အသည်းကင်ဆာဖြစ်ပွားရသော အကြောင်းရင်း
15-Jul-2021
အသည်းရောင်အသားဝါ
ဘီပိုးနှင့် စီပိုးတို့သည် အသည်းကင်ဆာကို ဖြစ်စေသည်။ သို့သော် ထိုပိုးများရှိတိုင်း
အသည်းကင်ဆာဖြစ်မည် မဟုတ်ချေ။ အသည်းရောင် ဘီပိုးရှိသူများ၏ ၈၅ ရာခိုင်နှုန်းသည် ဝေဒနာမခံစားရဘဲ
သက်တမ်းစေ့နေနိုင်သည်။ ကျန် ၁၅ ရာခိုင်နှုန်းသည် အသည်းကင်ဆာ အပါအဝင် နာတာရှည်အသည်းရောဂါ
များ ဖြစ်နိုင်သည်။ အသည်းရောင် စီပိုးစွဲကပ်ပြီး ၁၀ နှစ်မှ ၂၀ နှစ်ကြာမှသာ အသည်းကင်ဆာ
ဖြစ်နိုင်သည်။ အသည်းရောင် ဘီပိုးရှိသည့် မိခင်မှ မွေးလာသော ကလေးငယ်သည် အသက်ကြီးလာသည့်အခါ
အသည်းကင်ဆာဖြစ်နိုင်ခြေ သာမန်လူများထက် ၁၀၀ ပိုသည်။
ယမ်းစိမ်းပါသည့်
အစားအစာများ၊ ကြပ်တင်ထားသည့် အစားအစာများကြောင့် အသည်း ကင်ဆာဖြစ်နိုင်သည်။ မြေပဲ၊ ငရုတ်သီး၊
ကြက်သွန်တို့တွင် မှိုတက်ခြင်းသည် အသည်း ကင်ဆာအတွက် အဓိကအန္တရာယ်ဖြစ်သည်။ ယင်းမှိုတွင်ပါရှိသည့်
Aflatoxin ခေါ် ဓာတုပစ္စည်းသည် အသည်းကိုထိခိုက်စေသော အဆိပ်ဖြစ်သည်။ မှိုတက်သည့် အစားအစာများကို
မကြာခဏစားလျှင် အသည်းကင်ဆာဖြစ်နိုင်သည်။ အစားအသောက်တွင်ပါရှိသော ဓာတုပစ္စည်းများကြောင့်လည်း
အသည်းကင်ဆာ ဖြစ် တတ်သည်။ အစားအသောက်တွင် ခွင့်မပြုသည့် ချည်ထည်ဆိုးဆေးများကြောင့် အသည်းကင်ဆာ
ဖြစ်နိုင်သည်။
ပလတ်စတစ်သုံးပစ္စည်းများတွင်ပါသည့်
Vinyl Chloride အား မတော်တဆမျိုမိလျှင် အန္တရာယ်ရှိနိုင်သည်။ ယင်းသည် အသည်းကင်ဆာဖြစ်စေနိုင်သည့်
ဓာတုပစ္စည်းဖြစ်သည်။ အရက်ကို ကြာရှည်သောက်သုံးသူတို့တွင် အသည်းခြောက်ရောဂါဖြစ်ပြီး အသည်း
ကင်ဆာအထိ ဖြစ်နိုင်သည်။ အသည်းကင်ဆာလူနာ ၈၀ ရာခိုင်နှုန်း ကျော်တွင် အသည်းခြောက်ရောဂါရှိသည်ကို
တွေ့ရသည်။မွေးကင်းစကလေးငယ်များအား အသည်းရောင်ဘီပိုး ကာကွယ်ဆေးကို မွေးဖွားပြီး ၁၂ နာရီအတွင်း
ထိုးပေးပါက အကောင်းဆုံးဖြစ်သည်။ အသည်းရောင်စီပိုး ကာကွယ်ဆေးမှာမူ မရှိသေးချေ။ သွေးမှတစ်ဆင့်
ဘီပိုး၊ စီပိုး၊ မကူးစက်နိုင်ရန် လိုအပ်မှသာ သွေးသွင်းခြင်း ၊ သွေးနှင့်မထိမိရန် ဂရုပြုခြင်း၊
သွေးသွင်းခြင်းကို ဘီပိုး၊ စီပိုး၊ စစ်ဆေးပြီးမှ ဆောင် ရွက်ခြင်း ပြုသင့်သည်။
Credit:ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
