အန်လို့တက်ခြင်း
27-Feb-2017
ရံဖန် ရံခါဖျားပြီး အရမ်းအန်တတ်ကြပါသည်။ ဗိုက်က နာသည်လည်းရှိပါသည်။ မနာသည်လည်းရှိပါသည်။ အန်သောအခါ အရောင်လည်း ပြောင်းတတ်ပါသည်။ ကော်ဖီနှစ်ရောင် အန်လျှင် အစာလမ်းကြောင်း သွေးယိုသည့်လက္ခဏာ ဖြစ်သဖြင့် သွေးလွန်တုပ်ကွေးဖြစ်ကြောင်း အတိအကျ ပြောနိုင်ပါသည်။ သို့ရာတွင် အခြား အစာအရည်များ တရစပ် အန်နေလျှင်မူကား၊ အထက်လှန် အောက်လျှောများလား၊ ဦးနှောက်အမြှေးရောင်ရောဂါများလားဟု ယုံမှားခြင်းများစွာ ဖြစ်လာနိုင်အောင် သွေးလွန်တုပ်ကွေးရောဂါက လှည့်စားပြန်ပါသည်။
အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် အသက် ၁၀ နှစ်အထက် ကလေးများတွင် သွေးလွန်တုပ်ကွေးရောဂါသည် ရံဖန်ရံခါ ထိုရောဂါ၏ အကျိုးဆက်ဖြစ်သော ဦးနှောက်ရောင်ခြင်း (Encephalitis) ၏ လက္ခဏာများဖြင့် လာတတ်ကြပါသည်။ ကလေးသည် ဖျားပြီး နှစ်ရက်၊ သုံးရက်ကြာလျှင် အဖျားလည်း ဆက်ကြီးပြီး၊ မကြာခဏတက်ခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ သတိလစ်ခြင်းများ ဖြစ်တတ်ရာ မည်သူကမှ သွေးလွန်တုပ်ကွေးဟု မထင်ဘဲ ဦးနှောက်နှင့်ဆိုင်သော ရောဂါများဟုသာ ထင်ကြပေမည်။ ဤသို့သော လှည့်စားမှုဖြင့်လည်း ဒုက္ခပေးတတ်သော ရောဂါပင်ဖြစ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာယုဇနစောမြင့်
(ကလေးအထူးကုဆရာဝန်ကြီး)
Health for all magazine, April 2016, Pg. 11
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
