Heat Stroke (အပူလျှပ်ခြင်း) အတွက် ရှေးဦးသူနာပြုစုနည်း
06-Mar-2026
Heat Stroke (အပူလျှပ်ခြင်း) အတွက် ရှေးဦးသူနာပြုစုနည်း
+++++++++++++++++++++++++++++++
အလွန်ပူပြင်းတဲ့ရာသီရောက်လာပြီမို့ အပူဒါဏ်ကြောင့်ဖြစ်ရတဲ့ဒုက္ခတွေလဲပေါ်လာပါပြီ။ အပူလျှပ်ခြင်းဆိုတာကတော့ ဖြစ်လဲဖြစ်တတ်၊ ဖြစ်ခဲ့ရင်လဲ သိပ်အန္တရာယ်များတာမို့ လက္ခဏာ၊ ကာကွယ်မှု၊ ကုသမှုအကြောင်းတွေကသိထားရပါမယ်။
လက္ခဏာတွေကတော့ ကိုယ်အပူချိန်အလွန်မြင့်တက်တာ(104'F or 40'C နှင့်အထက်)၊ ချွေးမထွက်ဘဲပူခြစ်နေတာ၊ ခေါင်းကိုက်၊ ပျို့အန်၊ ရင်တုန်၊ အသက်ရှုမြန်တာ၊ စိတ်တွေဆတ်နေတာ၊ သတိမကောင်းတာ၊ တက်/သတိလစ်တာ စသဖြင့်ဖြစ်ပါတယ်။
အရေးတကြီး လုပ်ဆောင်ရမယ့် ရှေးဦးသူနာပြုစုနည်း တွေကတော့
၁။ အေးမြတဲ့နေရာသို့ လူနာကိုရွှေ့ပါ။ အရိပ်ရ၊ လေဝင်လေထွက်ကောင်း၊ ဖြစ်နိုင်ရင်တော့ လေအေးပေးစက်/ပန်ကာရှိတဲ့နေရာမှာထားပါ။ လှဲလျက်အနေအထားနှင့်ခြေရင်းပိုင်းကိုမြှင့်ထားပေးပါ။
၂။ ခန္ဓာကိုယ်ကို အမြန်အေးအောင်လုပ်ပါ။ အဝတ်အစားများဖယ်ရှားပေးပါ။ ရေအေးပတ်တိုက်ပါ။ ပန်ကာ၊ Aircon ၊ ယပ်တောင် စတာတွေသုံးပေးပါ။ လည်ပင်း၊ ချိုင်း၊ပေါင်ခြံ စတဲ့အပူအောင်းတဲ့နေရာတွေမှာ ရေခဲဝတ်/ရေအေးပတ်ကပ်ပါ။
၃။ လူနာသတိကောင်းလျှင်၊ အစာမျိုချနိုင်လျှင် ဓာတ်ဆားရည်အေးအေးကို ဖြည်းဖြည်းချင်းတိုက်ပါ။ သတိမကောင်းလျှင်လူနာကိုဘာမှမတိုက်ကျွေးပါနှင့်။ အဖျားကျဆေး၊အကိုက်အခဲပျောက်ဆေးများ မတိုက်ပါနှင့်။
၄။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကိုအမြန်ဆုံးပို့ပါ။
ဆေးရုံ မပို့မီအထက်ပါပြုစုနည်းများသေချာဆက်တိုက်ပြုလုပ်ပေးဖို့လိုပါတယ်။ အပူများငြိမ်းအေးကြပါစေ။
Dr.SSH
#firstaid #firstaidtraining #healthcare #HealthArticle
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

