သားထဲသို့ ဆေးထိုးခြင်းဖြင့်နာကျင်မှုကိုလျှော့ကျစေနိုင်သည်။ ထုံဆေးကို အသုံးပြု၍လည်း ကုသလေ့ရှိသည်။

- Surgery ခွဲစိတ်ကုသခြင်း - ဇာတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းများအတွက် လိုအပ်လေ့မရှိပေ။အာရုံကြောဖိမိခြင်းအတွက်သာ စဉ်းစားလေ့ရှိကြသည်။


ကာကွယ်ခြင်း

- ဇာတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းအများစုသည် ခန္ဒာကိုယ်အနေအထားအဆင်မပြေမှုနှင့်အသက်ကြီးခြင်းတို့မှ ပျက်စီးတိုက်စားရာမှဖြစ်လေ့ရှိသည်။ဇာတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းမှကာကွယ်ရန် ခါးအနေအထားကို မှန်ကန်စွာနေရန်လိုအပ်သည်။နေ့စဉ်ပုံမှန်ပြုပြင်ခြင်းအားဖြင့်လည်းကာကွယ်နိုင်သည်။

(၁) ခန္ဒာကိုယ်အနေအထားမှန်ကန်ခြင်း - ထိုင်သည်ဖြစ်စဉ် မတ်တပ်ဖြစ်စေ ပုခုံးသည် နား ၊ တင်ပါးတို့နှင့် တစ်တန်းတည်းရှိသင့်သည်။

(၂) ခရီးသွားခြင်း သို့ ကွန်ပြူတာရှေ့တွင် အလုပ်လုပ်ခြင်းကဲ့သို့ ကြာရှည်စွာ ထိုင်ရလျှင် ခဏတစ်ဖြုတ်ဖြစ်စေ ခါးနှင့်လည်ပင်း ပုခုံးတို့ကို လျှော့ချပေးရန်လိုအပ်ပါသည်။

(၃) ကွန်ပြူတာရှေ့တွင် အလုပ်လုပ်ရလျှင် ကွန်ပြူတာ screen ကို မျက်စိနှင့် တစ်တန်းတည်းထားပေးပါ။ဒူးခေါင်းသည် တင်ပါးထပ် ပိုလျှောကျပြီးထိုင်ပေးပါ။လက်တင်ထိုင်ခုံနှင့်ထိုင်ပါ။

(၄) တယ်လီဖုန်းပြောသောအခါ ခေါင်းစောင်းပြီး နားနှင့်ပုခုံးတို့ကြားတွင်ညှပ်ပြီးမပြောပါနှင့်။ ထိုအစား နားကျပ်ကြိုးဖြင့်ပြောခြင်း သို့ စပီကာဖွင့်ပြီးပြောခြင်းတို့ကို လုပ်ပေးပါ။

(၅) ဆေးလိပ်သောက်ပါက ဖြတ်ပေးပါ။ဆေးလိပ်သောက်ခြင်းသည် ဇာတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းကို ပိုမိုဆိုးစေသည်။

(၆) ပုခုံးတွင် လေးသော ပစ္စည်းများ အိတ်များ မသယ်ပါနှင့်။

(၇) အိပ်သောအခါ ခန္ဒာကိုယ်အနေအထားမှန်မှန်ကန်ကန်ဖြင့် အိပ်ပါ။ခေါင်းနှင့်လည်ပင်းကို ခန္ဒာကိုယ်နှင့်တစ်တန်းတည်းထားပါ။လည်ပင်းအောက်တွင် ခေါင်းအုံးအပါးတစ်ခုကိုခံပါ။ခါးအောက်တွင်လည်း ခေါင်းအုံးခံခြင်းဖြင့် ခါးနှင့်ပေါင်ကို ခေါင်းထပ်ပိုမိုမြင့်ပြီးခါးကြွက်သားများကို လျှော့ချကာအိပ်တတ်နိုင်အောင် ကြိုးစားပါ။


Ref: Mayo clinic

Credit - Greenbud



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18