အရေပြားခြောက်သွေ့ခြင်းပြဿနာ
08-Oct-2021(၁) အရေပြားခြောက်သွေ့ခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ
• ရေချိုးပြီးချိန် (သို့) ရေကူးပြီးချိန်မှာ အရေပြားတင်းသလိုခံစားရခြင်း
• အသားအရေကြမ်းတမ်းခြင်း၊
ယားယံခြင်း
• အရေပြားကွာခြင်း၊
အက်ကွဲခြင်း
• အသားအရေနီခြင်း
• ကွဲအက်နေသောအရေပြားနေရာမှ
သွေးထွက်ခြင်း
(၂) ဘာကြောင့်
အရေပြားခြောက်သွေ့တာလဲ
• ရာသီဥတု - အထူးသဖြင့်ဆောင်းတွင်းကာလဟာ အသားအရေအခြောက်သွေ့ဆုံးအချိန် ဖြစ်တတ်တယ်။
• ရေနွေးနဲ့ ရေချိုးတာ အချိန်ကာလကြာပြီဆိုရင်လည်း အသားအရေခြောက်သွေ့တယ်။
• တချို့သော
ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေကလည်း အသားအရေရဲ့ စိုထိုင်းစကို နည်းပါးစေပြီး ခြောက်သွေ့စေတယ်။
• နဂိုကတည်းက
အရေပြားပြဿနာ အခံရှိတဲ့သူဆိုရင်လည်း အသားအရေခြောက်သွေ့ဖို့ပိုလွယ်တယ်။
ဘယ်လိုကာကွယ်လို့ရလဲ
• အသားအရေကို
အစိုဓာတ်ရှိနေအောင် စိုထိုင်းစဖြည့်ပေးသော Lotion (moisturizer) သုံးခြင်း
• ရေနွေးနွေးနဲ့ ရေချိုးတတ်တဲ့ အလေ့အထရှိရင် တတ်နိုင်သလောက် လျှော့ပစ်ပြီး သာမန်ရေနှင့် ရေချိုးခြင်း
• စိုထိုင်းစ (moisturizer) ပါသော မျက်နှာသစ်ကရင်မ်၊ ရေချိုးဆပ်ပြာတို့ကိုသုံးခြင်း
• ပန်းကန်ဆေး၊
အဝတ်လျှော်တဲ့အချိန်တွေမှာ ရာဘာလက်အိတ်ရှည်ဝတ်ခြင်း
• ရေနှင့်ထိတွေ့တဲ့အချိန်ကို
လျှော့ချခြင်း
ဥပမာ ရေချိုးတဲ့ကြာချိန်ကို
၁၀ မိနစ်ထက် မပိုစေခြင်း
• ခန္ဓာကိုယ်မှာလည်း
ရေဓာတ်ကြွယ်ဝနေစေဖို့ ရေများများသောက်ခြင်း၊ အရည်ရွှမ်းသော သစ်သီးများစားသုံးခြင်း
စတဲ့အချက်တွေကို
လုပ်ဆောင်ပေးခြင်းအားဖြင့် အသားအရေခြောက်သွေ့ခြင်းကို လျော့ပါးသက်သာစေမှာဘဲ ဖြစ်ပါတယ်။
Credit: Dr. Hsu
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။