နှင်းဆီပန်းတစ်ပွင့်၏ ကျန်းမာရေး အတွက် အသုံးဝင်ပုံများ
19-Jan-2021
နှင်းဆီပွင့်ဖတ်လေးတွေက
အရေပြားနဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။
နှင်းဆီပွင့်ဖတ်ရည်ကို
အလှအပအတွက် အသုံးပြုနိုင်ပုံများ
- နှင်းဆီပွင့်ဖတ်ရည်ကို
အရေပြားအတွက် သဘာဝတိုနာအဖြစ်အသုံးပြုနိုင်ပါတယ်။ မျက်နှာပေါ်က အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတယ်။
- နှင်းဆီပွင့်ဖတ်ထဲမှာ
ပါဝင်ထဲ သဘာဝအဆီက အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်လို့ အသားအရေကို နူးညံ့ပျော့ပျောင်းစေပါတယ်။
- နေရောင်ကာခရင်မ်အဖြစ်လည်းအသုံးပြုနိုင်တယ်။
နှင်းဆီပွင့်ဖတ်ထဲမှာပါဝင်တဲ့ဗီတာမင်စီက အရေပြားပေါ်ကျရောက်လာတဲ့ နေရောင်ခြည်ဒဏ်ကို
ကာကွယ်ပေးနိုင်ပါတယ်။နှင်းဆီပွင့်ဖတ်ရည်ကို သခွားသီးအရည်၊ ဂလစ်ဆရင်တို့နှင့် ရောပြီး
အပြင်မသွား ခင်အရေပြားပေါ်လိမ်းပေးပါ။
- နှင်းဆီပွင့်ဖတ်မှာ
ဘက်တီးရီးယားပိုးသတ်အာနိသင်ပါရှိတာကြောင့် ဝက်ခြံတွေကို သက်သာပျောက်ကင်းစေပါတယ်။ နှင်းဆီပွင့်ဖတ်ရည်က
အရေပြားယားယံပြီးနီမြန်းတာလည်း သက်သာစေပါတယ်။ အရေပြားရောဂါတွေဖြစ်တဲ့ နှင်းခူ၊ ဆိုရိယေးစစ်တွေကိုလည်း
အမြန် သက်သာပျောက်ကင်းအောင်ကူညီပေးပါတယ်။
- နှင်းဆီပွင့်ဖတ်ရည်နဲ့
သံပရာရည်ကို ဆတူရောပြီး မျက်နှာသစ်ပေးပါ။ ၂-၃ပတ် လောက်ပြုလုပ်ပါက မျက်နှာပေါ်ကဝက်ခြံတွေသာမက
ဝက်ခြံ အမာရွက်တွေ၊
အမည်းစက်တွေကိုပါ
လျော့နည်းသက်သာစေပါတယ်။
- နှင်းဆီပွင့်ဖတ်ရည်ထဲကို
ဂွမ်းစနှစ်ပြီး မျက်ကွင်းညိုတဲ့ နေရာပေါ်ကို ကပ်တင်ထားပေးပါက မျက်ကွင်းညိုတာ လျော့နည်းသွားစေပါတယ်။
နှင်းဆီပွင့်ဖတ်ရည်ပြုလုပ်နည်း
ကို ဖော်ပြပေးလိုက်ပါတယ်။
မနက်ခင်းနေထွက်ချိန်မှာ
နှင်းဆီပန်းကိုခူးယူပြီး ရေဆေးသန့်စင်ပါ။ နှင်းဆီပွင့်ဖက်တွေကို ကြွေပြီး ပေါင်းအိုးတစ်လုံးထဲထည့်ပါ။
ပြီးနောက်နှင်းဆီပွင့်ဖက်မြှုပ်အောင်ရေထည့်ပြီး အပူပေးပါ။ အိုးအဖုံးကို ပိတ်ထားဖို့နှင့်
အပူရှိန် မြင့်မြင့် မပေးမိအောင် ဂရုပြုပါ။ အငွေ့ ပြန်လာပြီး ရေအရောင်က နှင်းဆီပွင့်ဖတ်အရောင်ပြောင်းလာတဲ့အထိထားပါ။
ပြီးနောက် မီးဖိုးပေါ်ကချပြီး အအေးခံပါ။ အေးသွားပါက လေလုံတဲ့ ပုလင်းတစ်လုံးထဲထည့်ပြီး
ရေခဲသေတ္တာထဲထည့်ထားပါ။
Credit : ဇာခြည်ဝင်း
(ဆေးဝါးတက္ကသိုလ်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။