ဆီးချို သွေးချိုရောဂါဖြစ်ရန်အန္တရာယ်ရှိသောသူများ
15-Nov-2021- အသက် (၄၀) ကျော်သူများ
- ဆီးချိုသွေးချိုရောဂါမျိုးရိုးရှိသူများ
- အချိုစားသူများသောသူများ
- လိုအပ်သည်ထက်
ပိုမိုစားသောသူများ
- ကိုယ်လက်လှုပ်ရှားမူနည်းသူများ
- ကိုယ်ဝန်ဆောင်စဉ်
ဆီးချိုသွေးချိုရောဂါ ဖြစ်ခဲ့ဖူးသူများ
- ကိုယ်ဝန်ဆောင်စဉ်
ခန္ဓာကိုယ်အလေးချိန် အလွန်အမင်းတက်သောသူများ
- အသက်ငယ်ငယ်နှင့်
နှလုံးသွေးကြောကျဉ်းသူများဆီးချိုသွေးချိုရောဂါသည်
လူ့ဘဝနေထိုင်မှုဟန်နှင့်
များစွာဆက်စပ်နေပါတယ်။ ယခုခေတ်ကာလတွင် ငယ်ရွယ်စဉ်ကလေးဘဝမှ စ၍ အန္တရယ်ရှိသော လူ့ဘဝတွင်
နေထိုင်မှုဟန်များနေကြသည်။
အဆီစားများသည်။
အချိုစားများသည်။ အငန်စားများသည်။ အသင့်စားနိုင်သော အစားအစာများ၊ အပြင်စာများ (အပြင်စာများတွင်
အချိုမှုန့် ၊ ဆား၊ ဆီ အသုံးပြုမှုများသည်) အစားများလာကြသည်။ အချိုရည်သောက်သုံးမူများလာသည်။ထိုအပြင်
ကိုယ်လက်လှုပ်ရှားမူ နည်းလာကြသည်။ ဂိမ်း(Game) ကစားခြင်း ၊ ကွန်ပြူတာကြည့်ခြင်း၊ အင်တာနက်
ထိုင်ကြည့်ခြင်း ၊ ရုပ်ရှင် ၊ ဗွီဒီယိုများ တစ်နေကုန်ထိုင်ကြည့်ခြင်း များလာကြသည်။
အထက်ဖော်ပြပါအန္တရာယ်ရှိသော လူ့ဘဝနေထိုင်မှုဟန်များသည်။ အသက်ငယ်ငယ်နှင့် ဆီးချိုသွေးချိုရောဂါကို
လက်ယပ်ခေါ်သလိုဖြစ်နေ
ပါသည်။ ထို့ကြောင့်လည်း
အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါသည် ယခင်က အသက် (၄ဝ) ကျော်သူများတွင်သာ အတွေ့ရများသော်လည်း
ယခုအခါ ဆယ်ကျော်သက်များ ၊ ငယ်ရွယ်သူများတွင်လည်း အများအပြား တွေ့ရပါသည်။လူတိုင်းလူတိုင်း
ငယ်ရွယ်စဉ်မှစ၍ အန္တရာယ်ရှိသော လူ့ဘဝနေထိုင်မှုဟန်မှသည် ကျန်းမာသောလူ့ဘဝနေထိုင်မှုဟန်သို့ပြောင်းလဲရန်
အရေးကြီးလှပါသည်။
ဒေါက်တာအေးအေးဝင်း
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။