Print

စိတ်နဲ့ဆက်နွှယ်နေတဲ့ အရေပြားပြဿ နာတွေ

  25-Feb-2017
Preview Image

စိတ်နဲ့ဆက်နွှယ်နေတဲ့ အရေပြားပြဿ နာတွေ
စိတ်ကြောင့် လက်ရှိအရေပြားရောဂါအချို့ ပိုဆိုးသွားနိုင်သလို၊ ရောဂါအသစ်တွေ လည်း ဝုန်းဆိုကောက်ခါငင်ကာ ရသွားနိုင်ပါတယ်။ စိတ်ဆိုတာ ကျယ်ဝန်းတာမို့ အရေပြားပြဿ နာတွေနဲ့ အဓိကပတ်သက်တာက စိတ်ဖိစီးမှုတွေပါပဲ။ ဥပမာပေးရရင် အဖြစ်များတဲ့ ဝက်ခြံကိစ္စပါ။ ဝက်ခြံတွေ လက်ဝယ်ရှိပြီး သူတစ်ယောက်ဟာ အကြောင်း အမျိုးမျိုးကြောင့် စိတ်ဖိစီးမှုခံရရင် ဝက်ခြံတွေ ပိုဆိုးသွားတော့တာပါ။ ပိုကြီးလာတာ၊ ပိုများလာတာမျိုး ကြုံရလေ့ရှိပါတယ်။ အရင်က ဝက်ခြံအလုံး ၂၀ လောက်ရှိရင် ၃၀
လောက် ဖြစ်သွားတာမျိုးပါ။ တချို့ကျတော့ နဂိုက ဝက်ခြံတစ်လုံးတစ်လေမှ မရှိပေမဲ့ စိတ်ဖိစီးမှု ကြုံတဲ့အခါ ဝက်ခြံတွေ ဝုန်းဆိုပေါက်တာမျိုးလည်း ရှိတတ်ပါတယ်။ 

စာမေးပွဲဖြေခါနီးတို့၊ အင်တာဗျူ းဝင်ခါနီးတို့ ၊ အရေးကြီးတဲ့ ပွဲတစ်ခုခု တက်ခါ နီးတို့ဆို ဖြစ်တတ်တဲ့ပြဿ နာတွေပါ။ အဓိကတရားခံကတော့ စိတ်ဖိစီးတဲ့အခါ ထွက်လာ
တဲ့ဟော်မုန်း (Stress Hormone) ပါပဲ။ ကော်တီစော (Cortisol) တဲ့။ ဒီဟော်မုန်းက အရေပြားထဲမှာရှိတဲ့ အဆီအိတ်တွေက အဆီတွေကို ပိုထွက်လာအောင် လှုံ့ဆော်ပေး တာပါ။ ဒီတော့ အဆီတွေပိုထွက်၊ ဝက်ခြံတွေပိုဆိုးပေါ့။ ဝက်ခြံဖုလေးတွေနဲ့ အလားတူတဲ့ ရိုစာစီယာ (Rosacea) ရောဂါလည်း စိတ်ဖိစီးမှုနှင့် ပတ်သက်နေပြန်ရော။ ရိုစာစီယာ ဆိုတာ မျက်နှာရဲ့ အလယ်ပိုင်း (ပြောရရင် နှာခေါင်းရဲ့ ဘေး တစ်ဖက်တစ်ချက်) မှာ ပေါက်တဲ့ ပန်းနုရောင်အနီအဖု၊ အပြင်လေးတွေပါ။ စိတ်ဖိစီးတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ အဲဒီအဖု အပြင်လေးတွေက ထင်းကနဲ၊ရဲကနဲကို ကြွတက်လာတာမျိုးပါ။ ဒါပေမယ့် ဘယ်လိုဘယ်ပုံ ဆက်နွှယ်နေလဲဆိုတော့ တိတိကျကျမသိပါ။

ခြုံပြောရရင် သက်ရှိလူသားတစ်ယောက်မှာ စိတ်နဲ့ရုပ်၊ ရုပ်နဲ့စိတ်ဟာ အပြန် အလှန် ဆက်စပ်မှုတွေနဲ့ ဒွန်တွဲနေတာပါ။ ဒီတော့ ရုပ်ပိုင်းဆိုင်ရာရောဂါတွေ ကို လျော့ပါး သက်သာအောင် ကုသရာမှာ စိတ်ခွန်အားကို မြှင့်တင်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လိုအပ်ရင် စိတ်ကျန်းမာရေး အထူးကုဆရာဝန်များရဲ့ အကူအညီလည်း ယူရပါတယ်။ အရေပြားဆရာဝန်တွေ အနေနဲ့ကတော့ ရောဂါကို သင့်တော်တဲ့ကုထုံးနဲ့ ကုသပေး ရတဲ့အပြင် ရောဂါအမျိုးအစားအပေါ်မူတည်ပြီး လူနာကို အားပေးနှစ်သိမ့် ဆွေးနွေး
ပေးခြင်းတွေ လုပ်ပေးရပါတယ်။ တစ်နည်းအားဖြင့်တော့ လူနာရဲ့စိတ်ကို ပေါ့ပါး
လန်းဆန်းစေဖို့ပါ။ စိတ်ထောင်းလို့ ကိုယ်မကြေရလေအောင် စိတ်ဖိစီးမှုတွေကို သင့်တော်တဲ့နည်းလမ်းတွေနဲ့ လျှော့ချပစ်ရမှာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18