Print

အရေပြားကို ကြင်နာပါ

  19-Mar-2018
Preview Image


အရေပြားရောဂါတချို့ဟာ ရောဂါရဲ့ သဘောသဘာဝအရ သူ့အလိုလို ပျံ့တာ၊ပွားတာဖြစ်တတ်ပါတယ်။ လက်ရှိအနေအထားကနေ ဘေးဘီကို ကျယ်လာတာ ပျံ့လာတာရှိနိုင်သလို အခြားခန္ဓာကိုယ်နေရာတွေမှာ အသစ်အသစ်တွေပေါ်လာတာမျိုးလည်း ရှိတတ်ပါတယ်။ ဆေးကုသမှုမလုပ်ခင် သူ့ဘာသာ ပျံ့လာတာအကြောင်းမဟုတ်ပေမဲ့ ဆရာဝန်တွေနဲ့ ဆေးကုခါမှ ရောဂါတိုးလာတာ၊ အသစ်တွေပေါ်လာတာမျိုး ကြုံရင်တော့ မသက်သာဘူး၊ ဆေးမတိုးဘူးဆိုပြီး ငြိမ်သွားတတ်ပါတယ်။ အမှန်တော့ တချို့အရေပြားရောဂါတွေဟာ ကာယကံရှင်လူနာတွေရဲ့ အပြုအမူကြောင့် ပျံ့သွားရတာပါ။ ကုတ်မိ၊ ဖဲ့မိ၊ ပွတ်မိ၊ တိုက်မိ၊ ခိုက်မိ၊ ဖိမိရာကနေ နေရာသစ်တွေမှာ အလားတူရောဂါတွေ တိုးပွားလာလေ့ရှိတာကြောင့်ပါ၊ အထူးသဖြင့် ကုတ်တာကနေ ရောဂါပိုဆိုးသွားတတ်ပါတယ်။


ယားတတ်တဲ့ရောဂါတွေရှိရင်တော့ သူသူငါငါကုတ်မိဖဲ့မိတတ်ပါတယ်။ ဒီတော့ ကုတ်တဲ့နေရာမှာ ပဲ့၊ ပဲ့တော့ ပိုးဝင်၊ ပိုးဝင်တော့ ရောင်၊ ရောင်ပြီးတော့ အနာဖြစ်၊ အနာကျက်တော့ အညိုအမည်းစွဲ၊ အနာရွတ်ကျန်ဒါတွေက ဖြစ်ရိုးဖြစ်စဉ်တွေပါ။ ဥပမာ - ခြေသလုံးခြင်ကိုက်ဖုတွေဆိုလည်း ဒီလိုပါပဲ၊ ခြေသလုံးမလှဖြစ်ရတာ ကုတ်တာကြောင့်ပါ။ နောက်ပြီး ပွေးဆိုပါတော့၊ ယားတော့ကုတ်ရာကနေ လက်သည်းက တစ်ဆင့် နောက်တစ်ဆင့်ကို ပျံ့ပါလေရော။ ဒီတော့ ပေါင်ခြံကပွေးချိုင်းရောက်၊ ချိုင်းကပွေးခြေထောက်ရောက်နဲ့ ပွားကုန်တာပါ။ တချို့က ကုတ်လိုုက်ရင် အယားပြေသွားပေမဲ့ တချို့ကျတော့ ကုတ်ခါမှ ပိုယားတာမျိုးရှိပါတယ်။ ယားလို့ကုတ် ကုတ်လို့ယားနဲ့ သံသရာလည်နေတော့တာပါ။ အကျိုးဆက်ကတော့ ခဏခဏကုတ်တဲ့နေရာဟာ ထူအမ်းလာတော့တာပါ။ အထူးသဖြင့် နှင်းခူတွေပေါ့။ နောက််ပြီး ကျားမအင်္ဂါတွေမှာ၊ စအိုဝန်းကျင်မှာ၊ ယားတဲ့ကိစ္စပါ။


ညဖက်လူခြေတိတ်ချိန်ဆိုရင် တဗျင်းဗျင်းနဲ့ ကုတ်ကြရတယ်။ အိပ်ရေးတောင်ပျက်တဲ့အထိ တချို့ဆိုကုတ်ကြရတယ်။ သွေးထွက်မှ အယားသက်သာတယ်ဆိုပြီးသွေးထွက်အောင် ကုတ်ကြတဲ့သူတွေလည်း ရှိ်တယ်။ တကယ်တော့ ကုတ်တယ်ဆိုတာနာအောင်လုပ်လိုက်တာပါ။ အယားဓာတ်ကို နာကျင်မှုဓာတ်နဲ့ အစားထိုးလိုက်ပြီး ဦးနှောက်က အယားဓာတ်ကို မခံစားရစေဖို့ လှည့်စားလိုက်တာလို့ ပြောနိုုင်ပါတယ်။ ကလေးတွေမှာ အတွေ့များတဲ့ Impetigo ဆိုတဲ့ အနာစက်တွေကလည်း ဒီလိုကုတ်တဲ့အခါ ပျံ့နှံ့ပါတယ်။ အစက်ဖြစ်တဲ့နေရာမှာ အနာတွေပျံ့သွားတာကို မိဘတွေကိုယ်တိုင် သတိထားမိကြတဲ့ ကူးစက်ရောဂါပါ။ ဘတ်တီးရီးယားပိုးတွေကြောင့် ဖြစ်တဲ့ ဒီအနာမျိုးက ကုတ်ရာဖဲ့ရာကနေ အကူးမြန်ပါတယ်။ ပါးစပ်နဲ့ နှားခေါင်းဝန်းကျင်မှာ အတွေ့များပြီး လက်တွေ၊ ခြေတွေ၊ ရင်ဘတ်တွေအထိ ဖြန့်ကြက်ပျံ့သွားတာမျိုးပါ။ ဒါပေမဲ့ကံကောင်းတာကတော့ စောစောကုနိုင်ရင် အမာရွတ်လုံးဝမကျန်ရစ်တာပါပဲ။


ကြွက်နို့ဆိုတဲ့ အသားပိုအဖုလေးတွေရှိရင် လူ့သဘာဝ မကြာခဏဆိတ်တတ်၊ ဆွတတ်ကြပါတယ်။ ပျောက်နို်းနို်းပေါ့၊ မပျောက်တဲ့ အပြင် ကုတ်ရာ၊ ဖဲ့ရာကတစ်ဆင့် အခြားနေရာတွေကိုပါ ပျံ့သွားတတ်ပါတယ်။ ကြွက်နိုု့်ဆိုတာ ဗိုင်းရပ်စ်ပိုးတစ်မျိုး ကြောင့် ဖြစ်တာမို့ အရေပြားမှာ စူးရာ၊ ရှရာ၊ ကုတ်ရာ၊ခြစ်ရာရှိရင် ကူးစက်သွားနို်င်ပါတယ်။ ကိုယ််ခံအားနည်းတဲ့ သူတွေမှာ ကြွက်နို့်ဖြစ်ပွားလွယ်တယ်။Psoriasis လို့ခေါ်တဲ့ရောဂါမျိုးလည်း ရှိပါသေးတယ်။ မြန်မာလို တိတိကျကျပြန်ဖို့ ခက်ခဲပါတယ်။ နီနီရဲရဲနဲ့ ဖောင်းကြွနေတဲ့ အကွက်တွေပါ။ အကွက်ရဲ့ မျက်နှာပြင်ကို ကုတ်ခြစ်လိုက်ရင် ငွေရောင်အကြေးခွံကြမ်းကြမ်းတွေဖွာခနဲ ကျလာတဲ့ရောဂါ၊ ခန္ဓာကိုယ်နေရာ အနှံ့ပျံ့နိုင်ပြီး အနည်းနဲ့အများယားပါတယ်။ ပွေးနဲ့ဆင်တူပြီး ဂျွတ်ပေါက်တတ်တာမို့ ဂျွတ်ပွေးနာဆိုပြီး မြန်မာမှုပြန်လိုက်တာပါ။ တကယ််တော့ ပွေးလည်းမဟုတ်ဘူး၊ တစ်ယောက်ကနေတစ်ယောက်ကို ကူးစက်တတ်တဲ့ရောဂါလည်း မဟုတ်ပါဘူး။ ဖြစ်လိုက်ပျောက်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ လုံးချာလည်လိုက်နေတဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ဖြစ်တဲ့နေရာကို ခဏခဏ ကုတ်ဖဲ့၊ ဆိတ်၊ဆွ၊ ပွတ်တိုက်လုပ်နေရင် ရောဂါပျံ့ပါတယ်။ မူရင်းအကွက်ကို ကုတ်ဖဲ့ခဲ့ရင်လည်း ဘေးကို အလွယ််တကူပျံ့သွားတတ်တာမျိုးပါ။ ဒီရောဂါရှိသူလေးယောက်မှာ တစ်ယောက်လောက် ဒီပြဿနာကြံုနေကြရတာပါ။


လူတွေအရမ်းကြောက်ကြတဲ့ ခရုသင်းရောဂါဟာလည်း ကူးစက်တဲ့ရောဂါမဟုတ်ပါဘူး။ ဘာပိုးကြောင့်မှ မဟုတ်ပါဘူး။ ကိုယ်ခံအားစနစ်လွဲလို့ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ ဒီရောဂါဟာလည်း အထိအခိုက် အကုတ်အဖဲ့ကြောက်ပါတယ်။ ခရုသင်းဟာ မယား၊ မနာ၊ မထုံတဲ့ရောဂါဖြစ်ပေမဲ့ အကြောင်းတစ်ခုခုကြောင့် ပွတ်မိ၊ တိုက်မိ၊ ဖိမိရင် ပျံ့တတ်ပါတယ်။မူရင်းခရုသင်းကွက်က ပါးမှာစပြီး ရှိတတ်ပေမဲ့ ဒူးမှာ၊လက်ဆစ်တွေပေါ်မှာ ပေါက်လာတတ်တာမျိုးပါ။ ခရုသင်းမရှိသေးတဲ့နေရာတွေမှာ ပွန်းတာ၊ ပဲ့တာ၊ ရှတာရှိခဲ့ရင် အဲ့ဒီအနာလည်းကျက်ရော ခရုသင်းအဖြူကွက်တွေ တဖြည်းဖြည်းနဲ့ ပေါ်လာပါလေရော၊ ခရုသင်းပျံ့ရတဲ့အကြောင်းအရင်းတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ တစ်စုံတစ်ရာထိခိုက်မှုဟာလည်း အဓိကအချက်ပါ ဥပမာ - လက်ထိပ်မှာ ခရုသင်းရှိတဲ့သူတစ်ယောက်က ဆိုင်ကယ်မှောက်ပြီး ခြေသလုံးမှာ အနာဖြစ်တယ်ဆိုပါစို့၊ အဲ့ဒီခြေသလုံးကအနာကျက်ပြီး မကြာခင်မှာပဲ အဖြူကွက်ပေါ်လာတာမျိုးပါ။


ကုတ်တာ၊ ဖဲ့တာ၊ ဆိတ်တာ၊ ပွတ်တိုက်တာ၊ ဖိတာ၊ ထိခို်က်မိတာ၊ ပွန်းရှတာ၊ အပူလောင်တာ စတဲ့ဒဏ်ရာဒဏ်ချက်တွေ တတ်နို်င်သလောက် အရေပြားမှာ မဖြစ်ပါစေနဲ့၊ ကူးစက်အရေပြားရောဂါအတွက်ရော၊ မကူးစက်တဲ့ အရေပြားရောဂါတွေအတွက်ပါ ဘာမှကောင်းကျိုးမပေးပါဘူး။ ရောဂါပျံ့တာ၊ ပိုကြွတာ၊ ပိုဆိုးတာတွေပဲ အဖတ်တင်တတ်ပါတယ်။ ဥပမာ - ယားလွန်းလို့ ကုတ်ရင်တောင် အရေပြားကို ထိခိုက်မှုနည်းအောင် လက်သည်းတိုတိုညှပ်သင့်ပါတယ်။ ဘီးနဲ့ခြစ်၊ ဒုတ်နဲ့ထိုးတာတွေလည်း ကောင်းတဲ့အလေ့အထမဟုတ်ပါဘူး။ တစ်နည်းနည်းနဲ့ ကလိတာ၊ အပ်နဲ့ဆွတာ၊ ဖယောင်းစက်ချတာတွေကလည်း အရေပြားအထိနာစေတာပါပဲ။ ဒါ့ကြောင့် အချစ်သီချင်းတစ်ပုဒ်ထဲက စာသားအတိုင်း နာကျင်အောင် မလုပ်ပါနဲ့လို့ပဲ တိုက်တွန်းလိုက်ပါရစေ။


Dr. Oliver

Credit: ဒေါက်တာ ဦးကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး) 

အာရောဂျံ ARGOYAM ကျန်းမာရေးမဂ္ဂဇင်း၊ အတွဲ ၃၀၂၊ စက်တင်ဘာလ 

၂၀၁၇



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18