ကျနော်တို့ ဘာကြောင့် နေ့စဉ်ချစ်တင်းနှောသင့်သလဲ?
16-Jan-2021ကျနော်တို့
ဘာကြောင့် နေ့စဉ်ချစ်တင်းနှောသင့်သလဲ?
အိမ်ထောင်ရှင်အမျိုးသားနှင့် အမျိုးသမီးများကို
မေးချင်ချင်တာက သင်တို့ နေ့စဉ် ချစ်တင်းနှောဖြစ်ပါသလား။
ချစ်တင်းနှောခြင်းဟာ သင့်ခန္ဓာကိုယ်နှင့်
သင့်စိတ်မနောအတွက် အရမ်းအရေးကြီးတယ် ဆိုတာကို ပြောပြပါရစေ။ ချစ်တင်းနှောခြင်းဟာ သင့်ကျန်းမာရေးအတွက်
ကောင်းကျိုးများစွာရှိပါတယ်။ အချက်ကလေးတွေနဲ့ အောက်မှာ ပြောပြပေးသွားပါမယ်။
၁။ ငယ်ရွယ်နုပျိုစေခြင်း
နေ့စဉ် ချစ်တင်းနှောခြင်းဖြင့် ကုန်ကျစရိတ်များသော
အလှကုန်ပစ္စည်းများ သုံးစရာမလိုပဲ သင့်ကို ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။ ချစ်တင်းနှောခြင်းမှ
ခံစားရလာသော စိတ်ကျေနပ်မှုသည် သင့်ကိုတက်ကြွလန်းဆန်းစေပြီး လက်ရှိအသက်ထက်ပိုပြီး နုသွားစေတယ်လို့
ထင်သွားစေနိုင်ပါတယ်။ ဒီကမတဆင့် စိတ်ကြည်ပြီး နုပျိုသွားစေနိုင်ပါတယ်။
၂။သန္ဓေအောင်နိုင်စွမ်းကို
ပိုကောင်းစေခြင်း
ယခုခေတ်အခါမှာ ဇနီးမောင်နှံအများစုသည် ကလေးလိုချင်လှတဲ့အတွက်
ဆေးဝါးများ သုံးစွဲနေကြတာတွေ့ရပါတယ်။ နေ့စဉ် ချစ်တင်းနှောပေးခြင်းအားဖြင့် အမျိုးသမီး
မမျိုးဥကြွေသည့်ရက်နှင့် အမျိုးသားရဲ့ လတ်ဆတ်တက်ကြွတဲ့ သုတ်ကောင်လေးတွေဟာ တွေ့ဖို့
အခွင့်အရေးပိုရရှိစေပါတယ်။ ဒါကြောင့် တခြားဆေးဝါးများ သုံးစွဲခြင်းထက် သန္ဓေအောင်နိုင်စွမ်းကို
ပိုကောင်းစေသော သဘာဝနည်းလမ်းတစ်ခုဖြစ်ပါတယ်။
၃။ အအေးမိနှာစေးဖြစ်စေသော
ရောဂါပိုးကို တိုက်ထုတ်ပေးခြင်း
ချစ်တင်းနှောခြင်းဟာ ခန္ဓာကိုယ်မှ ခုခံအားကို
ပိုမိုမြင့်တက်စေနိုင်သဖြင့် အအေးမိနှာစေးဖြစ်စေသော ရောဂါပိုးကို တိုက်ထုတ်ပေးနိုင်စွမ်း
ပိုကောင်းစေပါတယ်။ ဒါကြောင့် အအေးမိဖျားနာခြင်းနှင့် နှာစေးခြင်းတို့မှ ကင်းဝေးစေနိုင်ပါတယ်။
၄။ အသက်ရှည်စေခြင်း
ချစ်တင်းနှောခြင်းဟာ ငယ်ရွယ်နုပျိုခြင်းကို
ခံစားရစေပြီး အထီးကျန်ခြင်းကင်းဝေးစေတဲ့အတွက် ဘဝကို ပိုမိုပေါ့ပါးလွတ်လပ်စွာ ပျော်ရွှင်စေနိုင်ပါတယ်။
ဒါကြောင့် အသက်ရှည် ကျန်းမာစေနိုင်ပါတယ်။
၅။ ကယ်လိုရီများစွာကို
လောင်ကျွမ်းစေခြင်း
ခေတ်အခါအရ အနေအထိုင် အစားအသောက် ပုံစံပြောင်းလာတာနဲ့အမျှ
ကိုယ်အလေးချိန်များကာ အဝလွန်လာတဲ့သူများ ဒုနဲ့ဒေးရှိပါတယ်။ ဒါကိုလည်း လေ့ကျင့်ခန်းလုပ်ရန်
ပျင်းရိကြပါတယ်။ တချို့ကတော့လည်း အလုပ်သဘာဝအရ အထိုင်များခြင်း၊ လေ့ကျင့်ခန်းလုပ်ရန်
အချိန်မရှိခြင်း နေရာမရှိခြင်းတို့ကြောင့် လေ့ကျင့်ခန်း မလုပ်ဖြစ်ကြသည်ကများပါတယ်။
ချစ်တင်းနှောခြင်းဟာ ကယ်လိုရီများစွာကို လောင်ကျွမ်းစေနိုင်တဲ့အတွက် နေ့စဉ် လေ့ကျင့်ခန်းပုံမှန်
လုပ်ပေးခြင်းနှင့် တူပါတယ်။
၆။ ဓမ္မတာလာစဉ်
နာကျင်မှု သက်သာစေခြင်း
အမျိုးသမီးအများစုသည် ဓမ္မတာလာစဉ်တွင် ဗိုက်အောင့်၊
ဆီးစပ် ခါးစပ်ကိုက်ခဲခြင်း စသဖြင့် နာကျင်မှုဝေဒါနာ ခံစားရတတ်ကြပါတယ်။ တချို့မှာတော့
မခံစားရတတ်ကြပါ။ သင်ဟာ ဓမ္မတာလာစဉ် နာကျင်မှု ခံစားရတတ်ပါက ချစ်တင်းနှောခြင်းက ဒီလိုနာကျင်မှုကို
သက်သာစေနိုင်ပါတယ်။
ချစ်တင်းနှောခြင်းကို နောက်ထပ် ကောင်းကျိုးများစွာရှိပါသေးတယ်။
မိမိစိတ်ကို နားလည်ချုပ်တည်းနိုင်စွမ်းမြင့်မားစေပြီး မိသားစု ပြဿနာများ အဖြစ်နည်းစေပါတယ်။
နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုမြင့်တက်စေပြီး
ပိုမိုဆွဲဆောင်မှုရှိတဲ့လူတစ်ယောက် ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု လျော့ကျစေနိုင်ပါတယ်။ ကြောက်စရာကောင်းသော
ကင်ဆာရောဂါဖြစ်နိုင်ချေကိုလည်း လျော့နည်းစေပါတယ်။ ဒါကတော့ အံသြစရာကောင်းလှပါတယ်။ အရေးအကြီးဆုံးအနေနဲ့
အသက်ကြီးလာတာနဲ့အမျှ ခံစားလာရမယ့် ညအိပ်မပျော်ခြင်း ဒုက္ခမှလည်း ကင်းဝေးစေနိုင်ပါတယ်။
Reference-
OHAFRIKA TV youtube, happylifereport.com
Dr. Lwin
Moe Kyaw