စိတ်ခံစားမှုအပြောင်းအလဲများအပေါ် ယူဆချက်များ
06-Nov-2017၁။ တေးဂီတက စိတ်ခံစားမှုကို မြှင့်တင်ပေးတယ်
ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ သီချင်းငြိမ့်ငြိမ့်ညောင်းညောင်း နားထောင်သူတွေနဲ့ တခြားခေတ်ပေါ်တေးဂီတကို နားထောင်သူတွေနဲ့ တခြားခေတ်ပေါ်တေးဂီတကို နားထောင်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်မှုတွေ ကွာခြားတာကို တွေ့ရပါတယ်။
၂။ အယုံလွယ်သူတွေဟာ စိတ်ခံစားမှု ကောင်းမွန်ကြတယ်
သံသယရှိသူတွေရဲ့ စိတ်က အရာရာကို သံသယမျက်စိနဲ့ ကြည့်နေတာကြောင့် တစ်ဖက်သားရဲ့ လိမ်လည်လှည့်ဖြား မှုကို မခံရနိုင်ပေမယ့် အယုံလွယ်သူတွေကတော့ သူတစ်ပါးလိမ်လည်လှည့်ဖြားတာကို အလွယ်တကူ ခံရနိုင်ပါတယ်။
၃။ စိတ်ခံစားမှုတွေက တစ်ဦးနဲ့တစ်ဦး ကူးစက်လွယ်တယ်
သင့်မိသားစုတွင်းမှာ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းတွေမှာ ကြုံတွေ့ရတဲ့ ပျော်ရွှင်စရာကိစ္စတွေက သင့်ဆီကူးစက်ပြီး သင်လည်း ပျော်ရွှင်မှုကို ခံစားရတတ်ပါတယ်။ အဲဒီလိုပဲ တစ်စုံတစ်ယောက်ရဲ့ စိတ်မကောင်းစရာကိစ္စ၊ ဝမ်းနည်းပူဆွေးစရာ ကိစ္စတွေကလည်း သင့်က မဖိတ်ခေါ်ဘဲ အလွယ်တကူ ရောက်လာနိုင်ပါတယ်။ သင်ကိုယ်တိုင်ခံစားဖူးသလို သုတေသန တွေ့ရှိချက်တွေအရလည်း စိတ်ခံစားမှုတွေက တစ်ဦးနဲ့တစ်ဦး ကူးစက်နိုင်တယ်ဆိုတာ အခိုင်အမာသက်သေပြနိုင်ခဲ့ ပါတယ်။
၄။ သံလွင်ဆီ၊ ဆယ်လ်မွန်ငါး၊ သစ်ကြားသီးတွေက စိတ်ဓာတ်ကျဆင်းခြင်းကို ကောင်းမွန်စေတယ်
လေ့လာမှုအသစ်အရ သံလွင်ဆီ စားသုံးတာက စိတ်ဓာတ်ကျဆင်းတာကို ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဆယ်လ်မွန်ငါးနဲ့ သစ်ကြားသီးတွေမှာ အိုမီဂါ - ၃ အဆီတွေ ပါဝင်ပြီး စိတ်ဓာတ်မြှင့်တင်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုများရင် ဒါမှမဟုတ် စိုးရိမ်စိတ်တွေများရင် ကယ်လိုရီများတဲ့ အဆင်သင့်အစားအစာတွေ စားတာက စိတ်ဓာတ်ကျဆင်းမှုကို အဟန့်အတားဖြစ်စေပါတယ်။
၅။ မိတ်ဆွေသစ်ဖွဲ့ခြင်းက စိတ်စွမ်းအားကို မြှင့်တင်ပေးတယ်
ပညာရှင်တွေရဲ့ လေ့လာမှုအရ သင့်မိတ်ဆွေသစ်မှာ သင်အားကျဂုဏ်ယူမိတဲ့ အချက်တွေရှိနေတာက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးပါတယ်။ မိတ်ဆွေသစ်နဲ့ ပေါင်းသင်းဆက်ဆံရေး ပြေလည်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးပွားစေပါတယ်။
၆။ လေ့ကျင့်ခန်းလုပ်တာ စိတ်ခံစားမှုကို ကောင်းမွန်စေတယ်
လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေကို ကူညီပေးပါတယ်။ ဦးနှောက်ဆီ ကောင်းမွန်စေတာနဲ့ သက်ဆိုင်တဲ့ ဒိုပါမင်း၊ ဆီရိုတိုနင်စတဲ့ ဟော်မုန်းတွေကို များစေပါတယ်။
၇။ အသက်ကြီးလာလေ အကောင်းမြင်စိတ်ဓာတ်နဲ့ ပိုမိုရှုမြင်နိုင်လေလေပါ
လေ့လာမှုအတော်များများမှာတော့ အသက်ကြီးလာသူတွေဟာ သူတို့ရဲ့ ကျန်ရှိတဲ့ သက်တမ်းကို အကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့ အကောင်းမြင်စိတ်တွေ ပြည့်နှက်နေပါတယ်။
၈။ ဆေးလိပ်သောက်သူတွေ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ စိတ်ဓာတ်ကျစေတယ်
ဆေးလိပ်သောက်သူတွေ ဆေးလိပ်ဖြတ်လိုက်တဲ့အချိန်မှာ စိတ်ထဲ မအီမသာခံစားရနိုင်ပေမယ့် ဆေးလိပ်လုံးဝ ပြတ်သွားတဲ့အခါ အဲဒီခံစားမှုတွေ မခံစားရတော့ပါဘူး။ ဆေးလိပ်ဖြတ်ပေမယ့် ဆေးလိပ်မဖြတ်နိုင်သူတွေမှာတော့ စိတ်ဓာတ်ကျတာကို ခံစားရတတ်တယ်လို့သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။
၉။ ရာသီဥတုပြောင်းလဲရင် စိတ်ခံစားမှု ပြောင်းလဲနိုင်တယ်
လေ့လာမှုများစွာအရ ရာသီဥတုပြောင်းလဲတဲ့အခါ စိတ်ခံစားမှုတွေပါ ပြောင်းလဲနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ နေသာတဲ့နေ့တွေမှာ အများစုက စိတ်လက်ကြည်သာရှိတတ်ကြပါတယ်။
Credit: ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)