အပိတ်ကျိုးခြင်း (closed fracture)
27-Feb-2017
အရေပြားပေါက်ပြဲခြင်း မရှိပဲ ကျိုးခြင်းဖြစ်သည်။
အပိတ်ကျိုးခြင်း လက္ခဏာများ
၁။ အရိုးကျိုးသော အရေပြားတစ်ဝိုက် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီးမြန်းခြင်း။
၂။ အရိုးကျိုးသော အစိတ်အပိုင်း အထိမခံနိုင်ခြင်း၊ လှုပ်ရှားလျှင် နာကျင်ခြင်း။
၃။ လုံးဝ မလှုပ်ရှားနိုင်ခြင်း။
၄။ ပုံသဏ္ဍာန်ပြောင်းခြင်း။
၅။ သဘာဝအတိုင်း မလှုပ်ရှားနိုင်ခြင်း။
အပိတ်ကျိုးခြင်း ပြုစုခြင်း
(၁) လှုပ်ရှားမှု နည်းနိုင်သမျှနည်းအောင် ပြုစုပါ။
(၂) နာကျင်မှု သက်သာစေရန်နှင့် လှုပ်ရှားမှု မရှိစေရန် ကျိုးသောအရိုး၏ အထက်ဘက်အဆစ်တွင် တစ်ချက်၊ အောက်ဘက်အဆစ်တွင်တစ်ချက်၊ ကြပ်ခံ၍ ပတ်တီးစည်းပါ။
(၃) ကျိုးသောအရိုးပေါ် တည့်တည့်တွင် ပတ်တီးမစည်းရပါ။ (ပတ်တီးအစသပ်သောအထုံးကို ဒဏ်ရာနှင့်ဝေးသော ဘက်တွင် ချည်နှောင်ပါ)
(၄) သွေးဆုတ်သွေးလန့်ခြင်းရှိပါက ပြုစုပါ။ သွေးဆုတ်သွေးလန့်ခြင်းကို ပြုစုရာတွင် ခြေထောက်ကျိူးနေသော လူနာအား ကြပ်စည်းပြီးမှမြှင့်ပါ။
(၅) ဆေးရုံဆေးခန်းသို့ ပို့ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

