Print

စိတ်ဖိစီးမှုများကို အမြန်ဆုံးလျှော့ချနိုင်သော နည်းလမ်းများ

  12-Nov-2017
Preview Image

၁။ ဇက်ကြောလျှော့ပေးပါ

   စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့အခါ စသိနိုင်တာက သင့်လည်ပင်းပါ။ အများစုက ဇက်ကြောတက်တယ်လို့လည်း ပြောတတ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်လည်ပင်းတောင့်တင်းလာပါက သင့်ညာဘက်လက်နဲ့ ဦးခေါင်းကိုကျော်ကာ ဘယ်ဘက်နားရွက် အနောက်နားကို ထိထားပြီး ဦးခေါင်းကို ညာဘက်ပခုံးဆီ ဖြည်းဖြည်းချင်း ဆွဲပါ။ အဲဒီပုံစံအတိုင်း တစ်ဖက်ပြောင်းပြီး ပြုလုပ်ပေးပါ။ စိတ်ဖိစီးမှုကြောင့် ဇက်ကြောတောင့်တင်းတာ သက်သာသွားစေပါတယ်။ 


၂။ တေးဂီတနားဆင်ပါ

 ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာမှုအရ နေ့စဉ်စိတ်ညစ်ညူးစရာတွေ တွေ့ကြုံရနေတာကြောင့် သွေးပေါင်အနည်းငယ် တက်တာ ဖြစ်ပေါ်စေတယ်လို့ တွေ့ရပါတယ်။ လေ့လာသူတွေက တေးဂီတ နားဆင်တာနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်တာကိုယှဉ်ပြီး လေ့လာကြည့်တဲ့အခါ တေးတီတနားဆင်တာက သွေးပေါင်ပိုမိုကျဆင်းစေတာကို တွေ့ရပါတယ်။ သင်က စိတ်ဖိစီးမှုတွေများပြီး စိတ်ညစ်ညူးနေတဲ့အခါ တေးဂီတကို နားဆင်တာက စိတ်ဖိစီးမှုကို အကောင်းဆုံး လျှော့ချပေးနိုင်တဲ့ နည်းလမ်းပါ။ 


၃။ အသက်ရှူသွင်း၊ ရှူထုတ်ဖို့ သတိရပါ။ 

 သက်သောင့်သက်သာထိုင်ပြီး သင့်မျက်လုံးတွေကို မှိတ်ထားကာ အာရုံစိုက်ပြီး အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်တာက စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ရှူသွင်းလိုက်တဲ့ လေတွေက ခန္ဓာကိုယ်အနှံ့ကို ဝင်ရောက်သွားပြီ ရှူထုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်မှ မလိုအပ်တာတွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။ 


၄။ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ။

 တစ်နေ့ကို မိနစ် ၄၀ ကြာအောင် လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေပါက ရေချိုးလိုက်တာ၊ နေ့လယ်စာ စားတာတွေ ပြုလုပ်လိုက်တာကလည်း စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ 


၅။ အအေးဓာတ်ရရှိနေပါစေ 

 ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်းရှိတာက ဦးနှောက်မှာ ဆီရိုတိုနင်းဟော်မုန်းထုတ်လုပ်မှုကို များစေပြီး စိတ်တို တည်ငြိမ်စေပါတယ်။ သင့်အလုပ်မှာ စိတ်ဖိစီးမှုများတဲ့အခါ ရေခဲကို တဘက်လေးနဲ့ ထုပ်ပြီး ဇက်ပေါ်မှာ ၁၅ မိနစ်ကြာ တင်ထားပေးပါ။


စိတ်ဖိစီးမှုလျော့နည်းစေရန် 

၁။ ဗာဒံစေ့

 အစေ့အဆန်တွေ စားပေးတာက သွေးပေါင်ကို ကျဆင်းစေပါတယ်။ ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင်အီး၊ ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်တဲ့ ဗီတာမင်ဘီအုပ်စု တွေကိုပါ ရရှိနိုင်ပါတယ်။ 


၂။ ထောပတ်သီး

 ထောပတ်သီးမှာ မပြည့်ဝဆီနဲ့ ပိုတက်စီယမ်တွေ ပါဝင်ပြီး ဖိစီးမှုကြောင့် သွေးပေါင်တက်တာကို ကျဆင်းစေပါတယ်။ 


၃။ ဟင်းနုနယ်ရွက်

 မဂ္ဂနီဆီယမ် မလုံလောက်ပါက ဖိစီးမှုခံစားရတာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ မောပန်းနွမ်းနယ်နေတာတွေ ဖြစ်တတ်ပါတယ်။ တစ်နေ့ကို ဟင်းနုနယ်ရွက် တစ်ခွက်စာ စားပေးတာက တစ်နေ့တာလိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏရဲ့ ၄၀ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ 


၄။ အဆီထုတ်ထားသော နို့

   နွားနို့နွေးနွေးတစ်ခွက်ကို သောက်သုံးခြင်းဟာ သင့်ကို စိတ်ပျော်စေပြီး အနားရစေတဲ့ အိမ်သုံးဆေးဝါးတစ်ခုပါ။ နို့မှာပါဝင်တဲ့ ကယ်လ်ဆီယမ်က ကြွက်သားတွေ တင်းမာမှုနဲ့ တင်းအားကို လျော့နည်းစေတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခဒယ်မန်က ပြောပါတယ်။ နို့သောက်တာက ရာသီမလာခင်ဖြစ်တတ်တဲ့ ဖိစီးမှုတွေဖြစ်တဲ့ စိတ်ဂနာမငြိမ်တာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ဆတ်တာတွေကိုလည်း လျော့နည်းစေပါတယ်။


 ၅။ အုတ်ဂျံု

 အုတ်ဂျံုစားတာကြောင့် ရရှိတဲ့ ကာဗိုဟိုက်ဒရိတ်က အညိုရောင်ချောကလက်စားသလိုမျိုး ဦးနှောက်ကနေ စိတ်အနားရစေတဲ့ ဆီရိုတိုနင်ကို ပိုထွက်စေပါတယ်။ 


၆။ ဆယ်လ်မွန်ငါး

 အိုမီဂါ-၃ အဆီက ဖိစီးမှုကို လျော့နည်းစေပါတယ်။ အိုမီဂါ - ၃ က စိတ်ဖိစီးမှု ဟော်မုန်းတွေဖြစ်တဲ့ ကော်တီဇောထွက်ရှိမှုကို နည်းစေပါတယ်။ 


၇။ လိမ္မော်သီး

 ဗီတာမင်စီ ၃၀၀၀ မီလီဂရမ် စားသုံးထားသူတွေဟာ ဖိစီးမှုနည်းတာတွေကို တွေ့ရပါတယ်။ 


Credit: ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18