ကိုယ်ဝန်ဆောင်ဗိုက်အပ်ခြင်း
26-May-2021
အမျိုးသမီးများ
ကိုယ်ဝန်ဆောင်လျှင် ဗိုက်အပ်သည်ဟူသော ကိစ္စတစ်ရပ် လုပ်ဆောင်လေ့ရှိကြသည်။ မွေးဖွားလျှင်
အရပ်လက်သည်နှင့် မွေးဖွားမည်လား၊ သားဖွားဆရာမနှင့် မွေးဖွားကြမည်လား စသည်ဖြင့်၊ အဓိကဦးတည်သည်မှာမွေးဖွားကြသည့်ကိစ္စဖြစ်သည်။
မည်သို့ပင်ဆိုစေ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးသည် ဗိုက်အပ်ကြစမြဲပင်ဖြစ်သည်။ ဗိုက်အပ်သည်ဆိုရာတွင်
ဗိုက် ၂ လ ၃ လ ရမှအပ်ကြသည်။ မွေးဖွားခါနီရောက်မှ ဗိုက်အပ်ကြသူများလည်း ရှိပါသည်။
အမှန်စင်စစ်
ဗိုက်အပ်ခြင်းမှာ မွေးဖွားရန် ကိစ္စတစ်ရပ်အတွက်သာ မဟုတ်ပေ။ မွေးဖွားခြင်းသည်သာ အရေးကြီးသည်
မဟုတ်ပေ။ ကိုယ်ဝန်ရှိစဉ်မှာပင် Antenatal Care ခေါ်မမွေးဖွားမီ ကျန်းမာရေးစောင့်ရှောက်မှု
အဓိကလိုအပ်ပါသည်။ မမွေးဖွားမီ ကျန်းမာရေး၌ အစစအရာရာ ကောင်းမွန်မှသာလျှင် မွေးဖွားခြင်းနှင့်မွေးဖွားပြီးချိန်တို့၌
အစစအရာရာ အဆင်ပြေချောမွေ့နိုင်မည် ဖြစ်ပါသည်။
ဤတွင်
Antenatal Care၊ တစ်နည်းအားဖြင့် ဗိုက်စောင့်ရှောက်မှုသည် မည်သည့်အချိန်တွင် စတင်သင့်သည်ကို
သေသေချာချာ သိနားလည်ထားဖို့လိုသည်။ အများအားဖြင့် ကိုယ်ဝန်ရှိစကာလကို အရေးမကြီးဟု ထင်မြင်ယူဆနေကြခြင်းဖြစ်သည်။
ကိုယ်ဝန်လရင့်မှ ဗိုက်အပ်ဖို့လိုသည်ဟု ထင်မှတ်မှားနေကြသည်။ Antenatal Care မှာ ကိုယ်ဝန်ရယူရန်
ကြံစည်စိတ်ကူးချိန်မှာ စသည်ဟု ဆေးပညာရှင်များကဆိုပါသည်။
အမျိုးသမီးအဖို့
ကိုယ်ဝန်ယူရန် ဆုံးဖြတ်ပြီးသည် ဆိုပါက ဆရာဝန်နှင့် ပြသ၍ အကြံဉာဏ်ရယူရန် လိုအပ်ပြီဖြစ်သည်။
အကယ်၍ မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိသွားပါက စောနိုင်သမျှစောစွာ ဗိုက်အပ်ကြရန် ဖြစ်ပါသည်။
• ကိုယ်ဝန်ယူမည်ဟု ရည်ရွယ်သည်နှင့် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
• စောနိုင်သမျှစောစွာ ဗိုက်အပ်ရပါမည်။
Credit:ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
