အစာအိမ်နာပိုးဆိုတာ ဘာလဲ
25-Feb-2017H.pylori (Helicobacter pylori )ဆိုသည်မှာ အစာအိမ်အား ကူးစက်သော bacteria တစ်မျိုး ဖြစ်သည်။ ၎င်းင်းတို့၏ ထူးခြားချက်မှာ အစာအိမ်မှ ထုတ်သောအက်ဆစ်
(hydrochloric acid) ဒဏ်ကို ခံနိုင်ရန် ့Urease အင်ဇိုင်းကို ထုတ်ကာ အက်ဆစ်ကို တန်ပြန်ရန် Urea ကို ammonia အဖြစ် ပြောင်းလဲပြီး အစာအိမ်ထဲတွင် ကြာရှည်နေ ထိုင်ကာ လူအား ဒုက္ခပေးတော့သည်။ ံ. H.pylori ကူးစက်ခံရမှုအကျဉ်းH.pylori သည် လူတစ်ဦးထံမှ အခြားတစ်ဦးဆီသို့ အောက်ပါနည်း လမ်းများဖြင့် ကူးစက်တတ်သည်။
(၁) တံတွေး (saliva)
(၂) မသန့်ရှင်းသော သောက်ရေနှင့် အစားအစာ(Faecal contamination)
(၃) တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း (poor hygiene pratice)
အိမ်တွင် အစားအသောက် ချက်ပြုတ်ပြင်ဆင်သူများ၏ မသန့် ရှင်းမှုမှတစ်ဆင့် ကလေးသူငယ်များ သို့ ကူးစက်တတ်သည်။ ံ H.pylori သည် အစာအိမ်နှင့် အူသိမ်နာ (gastric & duodenal ulcers) များဖြစ်စေသော အဓိကအကြောင်း တစ်ခုဖြစ်သည်။
ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံ ခန့်သည် ံ. H.pylori bacteria ကူးစက်ခံထားရသည်။ အများစုမှာ ငယ်စဉ်ကတည်းက ကူးစက်ခံထားရ ပြီး မိမိကိုယ်တွင် ရောဂါပိုးရှိမှန်း မသိကြပေ။ အစာအိမ်နှင့် ပတ်သက် သော ရောဂါလက္ခဏာများ ခံစား လာရချိန်
တွင်မှသာလျှင် ရောဂါပိုးရှိ ကြောင်း သိရှိကြသည်။ H.pylori ရဲ့ ရောဂါလက္ခဏာ များ
(၁) အစာအိမ်နေရာတွင် အောင့် ခြင်း၊ နာခြင်း၊ ပူလောင်နေခြင်း၊
(၂) အစာမကြေခြင်း၊ လေချဉ်တက် ခြင်း၊
(၃) ဗိုက်နာခြင်းသည် အစာမရှိချိန်တွင် နာခြင်း၊ (ဥပမာ မနက်စောစော အိပ်ရာထချိန်၊ အစာ စားချိန်တွင် မစားခြင်း)
(၄) ကိုယ်အလေးချိန်လျော့ခြင်း
(၅) ပိုမိုုပြင်းထန်ပါက အန်ခြင်း၊ သွေးအန်ခြင်း၊ ဝမ်းထဲ သွေးပါခြင်း တို့ ဖြစ်နိုင်ပါသည်။
တစ်ချို့သော ရောဂါပိုးရှိသူ များတွင် မည်သည့် ရောဂါလက္ခဏာ များ ပြလေ့မရှိပါ။
H.pylori ၏ ကူးစက်ပျံ့နှံ့ပုံလူတစ်ဦးမှ တစ်ဦးဆီသို့ တံတွေးမှလည်းကောင်း၊ မသန့်ရှင်း သော အစားအစာနှင့်ရေမှတစ်ဆင့် ဖြစ်စေ၊ လက်မဆေးခြင်း အစရှိသော
တစ်ကိုယ်ရေသန့်ရှင်းမှုမရှိသောသူ များမှ တစ်ဆင့် Fecal-oral route ခေါ် ပါးစပ်မှတစ်
ဆင့် ကူးစက်ခြင်း ဖြင့် ငယ်စဉ်ကတည်းက ကူးစက်ခံရ လေ့ရှိသည်။ဘယ်အချိန်တွင် ဆရာဝန်နှင့် သွား ရောက်တိုင်ပင်ဆွေးနွေးသင့်သလဲ အစာအိမ်ရောင်ရမ်းခြင်းနှင့် အစာအိမ်အနာရောဂါဝေဒနာ လက္ခဏာများခံစားနေရပါက ဆရာဝန်နှင့် ဆွေးနွေး
တိုင်ပင်ပြီး လိုအပ်ပါက ရောဂါပိုးရှိမရှိ စမ်းသပ်မှုများ ပြုလုပ်သင့်ပါသည်။
Investigations စမ်းသပ်မှုများ
(၁) blood test (သွေးထဲတွင် ရောဂါပိုး၏ အစိတ်အပိုင်းကို စစ်ခြင်း)
(၂) breath test (ရှုထုတ်သောလေထဲ တွင် ပါဝင်သော Urea ပမာဏကို စစ်ခြင်း)
(၃) biopsy urease test (အသားစ စစ်ဆေးခြင်း)
(၄) Culture of biopsy specimen for H.pylori (ပိုးမွေးခြင်း)
ဝမ်းထဲတွင် သွေးပါခြင်း (သို့ မဟုတ်) သွေးအန်ခြင်းများ ဖြစ်ပါက ဆရာဝန်နှင့် အရေးပေါ်တိုင်ပင် ဆွေးနွေးကုသမှု ခံယူသင့်ပါသည်။
ကုသမှု
- ပိုးသတ်ဆေးနှင့် သောက်သုံးခြင်း ( antibiotic therapy)
- အစာအိမ်အက်စစ်ဓာတ်လျော့ချ ဆေး (PPI) များကို ဆရာဝန်ညွှန် ကြားသော အကြိမ်အရေအတွက်၊ ပမာဏအတိုင်း သတ်မှတ်ပေးထား သော အချိန်အတိုင်းအတာ ဥပမာ ၁၄ ရက် သောက်သုံးခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။ H.pylori ကူးစက်ခြင်း
ပျောက်ကင်းမှုရှိမရှိကို အထက််ဖော် ပြပါ စမ်းသပ်မှုများပြန်လည်ပြုလုပ်၍ သိရှိနိုင်
ပါသည်။ သတိပြုရန်တစ်ချက် မှာ ရောဂါပျောက်ကင်းသွားပြီး နောက် ပြန်လည်
ခံရမှုနှုန်းမှာ ၃နှစ် အကြာတွင် ၃၀ ရာခိုင်နှုန်းခန့် ရှိသည်။
Ref:
Dr. A.Z
Up To Date Helicobac
Health Updates Journal
No. 174
Source: CDC . Infection Diseases Related to Travel Monthly Presribies
Source.
The University of Arizona . H.Pylori TRAMISMISSION AND SPREAD OF INFECTION.