ရေနစ်သူကို အရေးပေါ်ပြုစုနည်း
12-Mar-2021
တစ်စုံတစ်ယောက်ရေနစ်နေလျှင်
၁။ အကူအညီတောင်းပါ။
အရေးပေါ်သက်ကယ်ပေးမယ့် lifeguard ကို အကူအညီတောင်းပါ။ အရေးပေါ် အကူအညီခေါ်ပါ။
အကယ်၍ အကူအညီတောင်းရမယ့်သူ ပတ်ဝန်းကျင်မှာမရှိရင် အောက်ပါ အဆင့်များကို လုပ်ဆောင်ပါ။
၂။ ရေနစ်နေသူကို နေရာရွှေ့ပါ။
ရေနစ်နေသူကို ရေထဲကနေ လွတ်ရာကို ရွှေ့ပါ။
၃။ အသက်ရှူမရှူ စစ်ပါ။
ရေနစ်သူရဲ့ ပါးစပ်နဲ့ နှာခေါင်းနားကို နားနဲ့ ကပ်ပြီး အသက်ရှူမရှူနားထောင်ပါ။ လေဝင်လေထွက်ရှိမရှိ စမ်းသပ်ကြည့်ပါ ။ ရင်ဘတ် အနိမ့်အမြင့် ရှိမရှိစမ်းပါ။
၄။အသက်မရှူဘူးဆိုရင် သွေးခုန်မခုန်စမ်းသပ်ပါ။
သွေးခုန်နှုန်းရှိမရှိ ၁၀ စက္ကန့်ခန့် စမ်းသပ်ပါ။
၅။ အကယ်၍ သွေးခုန်နှုန်း စမ်းလို့မရရင် အရေးပေါ်အသက်ကယ်မှု စတင်ပါ။
ရေနစ်သူကို အသာအယာလဲလှောင်းပါ။
လူကြီးနဲ့ ကလေးငယ်အတွက် လက်ဖနောင့်ကို ရင်ဘန်အလယ် နို့သီးခေါင်းနဲ့ တတန်းထဲနေရာမှာ ထားပါ။ နောက်လက်တစ်ဖက်ကို အပေါ်မှာ ထပ်ထားပါ။ မွေးကင်းစအရွယ် ကလေးငယ် အတွက်ဆိုရင် လက်နှစ်ခေါင်းကို ရင်ညွန့် အရိုးပေါ်မှာ ထားပါ။
ရင်ဘတ်ကို နှစ်လက်မခန့် အောက်ကျသွားအောင် ဖိပေးပါ။ နံရိုးတွေပေါ်မဖိမိအောင် ဂရုစိုက်ပါ။ မွေးကင်းစ ကလေးငယ်ဆိုရင် တစ်လက်မ တစ်လက်မခွဲလောက်ပဲ ဖိပေးပါ။ ရင်ညွန့်ရိုးအဖျားကို မဖိပါနဲ့တစ်မိနစ်အတွင်း အခေါက် ၁၀၀ မှ ၁၂၀ ကြားရအောင်ဖိပါ။ ဖိချက်တစ်ခုနဲ့ တစ်ခုကြားတွင် ရင်ဘတ်ပြန်ကြွလာပါစေ
ရေနစ်သူ အသက်ရှူနိုင်မရှူနိုင်ကို စစ်ဆေးပါ။
၆။ အကယ်၍ အသက်မရှူသေးရင်
အရေးပေါ် အသက်ကယ်နည်းကို သင်ယူထားဖူးပါက ခေါင်းကို နောက်အနည်းငယ်လှန် မေးရိုးကိုမပြီး လေပြွန်ကို ဖွင့်ပေးပါ။
ရေနစ်သူရဲ့ နှာခေါင်းကို ပိတ် ပါးစပ်ကို လေလုံအောင်ကာပြီး တစ်စက္ကန့် ကြာအောင် နှစ်ခေါက် လေမှုတ်သွင်းပေးပါ။
လေနှစ်ခါမှုတ်သွင်းပြီး ရင်ဘတ်ကို အခါ၃၀ ဖိပါ။
အဆိုပါ အသက်ကယ် နည်းကို ရေနစ်သူ အသက်ရှူလာချိန် အထိ သို့မဟုတ် အရေးပေါ် အကူအညီရောက်လာသည်အထိ ပြုလုပ်ပေးပါ။
Credit : Dr. Aung
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
