ကိုယ်ပေါ်မှအဝတ်အစားများအား မီးစွဲလောင်ခြင်း
24-Feb-2017
ကိုယ်မှ အဝတ်အစား မီးစွဲလောင်ခံရသူအား အောက်ပါအတိုင်း ပြုလုပ်ပေးပါ။
၁။ မီးလောင်သူအား ကြမ်းပြင်သို့ ချက်ချင်းလှဲချခို်င်းပါ။
၂။ ကိုယ်တွင် လောင်နေသည့် မီးတောက်အား ကြီးမားလေးလံသော ရေစွတ်ထားသော စောင်ထူထူဖြင့် အုပ်ချပါ (သို့) အမှုန့်ပါသော မီးသတ်ဆေးဘူးဖြင့် ဖျန်းပေးပါ။
• မီးလောင်ခံရသည့်လူနာအား ကြမ်းပြင်ပေါ်တွင် ထားရှိစဉ် အပေါ်မှ နိုင်လွန်စ မလွှားပေးရ။ နိုင်လွန်စကြောင့် မီးလောင်ဒဏ်ရာအား ပိုမိုဆိုးရွားစေပါသည်။
မီးလောင်ခံရသည့် လူနာ၏ကိုယ်ပေါ်၌ မီးငြိမ်းသွားပြီဆိုပါက အချိန်မဆိုင်းဘဲ ချက်ချင်းအေးသွားအောင် ရေဖြင့်လောင်းချပေးပါ။
၁။ မီးအရှိန်ကြောင့် ပူလောင်နေသည့် အဝတ်အစားများက အရေပြားအား ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခြင်းကြောင့် ရေအေးအေးဖြင့် လောင်းချပြီး အေးသွားသည့်အခါမှ အဝတ်အစားများကို ဖယ်ရှားပါ။
၂။ မီးလောင်ခံရသူအား ပထမအကြိမ် ရေလောင်းပေးပြီးသည်နှင့် နောက် ၁၀ မိနစ်ကြာပါက တစ်ကြိမ်လောင်းပေးပါ။
၃။ လူနာအဖို့ မီးလောင်သည့် အရှိန်ပြေသွားသည်နှင့် သူနာတင်ကားခေါ်၍ ဆေးရုံပို့နိုင်ရန် ကြိုတင်ပြင်ဆင်ပေးပါ။
၄။ လူနာကောင်းစွာ အသက်ရှူနိုင်ခြင်းရှိမရှိ အသက်ရှူလမ်းကြောင်းအား စစ်ဆေးပါ။
၅။ မီးလောင်ခံရသည့် ဒဏ်ရာများအား ကူးစက်ရောဂါပိုး မဝင်ရောက်နိုင်ရန် သန့်ရှင်းသော အဝတ်စဖြင့် ဖုံးလွှမ်းပေးထားပါ။
၆။ လူနာအား ရေတစ်ငုံချင်းစီ (နည်းနည်းနှင့် ခဏခဏတိုက်ပေးပါ)။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဦးသိန်းအောင်လှိုင် (ဆေးပညာ)
ရှေးဦးသူနာပြုစုနည်းစာအုပ်မှ ကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
