Print

ထိရှလွယ်၊ နီရဲလွယ်၊ အလာဂျီဖြစ်လွယ်တဲ့ အသားအရေ

  21-Sep-2020
Preview Image

ထိလွယ်ရှလွယ်တဲ့ အသားအရေ (Sensitive Skin) ဆိုတာ ဘယ်လိုမျိုးလဲ။

          ထိခိုက်လွယ်၊ ပြဿနာဖြစ်လွယ်တဲ့အသားအရေကို “ထိရှလွယ်” တယ်လို့ အတိုခေါ်ကြတာပါ။ ဆေးပညာအရတော့ အဓိပ္ပာယ်ဖွင့်ဆိုချက် အတိအကျ မပေးထားဘူး။ ဒါပေမယ့် အစမှာ ပြောခဲ့သလိုပဲ ပုံမှန်အသားအရေထက် ပိုမိုခံစားလွယ်၊ တုံ့ပြန်မှု ပိုများတယ်၊ ပြဿနာ ပိုဖြစ်လွယ်တဲ့ အသားအရေမျိုးကို ခေါ်ပါတယ်။

          ထိရှလွယ်တဲ့အသားအရေရဲ့ လက္ခဏာတွေကတော့ ပူတာ၊ စူးတာ၊ ယားတာ၊ စပ်တာ၊ နီရဲတာနဲ့ အဖတ်တွေကွာတာတွေပဲ ဖြစ်ပါတယ်။


ထိရှလွယ်တဲ့ အသားအရေက ဘာကြောင့် အလွယ်တကူ နီရဲလာတတ်တာလဲ။

          အရေပြားအတွင်းမှာရှိတဲ့ သွေးကြောတွေဟာ ဗီဇအခံကြောင့် မျက်နှာပြင်နားကပ်နေတယ်။ ပူတာ၊ ပွတ်တာ၊ ရောင်ရမ်းတာတွေ ဖြစ်တဲ့အခါ သွေးကြောကျယ်လာပြီး သွေးလျှောက်တာကြောင့် ပါးပြီးဖြူတဲ့ အသားအရေ အလွယ်တကူ နီရဲလာတာ ဖြစ်ပါတယ်။

          ထိရှလွယ်တဲ့အသားအရေမှာ သွေးကြောထဲက ရောဂါခုခံမှုစနစ်ဟာ အလွယ်တကူ နှိုးဆွခံရတယ်။ ဒါကြောင့် သွေးလျှောက်တာများပြီး ချက်ချင်းလိုအသားအရေနီလာတာ ဖြစ်တယ်။ ရောင်ရမ်းမှုရှိနေသရွေ့ နီရဲနေတာပါ။


ထိရှလွယ်တဲ့ အသားအရေကို ဘယ်လိုကုသမလဲ။

          အတိုချုပ်ကတော့ ဘာပစ္စည်းပဲဖြစ်ဖြစ် သတိထားသုံးပါတဲ့။

·         အလာဂျီဖြစ်စေတာတွေ၊ တုံ့ပြန်မှုများစေတာတွေကို ရှောင်ပါ။ အရောင်၊ အနံ့၊ အဆီ၊ အရက်ပြန်၊ မင်သော်၊ ရွှံ့ဆေး Mask၊ Mint Extract၊ Citrus Extracts စတာတွေပါ။

·         အရေပြားခြောက်ပြီး တင်းသွားစေတဲ့ ပစ္စည်းမျိုးတွေ ရှောင်ပါ။ ဆပ်ပြာ၊ Scrubs စတာတွေပါ။

·         အပူနဲ့ နေရောင်ခြည်ရှောင်ပါ။ နေကာပစ္စည်းအမြဲသုံးပါ။

·         အသားကို အေးမြနေပါစေ။

·         ရေစိုဓာတ်ထိန်းခရင်မ်မှာ အရောင်အနံ့မပါစေနဲ့။

·         အက်ဆစ်ဓာတ်များတဲ့ ပစ္စည်းတွေ ရှောင်ပါ။ သစ်သီးအက်ဆစ်ခရင်မ်တွေကတော့ သုံးနိုင်တယ်။ သတိတော့ ထားရမယ်။

·         ဝက်ခြံလိုဆေးတွေ လိမ်းရင် သတိထားပါ။

·         အသားကို မခြောက်စေနဲ့။ ကာကွယ်တားဆီးမှု ကောင်းစေတဲ့ ပစ္စည်းတွေ အမြဲသုံးပါ။

·         ဘာပစ္စည်းပဲဖြစ်ဖြစ် ‘For Sensitive Skin’ ဆိုတာကို ရွေးချယ်ပါ။

·         ဒါနဲ့လည်း ပြဿနာရှိနေတယ်ဆိုရင် ကျွမ်းကျင်သူ၊ အရေပြားဆရာဝန်တွေနဲ့ ဆွေးနွေးပါ။

Credit : ဒေါက်တာ စိုးဝင်းဦး (အရေပြားအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18