အသက်ရှည်လိုလျှင် လမ်းလျှောက်ပါ
02-Jan-2021လမ်းလျှောက်ခြင်းသည်
ရိုးရှင်းလွယ်ကူသော လှုပ်ရှားမှုတစ်ရပ် ဖြစ်၏။ ရိုးရှင်း လွယ်ကူသော်လည်း ကောင်းကျိုးများစွာ
ရနိုင်၏။ လမ်းလျှောက်ခြင်းသည် လတ်တလော ပျော်ရွှင်မှုကို ရရှိစေ၏။ မြင်ကွင်း အသစ်အဆန်းများကို
ကြည့်ရှုနိုင်၏။ လမ်းလျှောက်ရင်း တွေးတောကြံဆနိုင်၏။ မိတ်ဆွေတစ်ဦးနှင့်အတူ နေရာသစ်များသို့
သွားရောက် လည်ပတ်နိုင်၏။ လမ်းလျှောက်ခြင်း ပြီးဆုံးသောအခါ သင်သည်ပို၍
နေကောင်းလာ၏။
ရုပ်ပိုင်းဆိုင်ရာ ပိုမိုကြံ့ခိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျေနပ်ပျော်ရွှင်မှုလည်း
ရရှိလာ၏။
နေ့စဉ်ပုံမှန်
လမ်းလျှောက်သော အလေ့အထသည် သင့်အား များပြားလှစွာ
သော ရောဂါဆိုးတို့၏
အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်၏။ တစ်နေ့လျှင် မိနစ်သုံးဆယ် ကြာ ခပ်သွက်သွက် လမ်းလျှောက်ခြင်း
သည် အမျိုးသမီးများတွင် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း
လေ့လာတွေ့ရှိခဲ့ရ၏။ အကယ်၍ တစ်နေ့လျှင် လမ်းလျောက်နှုန်း နှစ်ဆ ပိုမိုပြုလုပ်ပါက နှလုံးရောဂါ
ဖြစ်နိုင်ချေ ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရှိရ၏။
အမျိုးသားများသည်
တစ်နေ့လျှင် မိနစ်သုံးဆယ်ကြာ ခပ်သွက်သွက် လမ်းလျှောက်
ခြင်းဖြင့်
လေဖြတ်ခြင်း ရောဂါ ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း လေ့ လာတွေ့ရှိရ၏။
အကယ်၍ လမ်းလျှောက်နှုန်းကို နှစ်ဆ ပိုမို ပြုလုပ်ပါက လေဖြတ်
ခြင်းရောဂါ
ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်းကို သိရှိရ၏။
တစ်ပတ်လျှင်
နှစ်ရက် (သို့) သုံးရက် လမ်းလျှောက်ခြင်းသည် ဦးနှောက်သို့ သွေး သွားလာမှုကို တိုးပွားလာစေသည်။
ထိုသို့ သွေးလည်ပတ်မှု ကောင်းမွန်ခြင်းကြောင့် မှတ်ဉာဏ် တိုးတက်လာ၏။ အာရုံစူးစိုက်မှု
ပိုမိုထက်မြက်လာ၏။ ပုံမှန်လမ်းလျှောက်သော အမျိုးသမီးများတွင် အရိုးပါးရောဂါကြောင့်
အရိုးကျိုးနှုန်းသည်လည်း လျော့နည်းကျဆင်းသွားကြောင်း သိရှိရ၏။
ဇရာကို နှေးကွေးစေသော
ကြီးထွားမှုဆိုင်ရာ ဟော်မုန်းဓာတ် ထွက်ပေါ်မှုကိုလည်း အားပေး၏။ အလိုအလျောက် တုံ့ပြန်မှုစနစ်ကိုလည်း
ပိုမိုကောင်းမွန်စေ၏။ မတော်တဆ ချော်လဲခြင်းစသော မကောင်းသည့်ဖြစ်ရပ်များ အန္တရာယ်မှလည်း
ကြိုတင်ကာကွယ်ပေး၏။ Endorphin ဟုခေါ်သည့် ဟော်မုန်းဓာတ် ထွက်ပေါ်မှုလည်း အားပေး၏။ ထိုဟော်မုန်းဓာတ်သည်
စိတ်ရောဂါနှင့် စိုးရိမ်ပူပန်မှုကို လျော့နည်းစေ၏။
နေ့စဉ် လုပ်ငန်းဆောင်တာများ
လုပ်ဆောင်နေရာမှာ ငြီးငွေ့မှု ပျောက်စေရန် လမ်းလျှောက်ခြင်းဖြင့် ခေတ္တ အနားရစေ၏။ အရေးကြီးသည်မှာ
လမ်းလျှောက်ရာ၌ ခပ်သွက်သွက်လျှောက်ရန် ဖြစ်၏။ အကယ်၍ သင်သည် အုပ်စုဖွဲ့၍ လမ်းလျှောက်သော
လမ်းလျှောက်အသင်းကို ပြုစုဖွဲ့စည်းသည်ဖြစ်စေ၊ နောက်ထပ်ကောင်းကျိုးများ ထပ်မံရရှိဦးမည်ဖြစ်၏။
လမ်းလျှောက်တိုင်း မိတ်ဆွေသစ်များ တိုးပွားလာမည်ဖြစ် ၏။ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကို
ပိုမိုကျယ်ပြန့်လာစေမည်ဖြစ်၏။
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။