ဆင်ရေယုန် အကြောင်းသိကောင်းစရာ
27-Sep-2017လူတော်တော်များများ နုှတ်ခမ်းထောင့် သို့ အပေါ်နှုတ်ခမ်းမှာ အဖုသေးသေးနဲ့ နာကျင်ပြီး တခါတရံ သူ့ဘာသာ ပျောက်သွားတဲ့ ရေယုန်ပေါက်ဖူးကြမှာပါ။ သို့သော် တခါတရံ အဖျားကြီးပြီး သင့်ရင်ဘတ်နှင့် ချွေး တစ်ိုစို ဖြစ်တတ်တဲ့ ခါး တစ်ပတ်လုံးမှာ အဖုကြီးကြီး နီရဲ ပြီး မချိမဆန့် အလွန်အမင်း နာကျင်ကိုက်ခဲတတ်သော ဆင်ရေယုန်လည်း ပေါက်တတ်ပါသေးသည် ။ အများအားဖြင့် ဆင်ရေယုန်သည် အရင်က ရောဂါပိုးတစ်ခါ ဝင်ဖူးပြီး ထို ရောဂါပိုးဟာ အာရုံကြောတွေထဲမှာ ပုန်းအောင်းနေကာ တစ်ဖန်ပြန်လည်ရှင်သန်ကြီးထွားလာတတ်သည်။ထိုသို့ ပြန်လည်ရှင်သန် ကြီးထွားလာစေသော အကြောင်းများမှာ -
၁) အသက် ၆၀ ကျော်သူများ
၂) အသက် ၁နှစ် မပြည့်ခင်မှာ ရေကျောက်ပေါက်ဖူးခဲ့သော သူများ
၃) ဆေးဝါး သောက်နေခြင်းကြောင့် သို့မဟုတ် ရောဂါ တခုခုကြောင့် ခုခံအားကျဆင်း လာခဲ့ရင် ဆင်ရေယုန်် ပေါက် တတ်ပါသည် ။
ဆင်ရေယုန်မပေါက်ခင် ပေါက်မည့်နေရာတွင် သာကူစေ့လို အနီဖုလေးတွေ စတင်ပေါ်လာလေ့ရှိသည်။အနီစက်လေးတွေဟာ မီးလောင်ဖုတွေ ထပ်သလို စုပြုံလာပီး အရည်ပေါက်ပါက ထို အရည်များမှ တခြားနေရာများသို့ ပြန့်နှံ့ သွားတတ်ပါသည်။ ထို့နောက် အဖျား တက်တတ်သည်။ အချိန် ၂ပတ် မှ ၃ ပတ်အထိကြာတတ်ပါသည်။ ခုခံအားကျဆင်းသော သူများတွင် အလွန်ဆိုးရွားပါက မျက်နှာ ၊ပါးစပ် ၊ နားထဲထိပေါက်တတ်သည်။
ထို့အပြင် ချမ်းတုန်ပြီး အဖျားတက်ခြင်း ၊ ဗိုက်နာခြင်း ၊ မျိုးပွား အင်္ဂါများတွင် အနာဖြစ်ခြင်း ၊ခေါင်းကိုက်ခြင်း ၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း ၊ ပြန်ရည်ကြော အကြိတ်များရောင်ရမ်းခြင်းများ ဖြစ်တတ်ပါသည်။ မျက်နှာလို နေရာမျိုးတွင် ပေါက်ပါက မျက်နှာရှိ ကြွက်သားများ လှုပ်ရှားရာမှာ တင်းပြီး နာကျင်မှုကို ခံစားရတတ်သည်။ နားထဲ ပေါက်ပါက နား အကြားအာရုံကို ထိခိုက်စေတတ်သည် ။မြင်ကွင်း ပြသနာ နှင့် အရသာမခံစား ရသော ပြသနာ လည်း ရှိတတ်သည်။
ထို့ကဲ့သို့ ရောဂါပြန်လည် မဖြစ်ပွားအောင် အာဟာရ ပြည့်ဝအောင်စားပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှု အမြဲဂရုစိုက်ပါ။ မသန့်ရှင်းသော ချွေးစိုသော အဝတ်အစား သို့ အသုံးအဆောင်များ ပြန်ဝတ်ဆင် ခြင်း သုံးခြင်း မပြုလုပ်ပါနှင့်။ ဆပ်ပြာနှင့် သေသေချာချာ လျှော်ဖွတ် ဆေးကြောပါ။ ပိုးသေအောင် ရေနွေး နှင့် ပြုတ်၍ လျှော်ပါ ။ ကိုယ်ဝန်ဆောင်နေစဉ် အတွင်း ရေကျောက် သို့ ရေယုန်ပေါက်သူနှင့် ရောဂါ မကူးအောင် အတတ်နိုင်ဆုံး ဆင်ခြင်ပါ ။
အကယ်၍ ရေယုန်ပေါက်သည် ဟု သံသယရှိပါက တတ်ကျွမ်းသော ဆရာဝန် နှင့် ပြသ၍ ကုသမှုခံယူပါ။
Credit : health digest journal