စိတ်ဖိစီးမှု နှင့် အသားအရေ ဆက်စပ်မှု
17-Jul-2017၁ အသားအရေ ဖြူဖပ် ဖြူရော် ဖြစ်ခြင်း
- စိတ်ဖိစီးမှုများကြောင့် အားအင် လျော့နည်းနေတဲ့ အဆုတ် နှလုံး နဲ့ ဦးနှောက်များဆီကို သွေးများ ပိုလွှတ်ပေးရတဲ့အတွက် အရေပြားဘက်ဆီကို သွေးအသွားအလာ နည်းသွားစေတာကြောင့် အသားအရေ အရောင်အဆင်း ဖြူဖျော့သွားရခြင်းဖြစ်ပါတယ်
၂ ဝက်ခြံများ ထွက်ပေါ်လာခြင်း
- စိတ်ဖိစီးမှု များတဲ့အခါ အဆီအိတ်တွေက အဆီဓာတ်ကို ပိုမို ထုတ်လွှတ်ပေးပါတယ်။ အဆီဓာတ် များခြင်းကြောင့် ချွေးပေါက်မှာ ပိတ်ဆို့မှုတွေဖြစ်ပြီး အဖုအပိမ့်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်
၃ အသားအရေ ခြောက်သွေ့ ကြမ်းတမ်းခြင်း
- အရေပြားအတွက် ပို့လွှတ်တဲ့ သွေးပမာဏမှာ အကန့်အသတ်နဲ့ ဖြစ်တဲ့အတွက် ဆဲလ်အသစ် ဖြစ်ပေါ်ဖို့ နှေးကွေးပြီး အရေပြား ခြောက်သွေ့ရခြင်း ဖြစ်ပါတယ်
၄ ရောင်ရမ်းခြင်း
- ခန္ဓာကိုယ်တွင်း ဖိစီးမှု များလာတဲ့အခါ Histamine လို့ ခေါ်တဲ့ မတည့်တဲ့အရာနဲ့ ထိတွေ့မိတဲ့အခါမှာ ဒုက္ခပေးတတ်တဲ့ ခန္ဓာကိုယ်တွင်းရှိ ဒြပ်ပေါင်းတစ်မျိုး အများအပြား ထွက်လာပြီး ယားယံစေခြင်း၊ အဖု အပိမ့်နဲ့့ အနီကွက်များ ထွက်ခြင်း၊ မိတ်နဲ့ အင်ပျဉ်လို အဖုကြီးများ ထွက်လာတတ်ပါတယ်
credit; နန်းအိအိဇာ
By Dr. Pearl (7887 Healthcare Call Center)