Print

ဝလေ၊ နာလေ

  03-Sep-2017
Preview Image


 ကိုယ်အလေးချိန်များသူ သို့မဟုတ် အဝလွန်ကဲသူများသည် နာတာရှည် အဆစ်ရောဂါကြောင့် နာကျင်မှုခံစားရလျှင်၊ ကိုယ်အလေးချိန် ပုံမှန်သို့မဟုတ် ပိန်သောသူများထက် ဝေဒနာပိုမိုခံစားရ ကြသည်ဟုဆိုသည်။ ဝသောအမျိုးသမီးများသည် အိုအေအဆစ်ရောင်ရောဂါ (Osteoarthritis) ပိုမိုဖြစ်တတ်ကြပြီး ရောဂါအခြေအနေမှာလည်း ဆိုးဝါးလေ့ရှိကြသည်။ ရောဂါအခြေအနေချင်းတူလျှင် ခန္ဓာကိုယ်ထုထည်အညွှန်းကိန်း (BMI- body mass index) များသူများသည် သာမန်ကိုယ်အလေးချိန်ရှိသူများထက် ပို၍နာကျင်ခံစားကြရသည်ဟု Sam Jose State University in California မှ မနုဿဗေဒပညာရှင် Eizabeth Weiss က ပြောကြားလိုက်သည်။ 


 အိုအေအဆစ်ရောင်ရောဂါသည် အရိုးနှစ်ခုကြားရှိ အရိုးနုပျက်ယိုယွင်းမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အရိုးနုနှစ်ခုကြားရှိ ကြားခံအရိုးနုပျက်ယွင်းသောအခါ အရိုးအချင်းချင်း ပွတ်တိုက်ကာ နာကျင်မှုဝေဒနာ ဖြစ်ပေါ်ခံစားရစေသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၂၅ နှစ်အထက် အသက်အရွယ်ရှိသူများ၏ ၁၄ ရာခိုင်နှုန်းတွင် အိုအေအဆစ်ရောင်ရောဂါရှိကြသည်ဟု ဆိုသည်။


 ဒူးဆစ်ရောင်ရမ်းသူ လူများ၌ ခန္ဓာကိုယ်အလေးချိန် နာကျင်မှု အတိမ်အနက်တို့၏ ဆက်နွှယ်ပတ်သက်မှုကို Weiss က လေ့လာသုတေသနပြူခဲ့သည်။ ခန္ဓာကိုယ်ထုထည်အညွှန်းကိန်းမှာ ခန္ဓာကိုယ်အလေးချိန် (ကီလိုဂရမ်) ကို အရပ်အမြင့် (မီတာ) နှစ်ထပ်ကိန်းဖြင့်စား၍ရသော ရလာဒ်ဖြစ်သည်။ အဝလွန်ကဲမှုအခြေအနေကို တိုင်းတာသော အညွှန်းကိန်းဖြစ်သည်။ Weiss သည် အသက် ၄၅ နှစ်နှ ရ၉ နှစ်ကြား အရွယ်ပေါင်း ၅၀၀၀ ခန့်၏ ဆေးမှတ်တမ်းများကို စိစစ်လေ့လာသုံးသပ်ခဲ့သည်။ ၁၃၉၀ ဦးမှာ အိုအေအဆစ်ရောင်ရောဂါ ရှိကြပြီး ၃၂၈၄ ဦးမှာ ရောဂါမရှိကြပေ။ ရောဂါအခြေအနေချင်းတူလျှင် ဝသူများသည် နာကျင်မှုဝေဒနာ ပိုမိုခံစားကြရသည်။ 


Credit:

ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18