Print

ကလေးများအား အပူလောင်ခြင်း

  24-Feb-2017
Preview Image

ပြက္ခဒိန်၏ တစ်နှစ်တာရက်စွဲများထဲမှ ချမ်းသောကာလများဖြစ်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီ လလောက်အထိ အချိန်ကာလများ၌ အပူလောင်ဖြစ်ပွားသော အရေအတွက်သည် တစ်ဟုန်ထိုး များပြားတတ်ပါ၏။ ထိုအပူလောင်ခြင်း ဖြစ်ပွားမှုများ၏ ၆ဝရာခိုင်နှုန်းကျော်မှာ အသက်အရွယ်အားဖြင့် ခြောက်နှစ်အောက် ကလေးသူငယ်များသာ ဖြစ်တတ်ကြသည်။

 

ထိုသို့ ကလေးသူငယ်များ အပူလောင်ရ ခြင်းသည် မိဘတို့၏ ရင်သွေးငယ် ကလေးများအား လက်လွတ်စပယ် ထားတတ်ခြင်းအပေါ် အခြေခံ နေပေသည်။ တစ်နည်းအားဖြင့် ဆိုရပြန်သော် မိဘတို့၏ သတိထား၊ ဂရုစိုက်မှုတို့ဖြင့် ကလေးသူငယ် လူမမယ်လေးများအား အပူလောင်မှုဖြစ်ပွားခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်သည်ဟု ဆိုလိုရင်းဖြစ်ပါသည်။ 

 

အပူလောင်ခြင်းမဖြစ်အောင် ကာကွယ်စောင့်ရှောက်ခြင်း
အပူလောင်ခြင်းကို ဖြစ်စေတတ်သော အိမ်သုံးပစ္စည်း ကိရိယာများဖြစ်သည့် အဓိကအကျဆုံး အောက်ပါပစ္စည်း ကိရိယာများဖြစ်သည့် အဓိကအကျဆုံး အောက်ပါပစ္စည်း ရှစ်မျိုးခန့်ကို အထူးဂရုစိုက်ရပါမည်။ ယင်းတို့မှာ

 
(၁) မီးဖိုပေါ်ကဆူနေသည့်ရေနွေးကရား
(၂) အငွေ့တထောင်းထောင်းထနေသည့် စားပွဲပေါ်ရှိ စွပ်ပြုတ်၊ ဟင်းချိုရည် စသည်များ
(၃) ရေနွေးဓာတ်ဘူးများ
(၄) ဖျော်ပြီးကာစ လက်ဖက်ရည်၊ ကော်ဖီကွက်များ 
(၅) မီးဖို
(၆) ရေချိုးခန်းမှ ရေနွေးစည်ပိုင်း
(၇) အသင့်စားရန် ပြင်ဆင်ထားသည့် ခေါက်ဆွဲ၊ ကြာဇံပြုတ်များ
(၈) မီးပူ


ဤအရာဝတ္ထုများ သင်၏ကလေးငယ်အား အပူလောင်ခြင်း မဖြစ်အောင် ကာကွယ်စောင့်ရှောက် နိုင်လျှင် သဘာဝအလျှောက် အပူလောင်ရခြင်းဘေးမှ ကင်းဝေးမည်ဖြစ်သည်။

 

အပူလောင်ခြင်းကာကွယ်ဖို့ အကောင်းဆုံးစီမံချက် ခြောက်ခု
(၁) မီးဖိုတွင် ဆူနေသည့် ရေနွေးရှိနေသောကရားကို တင်မထားခြင်း၊ 
(၂) ပူလောင်သော စားသောက်စရာတို့ကို ကလေးသူငယ်ကို လက်လှမ်းမမီသည့် နေရာတွင်ထားခြင်း 
(၃) မီးပူတိုက်ခြင်းကို ကလေးများမရှိသည့်အချိန် (ဝါ) ကလေးများ အိပ်စက်နေချိန်တွင်မှ ပြုလုပ်ခြင်း၊ 
(၄) ရေချိုးခန်းတံခါးကို ပိတ်ထား ပိတ်ထားခြင်း၊ 
(၅) ရေနွေးဓာတ်ဘူး၊ ရေနွေးခွက်စသည်တို့ကို ဘေးကင်းအောင် အစီအမံ ပြုထားခြင်း၊ မလဲမပြိုရအောင် ထားရှိခြင်း၊ 
(၆) ရေနွေးကရားလက်ကိုင်နှင့် အကြော်အလှော် ဒယ်အိုးတို့၏ လက်ကိုင်တို့ကို မီးဖိုချောင်နံရံဘက်သို့ လှည့်ပြီး ကပ်နိုင်သမျှကပ်ထားခြင်း။


ယင်းကိစ္စများကို သတိထား၍ နေ့စဉ် ပြုလုပ်မည်ဆိုလျှင် တတ်နိုင်ပေသော အရာများသာ ဖြစ်ပါ၏။ တစ်စုံတစ်ခု ချွတ်ယွင်းသွား၍ ကလေးသူငယ်များ အပူလောင်မည်ဆိုသော် အပူလောင်သည့်နေရာကို ရှေးဦးစွာ အပူလျော့ပါးအောင် (ဝါ) အေးအောင် ချက်ချင်းပြုလုပ်ပါ။ ထို့နောက် ဆောင်ရွက်စရာရှိသည်များကို အောက်ပါအတိုင်း ခေါင်းအေးအေးထားပြီး တစ်ဆင့်စီပြုလုပ်သွားပါ။ မည်သည့်အခါမျှ ပြာယာမခတ်ပါနှင့်။

 

(၁) အပူလောင်မှု ဖြစ်ပွားသောနေရာကို အတိအကျသိရှိအောင် ပြုလုပ်ရမည်။ အဝတ်အစားများ ချွတ်ပစ်၍ ကိုယ်တွင်းအင်္ဂါများကို သေချာစေ့စပ်စွာ စစ်ဆေးရမည်။

 

(၂) ချက်ချင်းပင်ရေဖြင့် အေးသွားစေရမည်။ ဤအချက်သည် အရေးပေါ်ဆောင်ရွက်ခြင်းသာဖြစ်သည်။ ရေဘုံဘိုင်ကိုဖွင့်၍ အပူလောင်ဒဏ်ရာပေါ်မှ အဝတ်ပါးခံကာ အအေးဓာတ်ပေးထားရမည်။ သို့ရာတွင် မွေးကင်းစ လသားအရွယ် ကလေးဆိုလျှင် အအေးဓာတ်မပေးရပါ။ ဒဏ်ရာကိုရေလောင်းချ၍ ချက်ချင်းပင် ဆေးရုံသို့ပို့ဆောင်ရမည်။

 

(၃) ဆီပူ၊ ပဲငံပြာရည်ပူလောင်လျှင် ဆေးမလိမ်းပါနှင့်။ ဒဏ်ရာကိုဆေးကြော၍ သန့်ရှင်းအောင်ပြုပြီး ပိတ်ပါးစအုပ်ကာဆရာဝန်ထံသို့ သွားရပါမည်။

 

(၄) ဆေးဘက်ဆိုင်ရာက မဟုတ်သည့်သူများ၏ ပြောဆိုစစ်ဆေးမှုကို လက်သင့်မခံဘဲ ဆရာဝန်၏ စစ်ဆေးမှုကိုသာ ခံယူရမည်။ ဘာမှမဖြစ်လောက်သော ဒဏ်ရာကလေးပင် ဖြစ်နေပါစေ။ ဆရာဝန်၏ စစ်ဆေးလမ်းညွှန်မှုကိုတော့ လိုက်နာသင့်လှပေ၏။

 

Healthcare.com.mm
Ref:
ရဲမြင့်နောင်
Health for all magazine, April 2015, Pg. 98-99



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18