အစာအိမ်နာ ခေါ် လေနာရောဂါ၏ နောက်ဆက်တွဲရှုပ်ထွေးမှုများ
18-Sep-2017
(၁) အဖြစ်အများဆုံးသော ပြဿနာမှာ အစာအိမ်နာမှ သွေးယိုစီးခြင်းဖြစ်သည်။ အစာအိမ်အနာပိုဆိုးလာသည်နှင့်အမျှ အနာပိုနက်လာတတ်ပြီး အစာအိမ်နံရံရှိ တစ်သျူးများ စားသွားခြင်းကြောင့် သွေးကြောများ ပေါက်ကာ သွေးယိုစီးခြင်း ဖြစ်တတ်သည်။
(၂) အစာအိမ်လမ်းကြောင်းအတွင်း အသေးစားသွေးယိုစီးမှုဖြစ်လျှင် သွေးအားနည်း လက္ခဏာမှ တစ်ပါး အခြား လက္ခဏာ များခံစားရလေ့မရှိပါ။ သွေးအားနည်းလာလျှင် အရေပြား အရောင်ဖြူဖြော့ခြင်း၊မောပန်းလွယ်ခြင်း၊ခေါင်းမူးဝေဒနာ ခံစားရခြင်းတို့ ဖြစ်တတ်သည်။
(၃)အစာအိမ်လမ်းကြောင်း သွေးယိုစီးခြင်းကြောင့် သွေးအန်ခြင်းလည်း ခံစားရတတ်သည်။
(၄) အချို့လူများတွင် ယိုစီးနေသော သွေးများကြောင့် ဝမ်းသွားသည့် အခါ အမည်းရောင် နှင့် ကတ္တရာစေးအရောင် ဝမ်းများသွားတတ်သည်။
(၅) အချို့သော လူနာများတွင် အစာအိမ် နံရံအလွှာများ ပေါက်သွားစေသဖြင့် အစာခြေရည်များ ဝမ်းဗိုက်ခေါင်း အတွင်း ဝင်သွားကာ ပြင်းထန်သော နာကျင်မှုများ ခံစားရပြီး ဝမ်းတွင်းခေါင်း အမြှေးပါး ရောင်ရမ်းစေနိုင်သည်။ အစာအိမ် (သို့) အူသိမ်ပိုင်းအတွင်း အနာပေါက်သွားခြင်း နှင့် သွေးယိုစီးခြင်းကြောင့် အသက်အန္တရာယ် ဖြစ်စေသောကြောင့် ချက်ချင်းဆေးဝါးကုသမှုခံယူရမည်
(၆)အစာအိမ်နာသည် အစာအိမ်နှင့် အူသိမ်ပိုင်းကြား အစာအိမ်ထွက်ပေါက်အနီး ကျဉ်းသွားသော နေရာတွင် ဖြစ်လေ့ရှိသောကြောင့် လူနာသည် အစားစာပြီး ဗိုက်ပြည့် ဗိုက်ကယ်ဖြစ်ခြင်း၊ မခြေရသေးသော အစာများအန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းများခံစားရတတ်ပါသည်
Credit to Health Digest journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

