Print

ဦးနှောက်အမြှေးရောင်ရောဂါ

  14-Jun-2021
Preview Image

ဦးနှောက်အမြှေးရောင်ရောဂါသည် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သောရောဂါဖြစ်သည်။နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ နမ်းရှုံ့ခြင်း၊ အသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲခြင်း တို့မှတစ်ဆင့် ကူးစက်နိုင်ပါတယ်။အသက်ရှုုလမ်းကြောင်းမှတဆင့်ကူးစက်တတ်သော ရောဂါဖြစ်သည်။

 မည်သည့်အသက်အရွယ်မဆို ဦးနှောက်အမြှေးရောင်ခြင်းဖြစ်နိုင်ပါတယ်။ ကလေးငယ်များ (မွေးစမှ အသက် ၁၈နှစ်အထိ )၊ အသက်အရွယ်ကြီးသူများ၊ ကိုယ်ခံအားကျနေသူများ( HIV ပိုးရှိသူ၊ ကင်ဆာရောဂါရှိသူများ စသည်ဖြင့် ) တွင် ပို၍အဖြစ်များပါတယ်။

 

နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ တုပ်ကွေးရောဂါ၊ ပါးချိတ်ရောင်ခြင်း၊ ရေရုံရောဂါ စသည်တို့၏နောက်ဆက်တွဲ ဆိုးကျိုုးအနေဖြင့် ဖြစ်နိုင်ပါတယ်။မည်သည့်ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးဝင်ဝင် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ဦးနှောက်အမြှေးရောင်ခြင်းဖြစ်နိုင်သည်။

ရောဂါလက္ခဏာများကတော့ အစပိုင်းတွင် ကိုယ်ခန္ဓာတွင် အနီစက်များပေါ်ခြင်း၊ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်တောင့်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ နုံးချိခြင်း တို့ဖြစ်တတ်သည်။ နောက်ပိုင်းရောဂါပြင်းထန်လာပါကအလင်းရောင်မကြည့်နိုင်ခြင်း၊ ခြေဖျားလက်ဖျားများအေးစက်ခြင်း၊ မှိန်းနေခြင်း၊ ဂယောင်ဂတမ်းပြောခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းတို ့ထိဖြစ်နိုင်ပါတယ်။

စကားမပြောတတ်သေးသည့်ကလေးငယ်များတွင် အစားမစားတော့ခြင်း၊ ဂျီကျနေခြင်း၊ ငယ်ထိပ်ဖောင်းနေခြင်း၊ ပျော့ခွေသွားခြင်း၊ စူးစူးဝါးဝါးအော်ငိုနေခြင်း၊ ကိုယ်ခန္ဓာတောင့်တင်းနေခြင်း စသည်တို့ဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးများမှာ အမြင်အာရုံ၊ အကြားအာရုံချို့တဲ့ခြင်း၊ အတက်ရောဂါကျန်ခဲ့ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ချို့တဲ့ခြင်း၊ သွေးလန် ြ့ခင်း၊ အသက်သေဆုံးခြင်းတို့ အထိဖြစ်နိုင်ပါတယ်။

  

Credit : Dr.Moon (7887 Healthcare Call Center )


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18