Print

ငါးစားနှုန်းများသူများအသက်ရှည်နိုင်

  25-Feb-2017
Preview Image

အသက်ကြီးသူတွေမှာ ငါးများများစားသူတွေဟာ ပင်လယ်စာ အစားနည်း သူတွေထက် အသက်ပိုရှည်နိုင်တယ်လို့ လေ့လာမှုအရ တွေ့ရှိခဲ့ရပါတယ်။ ငါးမှရရှိတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် အဆင့်မြင့်မားစွာရှိသူတွေဟာ အိုမီဂါ ၃ အဆင့်နည်းစွာ ရရှိသူတွေထက် အကြောင်းကြောင်းကြောင့် သေဆုံးနိုင်ခြေ၂ရရာခိုင်နှုန်းနဲ့ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၃၅ ရာခိုင်နှုန်း လျော့နည်းတယ်လို့ တွေ့ရှိထားပါတယ်။ 

 

အမေရိကန်မှ သုတေသီတွေက အသက် ၆၅ နှစ်ကျော်သူတွေကို ၁၆ နှစ် ကြာလေ့လာမှုပြုလုပ်ခဲ့ပါတယ်။ ဆယ်လ်မွန်၊ တူနာ၊ ငါးသေတ္တာ၊ ငါးသလောက်နဲ့ ငါးကွမ်းရုပ်လိုမျိုး ငါးတွေမှာပါဝင်တတ်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေ သွေးထဲ မှာ မြင့်မားစွာရှိသူတွေဟာ သွေးထဲမှာ အဆင့်နည်းစွာရှိသူတွေထက် ပျှမ်းမျှအားဖြင့် ၂ ဒသမ ၂ နှစ် အသက်ပိုရှည်တယ်လို့ ဆိုပါတယ်။ 

 

အိုမီဂါ ၃ ထဲမှာပါဝင်တဲ့ DHA ဟာ နှလုံးသွေးကြောရောဂါကြောင့် သေဆုံးနိုင်ခြေ နည်းပါးတာနဲ့ သိသိသာသာဆက်စပ်မှုရှိပြီး EPAဟာ နှလုံးတိုက်ခိုက်ခံရတာကြောင့်သေဆုံးနိုင်ခြေ နည်းပါးတာနဲ့ ဆက်စပ်မှုရှိကာ DPA မှာမူ လေဖြတ်တာကြောင့် သေ ဆုံးနိုင်ခြေနည်းပါးတာနဲ့ သိသိသာသာ ဆက်စပ်မှုရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arpgyam magazine, June 2013, No.251, Pg.156

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18