Print

သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ဖို့ ပိုးလောက်လန်း နှိမ်နင်းစို့

  31-Jul-2026
Preview Image

သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ဖို့ ပိုးလောက်လန်း နှိမ်နင်းစို့
+++++++++++++++++++++++++++++++++++++++++
ပိုးလောက်လန်း ပေါက်ဖွားမှုကို မိမိကိုယ်တိုင်နှိမ်နင်း တိုက်ဖျက်နိုင်ပါသည်

ဖုံး - ရေစည်ရေအိုးများကို ခြင်မဝင်နိုင်စေရန် လုံခြုံစွာဖုံးအုပ်ထားပါ
သွန် - ရေအိုး၊ ရေခွက်၊ ရေစည်အားလုံး၏အတွင်းပိုင်း ကို တိုက်ချွတ်ဆေးကြောပြီး တစ်ပတ်တစ်ကြိမ် သွန်ပစ်ပါ
ခတ် - မသွန်မလဲ နိုင်သော ရေကန်ကြီးများအတွင်းသို့ လောက်လန်းသတ်ဆေး (Abate) ခတ်ပါ
စစ်- ရေရှားပါက ပိုးလောက်လန်းတွေ့သောရေကို နောက်တစ်အိုးသို့ ရေစစ်ဖြင့်ပြောင်းထည့်ပါ
လောင်း- ကြောင်အိမ်အောက်ခံခွက်များအတွင်းသို့ ဓာတ်ဆီ ဒီဇယ်ဆီ နှင့် ဆားတခုခုလောင်းထည့်ပါ
ထောင် - ကလေးများနေ့လည်အိပ်ချိန်တွင် ခြင်ထောင်ဖြင့်သိပ်ပါ
လဲ- ပန်းအိုးများ၏အတွင်းနံရံကို တိုက်ချွတ်ဆေးကြော၍ တစ်ပတ်နှစ်ကြိမ်ရေလဲပါ
ဖွင့် - နေ့ဘက်တွင် တံခါး ပြူတင်းပေါက်များဖွင့်ထားပါ
မြုပ် - မိုးရေတင်နိုင်သော အိုးခြမ်းပဲ့၊ တာယာစုတ်များကို မြေမြုပ်ပါ
ရှင်း - အိမ်တွင်းအိမ်ပြင် သန့်ရှင်းစွာထားပါ
မှုတ် - ဆေးဖြန်၊ ဆေးမှုတ် အဖွဲ့ကိုကူညီပါ။

#reference MOH
#HTinfo
#DrPhooEi
#seveneighteightseven
#7887healthcare 


Related Articles


Advertisment 18