တစ်ပတ် ၁ ပေါင် လျော့ကျနိုင်မယ့် နည်းလမ်း (၄) ခု
21-Feb-2021
၁ - အတူစားပါ
နေ့လည်စာ
စားတဲ့အခါဖြစ်ဖြစ်၊ ညစာပဲဖြစ်ဖြစ် လူတွေနဲ့အတူ စားပါ။ ကိုယ့်စားမယ့်အစားအသောက်ကို သူငယ်ချင်းတွေနဲ့အတူ
များများဝေမျှစားသောက်ပါ။ အစာမစားမီရေသောက်ပါ။
၂ - လျှော့စား
အဆီကိုတော့
လျှော့စားရမှာဖြစ်ပါတယ်။ တစ်ပတ် သုံးလေးခါလောက်စားဖြစ်နေတဲ့ သင်အကြိုက်ဆုံးအစားအစာတွေထဲမှာ
အဆီများတဲ့အစားအစာပါနေရင် လျှော့ချပါ။
၃ - လှေကားသုံး
ဓာတ်လှေကားစီးမယ့်အစား
လှေကားက တက်ပါ။ အလုပ်သွားတဲ့အခါ စောစောထွက်ကာ တစ်မှတ်တိုင်လောက်ကြိုဆင်းပြီး လမ်းလျှောက်ပါ။
၄ - မိနစ်
(၃၀)
မိနစ် ၃၀
လေ့ကျင့်ခန်းလုပ်ပါ။ သင့်ခန္ဓာကိုယ်အလေးချိန်နဲ့ သင်လုပ်တဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီး
ကယ်လိုရီ ၂၅၀-၃၅၀ လောက် မိနစ် ၃၀ တွင်းလောင်ကျွမ်းနိုင်ပါတယ်။
Credit :
Duwun
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။