ခြေထောက်တွင် ခံစားရသော Restless Legs Syndrome အတွက် ဖြေရှင်းနည်းများ
15-Dec-2020ခြေထောက်ပိုင်းမှာ မသက်မသာဖြစ်တာ ဂဏာမငြိမ်ဖြစ်တာ၊
ယားယံတာတွေကို ခံစားရပြီး လမ်းလျှောက်တာ၊ ခြေထောက်လှုပ်ပေးတာတွေ ပြုလုပ်မှ သက်သာသောရောဂါစုပါ။
Restless Legs Syndrome (RLS) လို့ခေါ်ပါတယ်။ ညဘက်အိပ်နေချိန်ဖြစ်ပါက
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မရလို့ အိပ်ရေးမဝ ဖြစ်တတ်ပါတယ်။ ဗီတာမင်နဲ့
တချို့သတ္တုဓာတ်တွေချို့တဲ့တာ၊ တချို့
ဆေးဝါးတွေ သောက်သုံးနေရတာတွေကြောင့်
ဖြစ်ပွားနိုင်ပါတယ်။
• ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများစားပါ။
• မဂ္ဂနီဆီယမ် ဖြည့်စွက်သောက်သုံးပါ။
• နောက်ကျမှအိပ်ရာဝင်ပါ။
• ပုံမှန်အိပ်စက်ချိန်ရရှိအောင် အိပ်စက်ပါ။
• ကြက်သီးနွေးရေချိုးပါ။
• မအိပ်ခင် အကြောဆန့်လေ့ကျင့်ပါ။
• ကော်ဖီ မသောက်ပါနှင့်။
• ရေခဲအိတ် သို့မဟုတ် ရေနွေးအိတ်ကပ်ပါ။
• သင့်တင့်သောလေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။
• ဦးနှောက်ကို အလေ့အကျင့်ပြုလုပ်ပါ။
• အိပ်ရာမဝင်မီ တီဗီမကြည့်ပါနှင့်။
• အိပ်ရာဝင်ချိန်နီးလျှင် အစာမစားပါနှင့်။
• သံဓာတ် ဖြည့်စွက်သောက်သုံးပါ။
• ခြေထောက်ကို လှုပ်ရှားပေးပါ။
• ခြေထောက်ကို ညင်သာစွာနှိပ်နယ်ပေးပါ။
• အသက်ကိုဖြည်းဖြည်းရှူပါ။
• အရက် ဆေးလိပ်ရှောင်ပါ။
Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။