Print

အသည်းအဆီဖုံးခြင်း

  18-Aug-2017
Preview Image


အသည်းအဆီဖုံးတဲ့လူနာတွေတော်တော်များများမှာသွေးအတွင်းအဆီဓါတ်(အထူးသဖြင့်ကိုလက်စထရောဓါတ်)များနေတာကိုတွေ့ရတတ်ပါတယ်။ဒါပေမယ့်လူနာတိုင်းတော့မဟုတ်ပါဘူး။အသည်းအဆီဖုံးခြင်းဟာသွေးအတွင်းအဆီဓါတ်များခြင်း၊သွေးပေါင်ချိန်များခြင်း၊သွေးချိုဓါတ်များခြင်း၊ဗိုက်ပူဗိုက်ထွက်ခြင်းတို့နှင်လည်းဆက်စပ်နေတာကိုလည်းတွေ့ရှိရတတ်ပါတယ်။အင်္ဂလန်နိုင်ငံလူဦးရေ ၆% မှာအရက်ကြောင့်မဟုတ်ဘဲအသည်းအဆီဖုံးရောဂါရှိနေတာကိုတွေ့ရပါတယ်။Non-alcoholic Fallty liver disease(NAFLD)လို့ခေါ်ပါတယ်။အသည်းအဆီဖုံးတဲ့လူနာ ၃% လောက်မှာအသည်းအဆီဖုံးခြင်းသာမကအသည်းရောင်ခြင်းပါအတူတကွတွဲပြီးဖြစ်တတ်တာကိုတွေ့ရပါတယ်။အသည်းအဆီဖုံးပြီးအသည်းရောင်တာကို Non-alcoholic steatohepatitis(NASH) လို့ခေါ်ပါတယ်။


အသည်းအဆီဖုံးတဲ့လူနာတွေရဲ့၁% လောက်ဟာအသည်းအမာရွတ်စွဲကာအသည်းခြောက်ခြင်းဝေဒနာကိုခံစားရနိုင်ပါတယ်။အသည်းခြောက်ပြီးနောက်အသည်းကင်ဆာကိုဖြစ်စေနိုင်ပါသေးတယ်။အသည်းအဆီဖုံးခြင်းဟာဆီးချိုသွေးချိုရောဂါ၊သွေးတိုးရောဂါတို့နှင့်ဆက်စပ်နေတတ်တဲ့အတွက်သွေးချိုဓါတ်နဲ့သွေးပေါင်ချိန်ကိုပုံမှန်ဖြစ်အောင်ထိန်းရပါတယ်။ကိုယ်အလေးချိန်ချပြီးသွေးအတွင်းအဆီဓါတ်ကိုနည်းအောင်လုပ်ရပါမယ်။အသည်းရောင်တဲ့ အသည်းအဆီဖုံးဝေဒနာသည်ကတော့ဆရာဝန်နဲ့ပုံမှန် follow-up ပြဖို့လိုအပ်ပြီးအသည်းအင်ဇိုင်းများစစ်ဆေးခြင်း၊အာထရာဆောင်းရိုက်ခြင်း၊အသည်းမှအသားစယူခြင်းပြုလုပ်ဖို့လိုအပ်ပါလိမ့်မယ်။


Credit:Dr.Nyein Chan Aung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18