ညညအိပ်ယာပေါ် ဖုန်း screen မှတဆင့် စာဖတ်တာဟာ သင့်အား ထိခိုက်မှုဖြစ်စေနိ...
24-Feb-2017
ညမအိပ်ခင် အီလက်ထရွန်းနစ် ပစ္စည်းဖြင့် စာဖတ်တာ အားအင်တွေကုန်ခမ်းစေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြထားပါတယ်။ Smart Phone, eReader, iPadသို့မဟုတ် အိပ်ယာပေါ် အသုံးပြုလို့ရတဲ့ တခြားအီလက်ထရွန်းနစ် ပစ္စည်းတွေနဲ့ စာဖတ်တာ မိမိရဲ့ပုံမှန်သဘာဝ အလေ့အထတွေကို အနှောင့်အယှက်ဖြစ်စေပြီး အိပ်မောကျဖို့ အခက်အခဲများဖြစ်စေပါတယ်။ screen ရဲ့အလင်းရောင်ကြောင့် အိပ်စက်လိုစိတ်ကို ဖြစ်ပေါ်စေတဲ့ဟော်မုန်းပမာဏကို ထိခိုက်စေပါတယ်။ Screen များကနေတဆင့် စာဖတ်တာ နောက်တစ်နေ့ နိုးကြားလန်းဆန်းမှုကို လျော့နည်းစေနိုင်ပြီး အကျိုးနည်းတဲ့ အခြေအနေကို ဖန်တီးဖြစ်ပေါ်စေနိုင်ပါတယ်။ ယင်းလေ့လာမှုမှာ ညမအိပ်ခင် ပုံနှိပ်စာလုံးဖြင့် သို့မဟုတ် iPad အသုံးပြုပြီး စာဖတ်သူတွေ ပါဝင်ထားပါတယ်။ iPad အသုံးပြုပြီး စာဖတ်တဲ့သူတွေဟာ အအိပ်ပိုနည်းကြပြီး လန်းဆန်းနိုးကြားမှု နည်းပါးကာ ဟော်မုန်းတွေလျော့နည်းကြပါတယ်။
အလင်းရောင်ကာကွယ်ပေးသော app များက အကူအညီဖြစ်စေနိုင်ပြီး Android ပစ္စည်းတွေမှာ အဆိုပါပြဿနာတွေအတွက် အကူအညီဖြစ်စေနိုင်တဲ့ app တစ်ခုရှိပါတယ်။ Apple ထုတ် ပစ္စည်းတွေမှာတော့ screen အလင်းရောင်စစ်ကိရိယာ(screen filter) တစ်ခု ဝယ်ယူဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကွန်ပျူတာ အတွက်လည်း app တစ်မျိုး ရှိပါတယ်။ အဲဒီဟာက အိပ်ယာပေါ် အီလက်ထရောနစ်ပစ္စည်းနဲ့ မကင်းမကွာ အသုံးပြုနိုင်မယ့် အရာတွေဖြစ်ပါတယ်။ သို့မဟုတ်ပါက ညမအိပ်ခင် Screen ဖြင့် စာဖတ်ခြင်းကို ရှောင်ပြီး သီချင်းနားထောင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း သို့မဟုတ် နွားနို့ပူပူလေးသောက်ခြင်းစသဖြင့် တခြား အိပ်ပျော်စေမယ့်နည်းလမ်းတွေ လုပ်ကြည့်ပါ။ အရင်ကတည်းက သိပြီးဖြစ်သည့်အတိုင်း အိပ်ရေးဝဝ မအိပ်ခြင်းကြောင်း လေဖြတ်ခြင်း၊ ဆီးချိုရောဂါတွေနဲ့ တခြားပြင်းထန်တဲ့ ရောဂါမျိုးစုံဖြစ်စေနိုင်ပါတယ်။
Healthcare.com.mm
Ref: healthyfoodstar
Source: TrendMyanmar
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
