ကွမ်းစားနှပ်ဆေးရည် များသည် ကျန်းမာရေးကို ထိခိုက်စေနိုင်
25-Feb-2017မြန်မာ့ရိုးရာ ဧည့်ခံ အစားအသောက် များတွင် ကွမ်း ၊ ဆေး ၊ လက်ဖက် ဟူ၍ ဆိုစကား ရှိသည်။ ကွမ်းယာသည် မြန်မာမှုတွင် ဧည့်ခံပစ္စည်း ဖြစ်သော်လည်း ယနေ့ ကာလတွင် စီးပွားဖြစ် ရောင်းချလျက်ရှိသော ရောင်းကုန်တစ်ခု ဖြစ်လာသည်။ ကွမ်းယာ ကို နှစ်ခြိုက်ခုံမင်စွာ စားသုံးလေ့ရှိသော ခေတ်လူငယ်များသည် နှပ်ဆေးရည်များဖြင့် စားသုံးလေ့ရှိရာ ၄င်း နှပ်ဆေးရည်အား ရေရှည်စွဲ၍ စားသုံးမိပါက အစာအိမ်အူလမ်း
ကြောင်း ကင်ဆာ ဖြစ်ပေါ် စေနိုင်ကြောင်း အစာအိမ် နှင့် အူလမ်းကြောင်း ဆိုင်ရာ အထူးကု ဆရာဝန်တစ်ဦးက ပြောပြသည်။ " ကွမ်းစား နှပ်ဆေးရည် တွေက အစားအသောက် နဲ့ ဆေးဝါးဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှု ရဲ့ ခွင့်ပြုချက် ရယူပြီး ထုတ်လုပ် ထားတဲ့ စားသောက် ကုန်စည် မဟုတ်သလို ဓာတုဗေဒ ဒြပ်ပေါင်း ပစ္စည်း အချို့နဲ့ ရောစပ် ထုတ်လုပ် ထားတာကြောင့် စားသုံးမိပါက ကျန်းမာရေး ထိခိုက် စေနိုင် ပါတယ် ... " ဟု အဆိုပါ အထူးကု ဆရာဝန်ကြီးက ဆက်လက်၍ ပြောပြသည်။
ကွမ်းစား နှပ်ဆေးရည် များအား ရေရှည် စားသုံးခြင်းကြောင့် အစာအိမ် အူလမ်းကြောင်း
အတွင်း ကင်ဆာဖြစ်၍ ဆေးဝါး ကုသမှု ခံယူသူ များစွာ ရှိခဲ့ရာ ၁၅ ရာခိုင်နှုန်း သာလျှင် အသက်ရှင် ကျန်းမာပြီး ကျန် ၆၅ ရာခိုင်နှုန်း မှာ လူ့သက်တမ်းစေ့ နေထိုင် နိုင်ခြင်း မရှိ
ကြောင်း စောင့်ကြည့် လေ့လာ နေသူများ၏ မှတ်တမ်းအရ သိရသည်။ အဆိုပါ ကွမ်းစား
နှပ်ဆေးရည် များသည် သဘာဝ မဟုတ်သော အနံ့အသက် များနှင့် သဘာဝ မဟုတ်သော အချို အရသာ ဓာတ်များအား ရောစပ် ထုတ်လုပ်ထားရာ ဓာတုဗေဒ ဒြပ်ပေါင်းအချို့ ပါဝင်
လျက် ရှိသည်ကို စမ်းသပ် တွေ့ရှိရကြောင်း ၊ ၄င်း ဒြပ်ပေါင်းစု များတွင် လူ၏ ကိုယ်ခန္ဓာ အတွင်းပိုင်းရှိ အစိတ်အပိုင်း များအား ချေဖျက်နိုင်သည့် ဒြပ်ပေါင်းစု များလည်းပါဝင်ကြောင်း
၊ ယင်းကြောင့် ပါးစောင် ကင်ဆာ နှင့် လည်ချောင်း ကင်ဆာ များ ဖြစ်ပွား ရသည်ဟု သုတေသန စာတမ်းများက ဆိုသည်။ ကွမ်းစား နှပ်ဆေးရည် ဖော်စပ်ရာတွင် အဓိက မရှိ
မဖြစ် လိုအပ်သည်မှာ ဆေးရွက်ကြီး ဖြစ်သည်။ ၄င်း ဆေးရွက်ကြီး ၏ ရုက္ခဗေဒ အမည်
ရင်းမှာ နီကိုရှားနား တေဗကန် ( Nicotianna Tabaccum ) ဟု ခေါ်ထွင်၍ ဆိုလင်းနေးစီး ( Solanaceae ) ခရမ်းမျိုးရင်းဝင် အပင် တစ်မျိုးဖြစ်သည်။ ၄င်း၏ မူလ သဘောအရ အဆိပ်အတောက် များကို ပယ်စေနိုင်သော သတ္တိ ရှိသော်လည်း ဓာတုဗေဒ ဒြပ်ပေါင်း
များ နှင့် ရောစပ် သုံးစွဲခြင်းကြောင့် လူ၏ ကျန်းမာရေး ကို ထိခိုက် စေခြင်း ဖြစ်ကြောင်း သိရှိရသည်။
Healthcare.com.mm
Ref:
ကိုတိုး (ချင်းတွင်း)