အိမ်မက်ဆိုးတွေကလွတ်အောင် ဘာလုပ်ရမလဲ
13-Nov-2020အိမ်မက်ဆိုးတွေကလွတ်အောင်
ဘာလုပ်ရမလဲ
၁။ အိမ်မက်ဆိုးမက်ရတဲ့
အကြောင်းရင်းကို ရှာဖွေကုသပါ။
အကယ်၍ အိမ်မက်ဆိုးမက်တာဟာ အကြောက်လွန်ရောဂါ၊
စိတ်ကျရောဂါတွေကြောင့်ဖြစ်ခဲ့မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကုသမှုခံယူဖို့လိုအပ်ပါတယ်။
ကုသမှုခံယူလိုက်တာက အိမ်မက်ဆိုးတွေကို လုံးဝပျောက်ကွယ်မသွားစေရင်တောင် ပိုပြီးနည်းပါးသွားစေမှာပဲဖြစ်ပါတယ်။
ဒါကြောင့် စိတ်ရောဂါကုဆရာဝန်နှင့်တိုင်ပင်ပြီး စနစ်တကျကုသဖို့ အရေးကြီးပါတယ်။
၂။ အိပ်ရာဝင်ခါနီး
အစာစားခြင်းကို ရှောင်ပါ။
အိပ်ရာဝင်ခါနီးအစာစားခြင်းဟာ အိပ်မက်ဆိုးဖြစ်ပေါ်နိုင်ခြေ
ပိုများပါတယ်။ အစားအစာတွေအတွက် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေက အလုပ်လုပ်ောဆင်ရတဲ့အတွက်
ဦးနှောက်ကို လှုံ့ဆော်ပေးပြီး အိမ်မက်ဆိုးတွေ မက်စေပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီးသရေစာစားတာကို
ရှောင်မယ်ဆိုရင် အိပ်မက်ဆိုးမက်တာကို လျော့နည်းစေမှာပါ။
၃။ စိတ်ဖိစီမှုတွေကို
လျှော့ချပါ။
ဖိအားများတဲ့စိတ်ဟာ အိမ်မက်ဆိုးတွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် နေ့ဘက်မှာစိတ်ကိုအနားပေးပြီး စိတ်ကြည်လင်လန်းဆန်းစွာ အိပ်ရာဝင်ခြင်းက အိမ်မက်ဆိုးတွေကို
လျော့နည်းစေမှာပါ။ ယောဂကျင့်စဉ်နဲ့ တရားထိုင်ခြင်းက စိတ်ဖိအားတွေကို လျော့နည်းစေပြီး
စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။
အိပ်ရာဝင်ခါနီး ရေနွေးနဲ့ ရေချိုးတာကလည်း
စိတ်ဖိအားတွေကို လျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။
၄။ သောက်နေတဲ့
ဆေးတွေအကြောင်း ဆရာဝန်ကိုပြောပြပါ။
ဆေးတွေသောက်ခြင်းကြောင့် အိပ်မက်ဆိုးတွေမဖြစ်ပေါ်တတ်ပေမယ့်
တချို့ဆေးတွေက အိပ်မက်ဆိုးတွေမက်ဖို့ အကျိုးသက်ရောက်မှုရှိစေပါတယ်။ တချို့ဆေးတွေက ကလေးငယ်တွေကို
အိပ်မက်မက်အောင် အားပေးပါတယ်။ စိတ်ကျရောဂါအတွက် သောက်သုံးတဲ့ဆေးတွေနဲ့ တချို့သွေးပေါင်ကျဆေးတွေဟာ
တစ်ခါတစ်ရံမှာ အိမ်မက်ဆိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီး
အခြားဆေးတစ်မျိုးပြောင်းလဲဖို့ လိုအပ်ပါတယ်။
၅။ ကောင်းမွန်စွာ
အိပ်စက်အနားယူပါ။
အိပ်မက်ဆိုးတွေဟာ အိပ်စက်တာကို အနှောက်အယှက်ပေးလိုကောင်းမွန်စွာ
မအိပ်စက်ရရင်လည်း အိပ်မက်ဆိုးတွေဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အနှောင့်အယှက်မရှိဘဲ ကောင်းမွန်စွာအိပ်စက်တာက
အိပ်မက်ဆိုးတွေ မမက်အောင် ကူညီပါလိမ့်မယ်။ သင့်အိပ်ခန်းကို ရှင်းလင်းပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင်ထားပါ။
အရမ်းပူလွန်းအေးလွန်းတာမျိုးမဖြစ်ပါစေနဲ့။ အိပ်ရာကိုလည်း သက်သောင့်သက်သာရှိပါစေ။ ပတ်ဝန်းကျင်မှာ
ဆူညံသံတွေမရှိအောင်လည်း ထားရမှာပါ။ အိပ်ခန်းထဲမှာ အလုပ်လုပ်တာကိုရှောင်ကြဉ်ပါ။ အိပ်ခန်းထဲမှာအလုပ်လုပ်တာက
ဖိအားတွေဖြစ်စေတဲ့အပြင် အိမ်မက်ဆိုးတွေကိုလည်း မက်စေပါတယ်။ လေ့ကျင့်ခန်းတွေကို နံနက်ခင်းမှာလုပ်ပါ။
ညအိပ်ခါနီးပြုလုပ်ခြင်းက အိပ်မက်တွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ကဖင်း၊ နီကိုတင်းနဲ့
အရက်သုံးစွဲမှုကို ရှောင်ပါ။ ဒါတွေက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကော်ဖီကြိုက်တတ်သူဆိုရင်
အိပ်ရာဝင်ခါနီးလေးနာရီအတွင်း သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
Credit : အမရာ