ဝမ်းဗိုက်နာခြင်း (Abdominal Pain)
04-Apr-2021ဝမ်းဗိုက်နာခြင်း
(Abdominal Pain)
(၁) ဝမ်းဗိုက်အောင့်ခြင်း
၊ နာခြင်းတွင် ဆန်းစစ်ရမည့်အချက်များ
(၂) လူနာအခြေအနေအဆက်မပြတ်နာခြင်း
၊ ပြတ်တောင်းပြတ်တောင်းနာခြင်း
အထူးသတိပြုရှောင်ကြဉ်ရမည့်
အချက်များ
၁။ ဝမ်းဗိုက်ပြင်အား
နှိပ်ခြင်း၊ နယ်ခြင်း လုံးဝမပြုလုပ်ရ။
၂။ လူနာ၏ ရောဂါအခြေအနေကို
အတိအကျ မသိပဲ ဆေးတိုက်ခြင်းမပြုရ။
၃။ ဆေးရုံပို့ရမည့်လူနာအား
ရေ၊ အစာတိုက်ကျွေးခြင်းမပြုရ။
၄။ ရေနွေးအိတ်တင်ခြင်း၊
ဝမ်းနှုတ်ဆေးကျွေးခြင်းမပြုလုပ်ရ။
ပြုစုနည်း
၁။ လူနာအား
လဲလျောင်းစေပြီး မည်သည့်အစာ၊ ရေမျှမတိုက်ကျွေးရ။
၂။ ပက်လက်အနေအထားဖြင့်
ဒူးကိုကွေး၍ထောင်ထားစေပြီးသက်သာသောအနေအထားတွင်ထားပါ။( အသက်ရှူခက်ခဲသည် အထိ နာကျင်ပါက
လူနာကို ထိုင်လျှက်အနေအထား၊ ကုန်းလျှက်အနေအထားတွင်ထားပါ။
၃။ လူနာ၏ သွေးခုန်နှုန်း၊
အသက်ရှူနှုန်းများ မှတ်သားပါ။
၄။ ဆေးရုံ၊ဆေးခန်းသို့
ပို့လျှင် အန်ဖတ်များကို ဆရာဝန်/ဆရာမ များထံပြသပါ။
Credit : အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။