Print

အပူရှိန်ကြောင့် နွမ်းနယ်မှု (Heat Exhausation)

  28-Sep-2017
Preview Image


လူတစ်ယောက်သည် ပူသောရာသီ၌ဖြစ်စေ ပူသောပတ်ဝန်းကျင်၌ဖြစ်စေ နေသည်မှာကြာလာပါက ချွေးအလွန်ထွက်၍ ခန္ဓာကိုယ်တွင်းမှ ရေနှင့်ဆားဓာတ်များ လျော့ပါးကုန်သဖြင့် သွေးဖိအားကျကာ မောပန်းနွမ်းနယ်နိုင်သည်။ ဤသည်ကို အပူကြောင့် နွမ်းနယ်ခြင်း သို့ အပူမောပန်းခြင်းဟုခေါ်၏။


အပူနွမ်းခြင်း လက္ခဏာများ

. နေထိုင်၍ မကောင်းခြင်း

. သတိမေ့ခြင်း

. အားနည်းသည်ဟုခံစားရခြင်း

. ချွေးအလွန်ထွက်ခြင်း

. ခေါင်းမူးခြင်း

. ပျို့ခြင်း

. ကြွက်တက်ခြင်း

. သွေးဖိအားကျခြင်း

. အေး၍ စိုသောအရေပြားရှိခြင်း


ဖြစ်နိုင်သူများ

. အသက် ၂နှစ်အောက်ကလေး

အသက် ၆၅ နှစ် အထက်လူကြီး

. နှလုံးဆီးချို ကျောက်ကပ်ရောဂါ ရှိသူ

.အဝတ်ထူဝတ်ထားသူ

.စစ်သား

. အားကစားသမား


ဖြစ်နိုင်သောအကြောင်းအရာများ

. အလွန်ပူအိုက်သောရာသီ (ပြင်ပအပူချိန် ၉၃ဒီဂရီ ဖာရင်ဟိုက်ကျော်သည့်အခါ)

. နေပူထဲလမ်းလျှောက်သူ 

. အရက်သောက်ထားသူ

.သွေးကြောကျယ်ဆေးများ သောက်နေရသူ

. အဝတ်ထူထူဝတ်၍ အပူထဲနေသူ

. ဝလွန်းသူ

. အအေးပိုင်းမှ အပူပိုင်းရောက်လာသူ


ကုသမှု

.နေပူထဲမှ အရိပ်ထဲခေါ်ပါ

. အဝတ်ထူထူ ဝတ်ထားလျှင် ချွတ်ပါ

. ရေပတ်ဝတ်တိုက်ပါ ပန်ကာဖွင့်ပါ

. ရေအေးတိုက်ပါ၊ ကော်ဖီအရက်သကြားမတိုက်ပါနှင့်

.သွေးဖိအားနည်းပါက လှဲအိပ်ပါစေ

. သစ်သီးဖျော်ရည်တိုက်ပါ

.သွေားအားသိပ်ကျပါက ဓာတ်စားရေသွင်းပါ


Dr. ZIN

crd- ဒေါက်တာမောင်မောင်ညို



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18